Thursday, July 30, 2015

ကချင်ပြည်နယ်၏ သန်းခေါင်စာရင်းအခြေအနေ

ကချင်ပြည်နယ်၏ သန်းခေါင်စာရင်းအခြေအနေ ၂၀၁၄ ခုနှစ် ဧပြီလ အတွင်း ကောက်ယူခဲ့သော သန်းခေါင်စာရင်းအရ ကချင်ပြည်နယ်တွင် လူဦးရေ ဆယ့်ခြောက် သိန်းကျော်ခန့်နေထိုင်ပြီး အသက် ဆယ် နှစ် နှင့် အထက် အလုပ်အကိုင်ရရှိမှု သည် ပြည်နယ်လူဦးရေ၏ ငါးဆယ် ရာခိုင်နှုန်းကျော် ခန့် ရှိသည် ဟု သိရသည်။ ဤတွင် အမျိုးသားဦးရေသည် ၇၁.၄% ဖြစ်ပြီး၊ အမျိုးသမီးဦးရေသည် ၃၆.၇% ဖြစ်ကြောင်းသိရသည်။ အသက် (၁၅) နှစ် နှင့် အထက် အလုပ်အကိုင်ရရှိမှုနှုန်းသည် စုစုပေါင်း ၆၂.၂% ဖြစ်ပြီး အမျိုးသား ၈၀.၇%၊ အမျိုးသမီး ၄၁.၇% ဖြစ်ကြောင်း နှင့် အသက် (၁၅ - ၆၄) နှစ် သူများသည် စုစုပေါင်း ၆၄.၆% ဖြစ်ပြီး အမျိုးသား ၈၂.၆%၊ အမျိုးသမီး ၄၄.၀% ဖြစ်သည်။ ပြည်နယ်လူဦးရေ၏အလုပ်အကိုင် မဲ့ ရာခိုင်နှုန်းများ သည် အသက် (၁၀) နှစ်နှင့် အထက် ရှိသောသူများ စုစုပေါင်း ၃.၈%၊ အသက် (၁၅) နှစ် နှင့် အထက်ရှိသောသူများ ၃.၇% နှင့် အသက် (၁၅ - ၆၄) နှစ် ရှိသောသူများသည်လည်း ၃.၇% ရှိကြောင်းသိရသည်။ ကချင်ပြည်နယ်တွင် လူဦးရေ ၁.၆သန်း ကျော် ခန့်ရှိပြီး အမျိုးသား ၈၇၀၀၀၀ ကျော်၊ အမျိုးသမီး ၈၁၀၀၀၀ ကျော် ရှိသည်။ မြန်မာတစ်နိုင်ငံလုံးရှိ အခြားသော ပြည်နယ်နှင့် တိုင်းများ အသီးသီးတွင်ရှိသော အမျိုးသမီးလူဦးရေများထက် အမျိုးသား ဦးရေမှာ ကချင်ပြည်နယ်တစ်ခုတွင်သာ ပိုမိုများနေကြောင်း သိရသည်။ သန်းခေါင်စာရင်းအရ ကချင်ပြည်နယ်တွင် မည်သည့် ကတ်မှမကိုင်ဆောင်သူမှာ သုံးသိန်းနီးပါး ခန့်ရှိပြီး နိုင်ငံသားစိစစ်ရေးကတ် ကိုင်ဆောင်သူ ကိုး သိန်းကျော်၊ ဧည့်နိုင်ငံသားကတ် နှစ်ထောင်ကျော်၊ နိုင်ငံသားပြုခွင့်ရသူကတ် ငါးထောင်ကျော်၊ အမျိုးသားမှတ်ပုံတင်ကတ် တစ်သောင်းကျော်၊ သာသနာဝင်ကတ် လေးထောင်ကျော်၊ ယာယီသက်သေခံကတ် တစ်သောင်းကျော်၊ နိုင်ငံခြားသားမှတ်ပုံတင်လက်မှတ် ခုနုစ်ရာကျော်၊ နိုင်ငံခြားသားနိုင်ငံကူးလက်မှတ်ခြောက်ရာကျော် တို့ဖြစ်သည်။ Kachinwaves

No comments: