Thursday, July 30, 2015

အကောက်ခွန်မဲ့ တရားမ၀င်ရွှေတုံး ကီလို ၂၀ ခန့် ဖမ်းဆီးရမိ =======================================

အကောက်ခွန်မဲ့ တရားမ၀င်ရွှေတုံး ကီလို ၂၀ ခန့် ဖမ်းဆီးရမိ ======================================= မူဆယ် ဇူလိုင် ၂၉ မူဆယ်မြို့မှ တစ်ဖက်နိုင်ငံထွက်ပေါက်ဖြစ်သော ဆင်ဖြူဂိတ်တွင် ဇူလိုင် ၂၈ ရက် နံနက် ၁ဝ နာရီခွဲက ရွေ့လျားလှုပ်ရှား (မူဆယ်) ဦးဝင်းထွန်းအောင်အဖွဲ့က တရုတ်နိုင်ငံဘက်မှ လူနှစ်ဦးစီးနင်းလာသော တရုတ်ဆိုင်ကယ် 4N/----- ကို တားဆီးစဉ် ဆိုင်ကယ်ထားခဲ့ပြီး ထွက် ပြေးသဖြင့် ရှာဖွေရာ ရွှေအတုံး ၂ဝ ကို သိမ်းဆည်းရမိသည်။ အဆိုပါရွှေတုံးများကို စစ်ဆေးပြီး ညနေ ၄ နာရီခွဲတွင် မူဆယ်မြို့ အကောက်ခွန်ဦးစီးဌာနသို့အပ်နှံခဲ့ရာ ရွှေတုံး ၂ဝ (၁၉ ဒသမ ၄၄၂ ကီလိုခန့်) ခန့်မှန်းတန်ဖိုး ငွေကျပ် ၈၃၉၈၉၄၄ဝဝ နှင့် ဆိုင်ကယ်တစ်စီး တို့ကို သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။ အယ်လ်စိုး(မူဆယ်) အကောက်ခွန်မဲ့ တရားမ၀င်ရွှေတုံး ကီလို ၂၀ ခန့် ဖမ်းဆီးရမိ ======================================= မူဆယ် ဇူလိုင် ၂၉ မူဆယ်မြို့မှ တစ်ဖက်နိုင်ငံထွက်ပေါက်ဖြစ်သော ဆင်ဖြူဂိတ်တွင် ဇူလိုင် ၂၈ ရက် နံနက် ၁ဝ နာရီခွဲက ရွေ့လျားလှုပ်ရှား (မူဆယ်) ဦးဝင်းထွန်းအောင်အဖွဲ့က တရုတ်နိုင်ငံဘက်မှ လူနှစ်ဦးစီးနင်းလာသော တရုတ်ဆိုင်ကယ် 4N/----- ကို တားဆီးစဉ် ဆိုင်ကယ်ထားခဲ့ပြီး ထွက် ပြေးသဖြင့် ရှာဖွေရာ ရွှေအတုံး ၂ဝ ကို သိမ်းဆည်းရမိသည်။ အဆိုပါရွှေတုံးများကို စစ်ဆေးပြီး ညနေ ၄ နာရီခွဲတွင် မူဆယ်မြို့ အကောက်ခွန်ဦးစီးဌာနသို့အပ်နှံခဲ့ရာ ရွှေတုံး ၂ဝ (၁၉ ဒသမ ၄၄၂ ကီလိုခန့်) ခန့်မှန်းတန်ဖိုး ငွေကျပ် ၈၃၉၈၉၄၄ဝဝ နှင့် ဆိုင်ကယ်တစ်စီး တို့ကို သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။ အယ်လ်စိုး(မူဆယ်)

No comments: