Monday, July 27, 2015

ရေကြီးနစ်မြုပ်မှုများကြောင့် သီးနှံစိုက်ဧကများ ထိခိုက်ပျက်စီး =======================================

ရေကြီးနစ်မြုပ်မှုများကြောင့် သီးနှံစိုက်ဧကများ ထိခိုက်ပျက်စီး ======================================= နေပြည်တော် ဇူလိုင် ၂၆ မြန်မာနိုင်ငံတစ်ဝန်းတွင် ယခုနှစ် ဇွန်လနှင့် ဇူလိုင်လများအတွင်း မိုးသည်း ထန်စွာရွာသွန်းမှုများကြောင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အချို့တွင် ရေကြီး ရေလျှံမှုနှင့် လယ်ယာမြေများ ရေကြီးနစ်မြုပ်မှု ဖြစ်ပွားခဲ့သည်။ အဆိုပါ ရေကြီးနစ်မြုပ်မှုနှင့်သီးနှံများ ထိခိုက်ပျက်စီးမှုအခြေအနေမှာ ကချင်ပြည်နယ်တွင် ရေကြီးနစ်မြုပ်မှု ၁၉၄၇၄ ဧကအနက် ၃၄၉၁ ဧက ပြန်ပေါ်ခဲ့သော်လည်း ၁၇၈၉ ဧက ထိခိုက်ပြီး ခုနစ်ဧက ပျက်စီးခဲ့ကြောင်း၊ ရခိုင်ပြည်နယ်တွင် ရေကြီးနစ်မြုပ်မှု ၂၉၁၅ ဧကအနက် ၂၉၁၅ ဧက ပြန်ပေါ် ခဲ့သော်လည်း ၂၁၇၁ ဧက ထိခိုက်ပြီး ဧက ၁၄၄ဝ ပျက်စီးခဲ့ကြောင်း၊ ရှမ်းပြည် နယ်တွင် ရေကြီးနစ်မြုပ်မှု ၆၉၂၁ ဧကအနက် ၁၃၆ဧက ပြန်ပေါ်ခဲ့သော်လည်း ၁၉ ဧက ထိခိုက်ပြီး သုံးဧက ပျက်စီးခဲ့ကြောင်း၊ စစ်ကိုင်းတိုင်းဒေသကြီးတွင် ရေကြီးနစ်မြုပ်မှု ၈၆၉၈၂ ဧက အနက် ၅၃၉၅၈ ဧက ပြန်ပေါ်ခဲ့သော်လည်း ၂၆၁၃၂ ဧက ထိခိုက်ပြီး ၂၈၃၃ ဧက ပျက်စီးခဲ့ကြောင်း၊ ပဲခူးတိုင်းဒေသကြီး တွင် ရေကြီးနစ်မြုပ်မှု ၁၃၂၇ ဧကအနက် ၁၃၂၇ ဧက ပြန်ပေါ်ခဲ့သော်လည်း ၁၃၂၇ ဧက ထိခိုက်ပြီး ဧက ၃၆ဝ ပျက်စီးခဲ့ကြောင်းနှင့် ရန်ကုန်တိုင်းဒေသကြီး တွင် ရေကြီးနစ်မြုပ်မှု ၈၄၉ ဧကအနက် ၈၄၉ ဧက ပြန်ပေါ်ခဲ့ကြောင်း၊ မန္တလေးတိုင်းဒေသကြီးတွင် ရေကြီးနစ်မြုပ်မှု ၄၆၇ ဧက ရှိခဲ့ကြောင်း လယ်ယာ စိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ သတင်းရရှိသည်။ (သတင်းစဉ်)

No comments: