Monday, July 27, 2015

ကချင်စကားမပြောတတ်သော လီဆူးလူမျိုးများအား KIA အဖွဲ့မှ ဖမ်းဆီးခေါ်ဆောင

ကချင်စကားမပြောတတ်သော လီဆူးလူမျိုးများအား KIA အဖွဲ့မှ ဖမ်းဆီးခေါ်ဆောင ဇူလိုင် ၂၇ ရက်၊ ၂၀၁၅ ကချင်ပြည်နယ်၊ ဆွမ်ပရာဘွမ်မြို့နယ်၊ မလိယန်ကျေးရွာတွင် နေထိုင်လျက်ရှိသော လီဆူးလူမျိုးများအား ဇူလိုင်လ ၁၂ ရက်နေ့တွင် ကချင်စကားမပြောတတ်သဖြင့် KIA အဖွဲ့မှ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ယင်းဒေသခံများထံမှသိရသည်။ KIA အဖွဲ့မှ မလိယန်ကျေးရွာ အုပ်ချုပ်ရေးမှူးအား ရွာအတွင်းနေထိုင်သူများ စုခိုင်းပြီး ဒေသခံလီဆူးတိုင်းရင်းသား ၄၄ ဦးအား ကချင်စကားမပြောတတ်၍ ဇူလိုင်လ ၁၂ ရက်နေ့တွင် မလိယန်ကျေးရွာ တစ်ဘက်ကမ်းရှိ နိမ်မာကျေးရွာ အရှေ့ မြောက်ဘက်သို့ ခေါ်ဆောင်သွားကြောင်း၊ ၎င်းတို့ကို တပ်သားသစ်အဖြစ် အတင်းအကြပ်စေခိုင်းရန် တိုက်ပွဲများဖြစ်ပွား ရာဒေသများသို့ လက်နက်/ခဲယမ်းများနှင့် ရိက္ခာများသယ်ဆောင် ခိုင်းမည်ကိုစိုးရိမ်နေကြကြောင်း လီဆူးမျိုးနွယ်စု ခေါင်းဆောင် တစ်ဦးမှပြောသည်။ ထိုသို့ KIA အဖွဲ့၏ မတရားအနိုင်ကျင့် လူသစ်စုဆောင်း၍ လက်နက်/ခဲယမ်း၊ ရိက္ခာများသယ်ဆောင် ခိုင်းမည်ကိုစိုးရိမ် သောကြောင့် မလိယန်ကျေးရွာနေ ဦးအားဖူးအာဝါယဲ့ (၅၀)နှစ် အပါအ၀င် ကျား ၄ ဦး၊ မ ၇ ဦး တို့သည် ရွာမှထွက်ပြေး လာခဲ့ရာ ဇူလိုင်လ ၂၄ ရက်နေ့ ညနေ ၃နာရီခွဲခန့်တွင် ဆွမ်ပရာဘွမ်သို့ရောက်ရှိခဲ့ကြောင်း ထွက်ပြေးလွတ်မြောက်လာသူ ဦးအားဖူးအာဝါယဲ့ မှပြောပြပါသည်။ KIA အဖွဲ့မှ လူသစ်လုပ်ခိုင်းရန် အကြိမ်ကြိမ် ခေါ်ယူစုဆောင်းထားသူ ၈၄ ဦးခန့်မှာ ဂျာရာယန်ရွာတွင် ကျန်ရှိ သေးကြောင်း ထွက်ပြေးလွတ် မြောက်လာသူ ၁၁ ဦးအား ဆွမ်ပရာဘွမ်မြို့နယ်၊ တာဝန်ရှိသူများမှ စောင့်ရှောက်ထားရှိကြောင်း ဒေသခံ ကျောင်းဆရာ တစ်ဦးမှ ပြောပြပါသည်။ လီဆူးရိုးရာအဖွဲ့ကသူတို့လူမျိုးတွေကို ပြန်လွှတ်ပေးဖို့တောင်းဆို ထားတာတော့ရှိတယ်၊ထွက်ပြေး လွတ်မြောက်လာသူ မိန်းကလေး ငယ်တွေကတော့ စိတ်ပိုင်းဆိုင်ရာထိခိုက်ခံစား လာရတာတွေ့ရတယ်၊ ပတ်ဝန်းကျင်ကိုမျက်နှာမပြရဲဘူး ဖြစ်နေ တယ်၊ ဖြစ်နိုင်ရင်ဒီရွာမှာတောင် သူတို့မနေချင်တော့ဘူးလို့ ပြောလာတယ်ဟု မြို့ခံတရားရေး ၀န်ထမ်းတစ်ဦးက ပြောပါ သည်။ ဆိုင်နော်(ဖားကန့်) ကချင်စကားမပြောတတ်သော လီဆူးလူမျိုးများအား KIA အဖွဲ့မှ ဖမ်းဆီးခေါ်ဆောင ဇူလိုင် ၂၇ ရက်၊ ၂၀၁၅ ကချင်ပြည်နယ်၊ ဆွမ်ပရာဘွမ်မြို့နယ်၊ မလိယန်ကျေးရွာတွင် နေထိုင်လျက်ရှိသော လီဆူးလူမျိုးများအား ဇူလိုင်လ ၁၂ ရက်နေ့တွင် ကချင်စကားမပြောတတ်သဖြင့် KIA အဖွဲ့မှ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ယင်းဒေသခံများထံမှသိရသည်။ KIA အဖွဲ့မှ မလိယန်ကျေးရွာ အုပ်ချုပ်ရေးမှူးအား ရွာအတွင်းနေထိုင်သူများ စုခိုင်းပြီး ဒေသခံလီဆူးတိုင်းရင်းသား ၄၄ ဦးအား ကချင်စကားမပြောတတ်၍ ဇူလိုင်လ ၁၂ ရက်နေ့တွင် မလိယန်ကျေးရွာ တစ်ဘက်ကမ်းရှိ နိမ်မာကျေးရွာ အရှေ့ မြောက်ဘက်သို့ ခေါ်ဆောင်သွားကြောင်း၊ ၎င်းတို့ကို တပ်သားသစ်အဖြစ် အတင်းအကြပ်စေခိုင်းရန် တိုက်ပွဲများဖြစ်ပွား ရာဒေသများသို့ လက်နက်/ခဲယမ်းများနှင့် ရိက္ခာများသယ်ဆောင် ခိုင်းမည်ကိုစိုးရိမ်နေကြကြောင်း လီဆူးမျိုးနွယ်စု ခေါင်းဆောင် တစ်ဦးမှပြောသည်။ ထိုသို့ KIA အဖွဲ့၏ မတရားအနိုင်ကျင့် လူသစ်စုဆောင်း၍ လက်နက်/ခဲယမ်း၊ ရိက္ခာများသယ်ဆောင် ခိုင်းမည်ကိုစိုးရိမ် သောကြောင့် မလိယန်ကျေးရွာနေ ဦးအားဖူးအာဝါယဲ့ (၅၀)နှစ် အပါအ၀င် ကျား ၄ ဦး၊ မ ၇ ဦး တို့သည် ရွာမှထွက်ပြေး လာခဲ့ရာ ဇူလိုင်လ ၂၄ ရက်နေ့ ညနေ ၃နာရီခွဲခန့်တွင် ဆွမ်ပရာဘွမ်သို့ရောက်ရှိခဲ့ကြောင်း ထွက်ပြေးလွတ်မြောက်လာသူ ဦးအားဖူးအာဝါယဲ့ မှပြောပြပါသည်။ KIA အဖွဲ့မှ လူသစ်လုပ်ခိုင်းရန် အကြိမ်ကြိမ် ခေါ်ယူစုဆောင်းထားသူ ၈၄ ဦးခန့်မှာ ဂျာရာယန်ရွာတွင် ကျန်ရှိ သေးကြောင်း ထွက်ပြေးလွတ် မြောက်လာသူ ၁၁ ဦးအား ဆွမ်ပရာဘွမ်မြို့နယ်၊ တာဝန်ရှိသူများမှ စောင့်ရှောက်ထားရှိကြောင်း ဒေသခံ ကျောင်းဆရာ တစ်ဦးမှ ပြောပြပါသည်။ လီဆူးရိုးရာအဖွဲ့ကသူတို့လူမျိုးတွေကို ပြန်လွှတ်ပေးဖို့တောင်းဆို ထားတာတော့ရှိတယ်၊ထွက်ပြေး လွတ်မြောက်လာသူ မိန်းကလေး ငယ်တွေကတော့ စိတ်ပိုင်းဆိုင်ရာထိခိုက်ခံစား လာရတာတွေ့ရတယ်၊ ပတ်ဝန်းကျင်ကိုမျက်နှာမပြရဲဘူး ဖြစ်နေ တယ်၊ ဖြစ်နိုင်ရင်ဒီရွာမှာတောင် သူတို့မနေချင်တော့ဘူးလို့ ပြောလာတယ်ဟု မြို့ခံတရားရေး ၀န်ထမ်းတစ်ဦးက ပြောပါ သည်။ ဆိုင်နော်(ဖားကန့်)

No comments: