Friday, July 31, 2015

ကလေးမြို့စိုးရိမ်ရေမှတ်ကျော်လွန် မြို့ပေါ်အနိမ့်ပိုင်းနေရာများ ရေစတင်ဝင်ရောက် ========

ကလေးမြို့စိုးရိမ်ရေမှတ်ကျော်လွန် မြို့ပေါ်အနိမ့်ပိုင်းနေရာများ ရေစတင်ဝင်ရောက် ============================== မုံရွာ ဇူလိုင် ၃ဝ စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်းတွင် ဇူလိုင် ၂၆ ရက်မှစတင်ပြီး မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် မြစ်သာမြစ်ရေများ လျှံတက် ကာ ကလေးမြို့၏ အနိမ့်ပိုင်း အောင်မြေမန် ရပ်ကွက်၊ အောင်မင်္ဂလာရပ်ကွက်၊ ညောင်ပင်သာ ရပ်ကွက်၊ မင်္ဂလာဥယျာဉ်ရပ်ကွက်နှင့် ချမ်းမြေ့ အောင်စည်ရပ်ကွက်များသို့ ရေများဝင်ရောက်ခဲ့ သည်။ ထို့အပြင် ယနေ့နံနက် ၁ဝ နာရီတွင် မြစ်သာ မြစ်ရေသည် ကလေးမြို့၏ စိုးရိမ်ရေမှတ် စင်တီ မီတာ ၁ဝဝဝ အထက်ကျော်လွန်ပြီး ၁၅၆၄ စင်တီ မီတာသို့ ရောက်ရှိသဖြင့် ကျီကုန်းကျေးရွာ၊ ဖောင်ကူးကျေးရွာ၊ စီသာကျေးရွာနှင့် သဖန်းအိုင် ကျေးရွာများ ရေမြုပ်လျက်ရှိကြောင်း၊ ကလေးဝ မြို့နယ်ရှိ ချင်းတွင်းမြစ်ရေသည် ယနေ့နံနက် ၁ဝ နာရီခွဲ တိုင်းထွာချက်အရ စိုးရိမ်ရေမှတ် စင်တီမီတာ ၁၅၅ဝ ကို ကျော်လွန်၍ ၁၅၇၈ စင်တီမီတာသို့ ရောက်ရှိလာကြောင်း၊ ယနေ့နံနက် တိုင်းထွာချက်များအရ ကလေးဝမြို့တွင် မိုးရေချိန် ၁ ဒသမ ၂၆ လက်မရှိကြောင်း၊ မင်းကင်းမြို့နယ် တွင် ချင်းတွင်းမြစ်ရေသည် လက်ရှိ စင်တီမီတာ ၁၄၃ဝ သို့ ရောက်ရှိလာပြီး ယင်းမြို့၏ စိုးရိမ်ရေ မှတ်မှာ စင်တီမီတာ ၁၃၃ဝ ရှိကာ မိုးရေချိန် ၁ ဒသမ ၄၂ လက်မရှိကြောင်းနှင့် မင်းကင်းမြို့ အနိမ့်ပိုင်း ရပ်ကွက်များတွင် ရေများဝင်ရောက် လာသဖြင့် ဘုန်းတော်ကြီးကျောင်းသို့ ရွှေ့ပြောင်းနေရာချထားပေးလျက်ရှိကြောင်း သိရ သည်။ (တိုင်းဒေသကြီး ပြန်/ဆက်)

No comments: