Thursday, July 30, 2015

မန်းရွှေစက်တော်ရာဘုရား ပါဒအောက်စက်တော်ရာ ခြေတော်ရာမြတ် ဖန်အုပ်ဆောင်းတော်အထိ ရေဖုံးလွှမ်း ==========================

မန်းရွှေစက်တော်ရာဘုရား ပါဒအောက်စက်တော်ရာ ခြေတော်ရာမြတ် ဖန်အုပ်ဆောင်းတော်အထိ ရေဖုံးလွှမ်း ============================================ မင်းဘူး ဇူလိုင် ၂၉ မကွေးတိုင်းဒေသကြီး မင်းဘူး(စကု)မြို့နယ်အတွင်းရှိ မန်းရွှေစက်တော် ဘုရားကြီး၏ ပါဒအောက်စက်တော်ရာခြေတော်ရာမြတ်အား ဇူလိုင် ၂ဝ ရက်မှစ၍ မိုးသည်းထန်စွာရွာသွန်းမှုများကြောင့် နမ္မဒါမန်းချောင်းရေမြင့် တက်လာကာ ဇူလိုင် ၂၇ ရက်တွင် ဖန်အုပ်ဆောင်းတော်မြတ်အတွင်းထိ ရေများဖုံးလွှမ်းသွားခဲ့သည်။ မန်းချောင်းရေတက်လာကာ ယခင်နှစ်များထက် ပိုမိုမြင့်တက်လာပြီး မိုးအဆက်မပြတ် ရွာသွန်းမှုများကြောင့် ဆက်လက်မြင့်တက်လာနိုင်ဖွယ်ရှိ ကြောင်း ယခုလက်ရှိ အောက်စက်တော်ရာရင်ပြင်တော်ပေါ်သို့ မန်းချောင်း ရေဖုံးလွှမ်းလျက်ရှိနေပြီး ပျက်စီးဆုံးရှုံးမှုများမရှိသေးကြောင်း၊ ပုသိမ်-မုံရွာကား လမ်းမှ မန်းရွှေစက်တော်ရာသို့ အဝင် ၃ မိုင်လမ်းခွဲရှိ ယာယီတံတားများလည်း ပျက်စီးမျောပါသွားသဖြင့် (၈)မိုင်လမ်းမှ အထက်စက်တော်ရာသို့ လာရောက်ဖူး မျှော်နိုင်ကြောင်း၊ ဂေါပကအဖွဲ့ဝင် ဦးကျော်စိန်ဝင်း၏ ပြောပြချက်အရ သိရ သည်။ နမ္မဒါဟု အမည်တွင်သော မန်းချောင်းသည် ငဖဲမြို့နယ်၏ အနောက် တောင်ဘက် (အထက်ဘက်)မှ စတင်၍စီးဆင်းလာရာ ၄င်းမန်းချောင်းရေအား မန်းချောင်း ရေလှောင်တမံမှ သိုလှောင်ထိန်းသိမ်းထားရှိပြီး မင်းဘူး(စကု)မြို့နယ်အတွင်းရှိ လယ်ယာမြေများနွေစပါး အောင်ရေအပြည့်အဝပေးဝေနိုင်ရန် အိုင်းမရေလွှဲဆည်မှတစ်ဆင့် တောင်မန်းမြောင်းမကြီး၊ မြောက်မန်းမြောင်းမ ကြီးတို့ဖြင့် ဖြန့်ဝေပေးနေလျက်ရှိသည်။ ၂ဝ၁၆ ခုနှစ် နွေစပါးစိုက်ပျိုးရာသီတွင် စိုက်ပျိုးရေအပြည့်အဝသိုလှောင်ထားနိုင်ပြီး ရေပိုလွှဲပေါက်များမှတစ်ဆင့် စီးဆင်းသော မန်းချောင်းရေများကြောင့် မန်းရွှေစက်တော်ရာဘုရား အောက် စက်တော်ရာမြတ်အား ရေဖုံးလွှမ်းသည်အထိ မြင့်တက်လျက်ရှိနေကြောင်း နှင့် ပါဒအောက်စက်တော်ရာခြေတော်ရာမြတ်အား ဘုရားကြီး၏ ဂေါပကအဖွဲ့ဝင်များနှင့်သက်ဆိုင်ရာ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ဘုရားကြီးအနီး ရှိကျေးရွာ များမှ အရန်မီးသတ်တပ်ဖွဲ့ဝင်များမှ ရေကင်းများချထား၍ အထူးစောင့်ရှောက်လျက်ရှိကြောင်း သိရသည်။ တင်ထွန်းဦး(မင်းဘူး) မန်းရွှေစက်တော်ရာဘုရား ပါဒအောက်စက်တော်ရာ ခြေတော်ရာမြတ် ဖန်အုပ်ဆောင်းတော်အထိ ရေဖုံးလွှမ်း ============================================ မင်းဘူး ဇူလိုင် ၂၉ မကွေးတိုင်းဒေသကြီး မင်းဘူး(စကု)မြို့နယ်အတွင်းရှိ မန်းရွှေစက်တော် ဘုရားကြီး၏ ပါဒအောက်စက်တော်ရာခြေတော်ရာမြတ်အား ဇူလိုင် ၂ဝ ရက်မှစ၍ မိုးသည်းထန်စွာရွာသွန်းမှုများကြောင့် နမ္မဒါမန်းချောင်းရေမြင့် တက်လာကာ ဇူလိုင် ၂၇ ရက်တွင် ဖန်အုပ်ဆောင်းတော်မြတ်အတွင်းထိ ရေများဖုံးလွှမ်းသွားခဲ့သည်။ မန်းချောင်းရေတက်လာကာ ယခင်နှစ်များထက် ပိုမိုမြင့်တက်လာပြီး မိုးအဆက်မပြတ် ရွာသွန်းမှုများကြောင့် ဆက်လက်မြင့်တက်လာနိုင်ဖွယ်ရှိ ကြောင်း ယခုလက်ရှိ အောက်စက်တော်ရာရင်ပြင်တော်ပေါ်သို့ မန်းချောင်း ရေဖုံးလွှမ်းလျက်ရှိနေပြီး ပျက်စီးဆုံးရှုံးမှုများမရှိသေးကြောင်း၊ ပုသိမ်-မုံရွာကား လမ်းမှ မန်းရွှေစက်တော်ရာသို့ အဝင် ၃ မိုင်လမ်းခွဲရှိ ယာယီတံတားများလည်း ပျက်စီးမျောပါသွားသဖြင့် (၈)မိုင်လမ်းမှ အထက်စက်တော်ရာသို့ လာရောက်ဖူး မျှော်နိုင်ကြောင်း၊ ဂေါပကအဖွဲ့ဝင် ဦးကျော်စိန်ဝင်း၏ ပြောပြချက်အရ သိရ သည်။ နမ္မဒါဟု အမည်တွင်သော မန်းချောင်းသည် ငဖဲမြို့နယ်၏ အနောက် တောင်ဘက် (အထက်ဘက်)မှ စတင်၍စီးဆင်းလာရာ ၄င်းမန်းချောင်းရေအား မန်းချောင်း ရေလှောင်တမံမှ သိုလှောင်ထိန်းသိမ်းထားရှိပြီး မင်းဘူး(စကု)မြို့နယ်အတွင်းရှိ လယ်ယာမြေများနွေစပါး အောင်ရေအပြည့်အဝပေးဝေနိုင်ရန် အိုင်းမရေလွှဲဆည်မှတစ်ဆင့် တောင်မန်းမြောင်းမကြီး၊ မြောက်မန်းမြောင်းမ ကြီးတို့ဖြင့် ဖြန့်ဝေပေးနေလျက်ရှိသည်။ ၂ဝ၁၆ ခုနှစ် နွေစပါးစိုက်ပျိုးရာသီတွင် စိုက်ပျိုးရေအပြည့်အဝသိုလှောင်ထားနိုင်ပြီး ရေပိုလွှဲပေါက်များမှတစ်ဆင့် စီးဆင်းသော မန်းချောင်းရေများကြောင့် မန်းရွှေစက်တော်ရာဘုရား အောက် စက်တော်ရာမြတ်အား ရေဖုံးလွှမ်းသည်အထိ မြင့်တက်လျက်ရှိနေကြောင်း နှင့် ပါဒအောက်စက်တော်ရာခြေတော်ရာမြတ်အား ဘုရားကြီး၏ ဂေါပကအဖွဲ့ဝင်များနှင့်သက်ဆိုင်ရာ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ဘုရားကြီးအနီး ရှိကျေးရွာ များမှ အရန်မီးသတ်တပ်ဖွဲ့ဝင်များမှ ရေကင်းများချထား၍ အထူးစောင့်ရှောက်လျက်ရှိကြောင်း သိရသည်။ တင်ထွန်းဦး(မင်းဘူး)

No comments: