Monday, July 27, 2015

မိုးကောင်းမြို့နယ် ရေဘေးကယ်ဆယ်ရေး ထောက်ပံ့ငွေနှင့် ဆန်ပေးအပ် =================================================

မိုးကောင်းမြို့နယ် ရေဘေးကယ်ဆယ်ရေး ထောက်ပံ့ငွေနှင့် ဆန်ပေးအပ် ================================================= မိုးကောင်း ဇူလိုင် ၂၆ ကချင်ပြည်နယ် မိုးကောင်းမြို့နယ် ရေဘေး ကယ်ဆယ်ရေး ထောက်ပံ့ငွေနှင့် ဆန်ပေးအပ်ပွဲ အခမ်းအနားကို နန့်ကောင်းရိပ်သာ၌ ယမန်နေ့ နံနက် ၇ နာရီခွဲက ကျင်းပရာ လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဘုန်းဆွေက အရှေ့ရပ်၊ ကျွန်းဆော၊ နတ်ကြီးကုန်း၊ အိုးတန်းနှင့် ဖိုးချစ်ကုန်းအုပ်စုတို့ကို ဟင်းဖိုး သုံးရက်စာ ငွေကျပ် ခြောက်သိန်းစီ၊ ခမရ ၃၈၁၊ ၃၈၂၊ ၃၉ဝ နှင့် မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးတို့ကို ဆန် ၁ဝ အိတ်နှင့် ငွေကျပ် ငါးသိန်း၊ နမ္မတီး ဒေသစိတ်အတွင်းမှ ရေဘေးသင့် ပြည်သူများအတွက် ဆန်အိတ် ၁ဝဝ၊ ငွေကျပ် ငါးသိန်းစီ ကို ထောက်ပံ့ပေးအပ်ခဲ့သည်။ ဆက်လက်၍ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် တာဝန် ရှိသူများက ရေဘေးသင့်အိမ်ထောင်စု ၁ဝ၃ စု၊လူဦးရေ ၄၅၇ ဦးတို့ကို ထမင်းဘူးနှင့် ရေဘူးများဝေငှခဲ့သည်။ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့က နမ္မတီးမြို့ရှိ ရေဘေးသင့် ကယ်ဆယ်ရေးစခန်း နှစ်ခု၊ ဆေးရုံ၊ လမ်းခွ၊ ABC ကျောင်းနှင့် နှစ်ခြင်းခရစ်ယာန်ကျောင်းတို့ရှိ ပြည်သူများ အာဟာရတိုက်ကျွေးခြင်း၊ ကိုယ်ဝန်ဆောင်သည်များ၊ မွေးလူနာများကို ကွေကာအုပ်၊ ကြက်ဥနှင့် မုန့်များ သွားရောက်ထောက်ပံ့ကြောင်း သိရသည်။ (မြို့နယ် ပြန်/ဆက်)

No comments: