Thursday, July 30, 2015

ဆည်တော်ကြီးရေလှောင်တမံ ရေထွက်ပေါက်များမှ ထိန်းညှိရေလွှတ်မည် ================================================

ဆည်တော်ကြီးရေလှောင်တမံ ရေထွက်ပေါက်များမှ ထိန်းညှိရေလွှတ်မည် ================================================ မန္တလေး ဇူလိုင် ၂၉ မန္တလေးတိုင်းဒေသကြီး မတ္တရာမြို့နယ် ချောင်းမကြီး ချောင်းပေါ်တွင်တည်ရှိသော ဆည်တော်ကြီးဆည်မှာ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေများ ပြည့်လျှံပြီး ဆည်တော်ကြီးတမံ ချောင်းမကြီးရေလျှံပါက ယခင်ကစိုက်ခင်းများ ပျက်စီးပြီး အနီးရှိ ကျေးရွာများသို့ ရေဝင်ရောက်သည့် ဖြစ်စဉ်များ ဖြစ်ပေါ်ခဲ့သည်။ ဆည်တော်ကြီးရေလှောင်တမံ၏ ရေပြည့်အမှတ်RL ၄၁၉ ဒသမ ၅ ပေရောက်ရှိရန် ရေပြည့်အမှတ် ၄ ဒသမ ၅ ပေ အလို၊ RL ၄၁၅ ပေရှိပါက ဝင်ရေနှင့် ထွက်ရေမျှတအောင် ပေ ၄ဝ၊ ၃၅ ပေရှိသော ရေတံခါးခုနစ်ချပ်ကို ထိန်းညှိလွှတ်ပေး၍ စိုက်ခင်းများနှင့် ကျေးရွာများတွင် ရေဝင်ရောက်မှုမရှိစေရေးစီမံ ဆောင်ရွက်ခဲ့သည်မှာ သုံးနှစ်ဆက်တိုက်ရှိခဲ့ပြီးဖြစ်သည်။ ယနေ့ ဆည်တော်ကြီး၏ ရေအမှတ်သည် RL ၄၁၃ ဒသမ ၈ ပေရှိပြီး လက်ရှိရေဝင်ရောက်မှုသည် တစ်နာရီလျှင် ဝ ဒသမ ၁ ပေနှင့် ဝင်ရောက်ပါက နောက်တစ်နေ့ နံနက် ၄ နာရီတွင် သတ်မှတ်ရေမှတ်ရောက်မည်ဖြစ်၍ ဇူလိုင် ၃ဝ ရက် နံနက် ၄ နာရီခွဲတွင် ရေတံခါးများမှ ရေများအား ရေနံ့သာချောင်း၊ ပတ်ဝန်းကျင်ကျေးရွာများနှင့် စိုက်ခင်းများသို့ ဝင်ရောက်မှုမရှိအောင် ထိန်းညှိလွှတ်ပေးမည်ဖြစ်သည်။ ဆည်တော်ကြီး ရေလျှံမှုမဖြစ်ရေး ရေထွက်ပေါက်များမှ ရေလွှတ်မည်ဖြစ်ကြောင်း သက်ဆိုင်သည့် မြို့နယ်အုပ်ချုပ်ရေးအဖွဲ့များနှင့် ကျေးရွာအုပ်ချုပ်ရေးမှူး ကိုယ်တိုင်လွှတ်၍ ကျေးရွာများသို့လည်း ကြေညာထားပြီးဖြစ်ကြောင်းနှင့် နာရီစဉ်အလိုက် ရေအမှတ်များ ရယူဆောင်ရွက်လျက်ရှိသည်။ ဆည်တော်ကြီးရေလှောင်တမံသည် ရေလွှဲဆည်အထက် ၂ ဒသမ ၅ မိုင်ခန့်အကွာတွင် ၁၉၇၆-၁၉၇၇ ခုနှစ်တွင် စတင်တည်ဆောက်ခဲ့ပြီး ၁၉၈၆-၁၉၈၇ ခုနှစ်တွင် ပြီးစီးခဲ့သည်။ ရေဆင်းဧရိယာ ၁၃၂၂ စတုရန်းမိုင်၊ နှစ်စဉ်ပျမ်းမျှ စီးဝင်ရေ ဧကပေ ၁၃၃ဝဝဝဝ၊ တမံအမျိုးအစားမှာ မြေသား၊ ကွန်ကရစ်၊ ကျောက်ဖြည့်ဖြစ်ပြီး၊ တမံအမြင့် ၁၂၂ပေ၊ တမံအလျား ပေ ၄ဝ၂ဝ၊ တမံအမြင့်မှတ် RL ၄၃၁ ပေ၊ ရေပြည့်အမှတ် ရေအနက် ၄၁၉ ဒသမ ၅ ပေရှိပြီး ရေတံခါးဦးအရွယ်အစား ပေ (၄ဝx၃၅) ရှိသည့် ရေတံခါး ခုနစ်ခုထားရှိကြောင်း သိရသည်။ တင်မောင်(မန်းကိုယ်ပွား)

No comments: