Thursday, July 30, 2015

ပြည်ပသို့ခိုးထုတ်မည့် ကျောက်စိမ်းတုံးများ ဖမ်းဆီးရမိ ===================================

ပြည်ပသို့ခိုးထုတ်မည့် ကျောက်စိမ်းတုံးများ ဖမ်းဆီးရမိ =================================== မူဆယ် ဇူလိုင် ၂၉ မြန်မာ့ကျောက်မျက်ရတနာများကို ပြည်ပသို့ တရား မဝင် ခိုးထုတ်မှုများမရှိရေးအတွက် မူဆယ် ရွေ့လျား လှုပ်ရှားမှုအဖွဲ့က အထူးကြီးကြပ်၍ စီမံချက်ချပြီး ဆောင်ရွက်လျက် ရှိရာ အေးရှားဝေါလ်တိုးဂိတ်(မူဆယ်)အနီး ပြည်ထောင်စု လမ်းမပေါ်၌ ပြည်ပသို့ ခိုးထုတ်ရန် သယ်ဆောင်လာသည့် ကျောက်စိမ်းတုံးများ စုစုပေါင်း တန်ဖိုး ကျပ်သိန်း ၁၅ဝဝ ကျော်ကို ဇူလိုင် ၂၂ ရက်နှင့် ၂၃ ရက်က ဖမ်းမိခဲ့ကြောင်း သိရသည်။ ဇူလိုင် ၂၂ ရက် ညနေ ၄ နာရီခန့်တွင် အေးရှားဝေါလ် တိုးဂိတ်(မူဆယ်)အနီး ပြည်ထောင်စုလမ်းမပေါ်၌ ရွေ့လျားလှုပ်ရှားမှုအဖွဲ့က စစ်ဆေးဆောင်ရွက်နေစဉ် မန္တလေးဘက်မှဝင်လာသော VIGO အမှတ် 4J---- ယာဉ်ပေါ်မှ အိတ် ၁၅ အိတ်ဖြင့် ထည့်လာသည့် ကျောက် စိမ်းတုံးများ ခန့်မှန်းတန်ဖိုး ကျပ် ၈ဝ၈ သိန်းကျော်ကို လည်းကောင်း၊Isuzu D-Max အမှတ် 2I---- ယာဉ်ပေါ်မှ အိတ် ၁၁ အိတ်ဖြင့် သယ်ယူ လာသော ကျောက်စိမ်းတုံးများ ခန့်မှန်းတန်ဖိုး ကျပ် ၆၇၄ သိန်းကျော်ကိုလည်းကောင်း ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ ဇူလိုင် ၂၃ ရက် ညနေ ၄ နာရီခွဲခန့်တွင်လည်း အဆိုပါ လမ်းမပေါ်၌ မောင်းနှင်လာသည့် Mark IIှု အမှတ် ဃဃ/---- ယာဉ်ပေါ်တွင် တင်ဆောင်လာသော အိတ် နှစ်အိတ်အတွင်းမှ ခန့်မှန်းတန်ဖိုး ကျပ် ၁၁၆ သိန်းခန့်ရှိ သော ကျောက်စိမ်းတုံးများကိုလည်းကောင်း ထပ်မံဖမ်းဆီး ရမိခဲ့ကြောင်း သိရသည်။ ထို့ကြောင့် ဇူလိုင် ၂ဝ ရက်မှ ၂၅ ရက်အထိ တစ်ပတ်အတွင်း ခန့်မှန်းတန်ဖိုး ကျပ် ၁၅၉၉ သိန်းကျော်ရှိ ကျောက်စိမ်းတုံးများကို မူဆယ် Mobile Team က နိုင်ငံတော်ပိုင်အဖြစ် သိမ်းဆည်းနိုင်ခဲ့ ကြောင်း သိရသည်။ အယ်လ်စိုး(မူဆယ်) ပြည်ပသို့ခိုးထုတ်မည့် ကျောက်စိမ်းတုံးများ ဖမ်းဆီးရမိ =================================== မူဆယ် ဇူလိုင် ၂၉ မြန်မာ့ကျောက်မျက်ရတနာများကို ပြည်ပသို့ တရား မဝင် ခိုးထုတ်မှုများမရှိရေးအတွက် မူဆယ် ရွေ့လျား လှုပ်ရှားမှုအဖွဲ့က အထူးကြီးကြပ်၍ စီမံချက်ချပြီး ဆောင်ရွက်လျက် ရှိရာ အေးရှားဝေါလ်တိုးဂိတ်(မူဆယ်)အနီး ပြည်ထောင်စု လမ်းမပေါ်၌ ပြည်ပသို့ ခိုးထုတ်ရန် သယ်ဆောင်လာသည့် ကျောက်စိမ်းတုံးများ စုစုပေါင်း တန်ဖိုး ကျပ်သိန်း ၁၅ဝဝ ကျော်ကို ဇူလိုင် ၂၂ ရက်နှင့် ၂၃ ရက်က ဖမ်းမိခဲ့ကြောင်း သိရသည်။ ဇူလိုင် ၂၂ ရက် ညနေ ၄ နာရီခန့်တွင် အေးရှားဝေါလ် တိုးဂိတ်(မူဆယ်)အနီး ပြည်ထောင်စုလမ်းမပေါ်၌ ရွေ့လျားလှုပ်ရှားမှုအဖွဲ့က စစ်ဆေးဆောင်ရွက်နေစဉ် မန္တလေးဘက်မှဝင်လာသော VIGO အမှတ် 4J---- ယာဉ်ပေါ်မှ အိတ် ၁၅ အိတ်ဖြင့် ထည့်လာသည့် ကျောက် စိမ်းတုံးများ ခန့်မှန်းတန်ဖိုး ကျပ် ၈ဝ၈ သိန်းကျော်ကို လည်းကောင်း၊Isuzu D-Max အမှတ် 2I---- ယာဉ်ပေါ်မှ အိတ် ၁၁ အိတ်ဖြင့် သယ်ယူ လာသော ကျောက်စိမ်းတုံးများ ခန့်မှန်းတန်ဖိုး ကျပ် ၆၇၄ သိန်းကျော်ကိုလည်းကောင်း ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ ဇူလိုင် ၂၃ ရက် ညနေ ၄ နာရီခွဲခန့်တွင်လည်း အဆိုပါ လမ်းမပေါ်၌ မောင်းနှင်လာသည့် Mark IIှု အမှတ် ဃဃ/---- ယာဉ်ပေါ်တွင် တင်ဆောင်လာသော အိတ် နှစ်အိတ်အတွင်းမှ ခန့်မှန်းတန်ဖိုး ကျပ် ၁၁၆ သိန်းခန့်ရှိ သော ကျောက်စိမ်းတုံးများကိုလည်းကောင်း ထပ်မံဖမ်းဆီး ရမိခဲ့ကြောင်း သိရသည်။ ထို့ကြောင့် ဇူလိုင် ၂ဝ ရက်မှ ၂၅ ရက်အထိ တစ်ပတ်အတွင်း ခန့်မှန်းတန်ဖိုး ကျပ် ၁၅၉၉ သိန်းကျော်ရှိ ကျောက်စိမ်းတုံးများကို မူဆယ် Mobile Team က နိုင်ငံတော်ပိုင်အဖြစ် သိမ်းဆည်းနိုင်ခဲ့ ကြောင်း သိရသည်။ အယ်လ်စိုး(မူဆယ်)

No comments: