Tuesday, July 28, 2015

အ၀ါရောင်အဆင့်ရှိ မုန်တိုင်းငယ် ဆက်လက်တည်ရှိ မြန်မာနိုင်ငံဘက်သို့ ဦးတည်မည့်အခြေအနေမရှိ ===================================

အ၀ါရောင်အဆင့်ရှိ မုန်တိုင်းငယ် ဆက်လက်တည်ရှိ မြန်မာနိုင်ငံဘက်သို့ ဦးတည်မည့်အခြေအနေမရှိ =================================== နေပြည်တော် ဇူလိုင် ၂၇ ယနေ့ မြန်မာစံတော်ချိန်မွန်းလွဲ ၁ နာရီခွဲတိုင်းထွာချက်များအရ ဘင်္ဂလား ပင်လယ်အော်အရှေ့မြောက်ပိုင်းတွင် ဖြစ်ပေါ်နေသော မုန်တိုင်း ငယ်သည် သိသိသာသာရွေ့လျားခြင်းမရှိဘဲ ဆက်လက်တည်ရှိနေပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံ စစ်တကောင်းမြို့၏ အနောက်-အနောက်တောင်ဘက် မိုင် ၉ဝ ခန့်၊ မြန်မာနိုင်ငံ မောင်တောမြို့၏ အနောက်-အနောက်မြောက် ဘက် မိုင် ၁၄ဝ ခန့်နှင့် စစ်တွေမြို့၏ အနောက်မြောက်ဘက် မိုင် ၁၉ဝ ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေသည်။ မုန်တိုင်းငယ်၏ လက်ရှိအခြေအနေမှာ အဝါရောင်အဆင့်ရှိပြီး မြန်မာနိုင်ငံဘက်သို့ ဦးတည်ရွေ့လျားမည့် အခြေအနေမရှိဟု သတ်မှတ် သည်။ အဆိုပါ မုန်တိုင်းငယ်သည် မြန်မာစံတော်ချိန်မွန်းလွဲ ၁ နာရီခွဲတွင် မြောက်လတ္တီကျု ၂၂ ဒသမ ဝ ဒီဂရီနှင့် အရှေ့လောင်ဂျီကျု ၉ဝ ဒသမ ၂ ဒီဂရီတွင်ရှိပြီး ဗဟိုချက်လေဖိအား ၉၉၄ ဟက်တိုပါစကယ်နှင့် အမြင့် ဆုံး လေတိုက်နှုန်းမှာ တစ်နာရီလျှင် မိုင် ၄ဝ နှုန်းဖြစ်သည်။ အဆိုပါ မုန်တိုင်းငယ်၏အရှိန်ကြောင့် စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်၊ ချင်း ပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာ အနှံ့အပြားမိုးရွာပြီး ဒေသအလိုက်နှင့် နေရာကွက်၍ မိုးကြီးခြင်း၊ လေပြင်း တိုက်ခတ်ခြင်းနှင့် ရုတ်တရက်ရေကြီးခြင်းများ ဖြစ်ပေါ်နိုင်သည်။ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ရံဖန်ရံခါ မိုးသက်လေပြင်းများကျရောက်ပြီး လှိုင်းကြီးမည်။ မိုးသက် လေပြင်းကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် မိုင် ၄ဝ မှ ၄၅ မိုင်အထိ တိုက်ခတ်နိုင်သည်။ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့ရှိ ကမ်းနီး၊ ကမ်းဝေးငါးဖမ်းရေယာဉ်များ၊ သင်္ဘောများအနေဖြင့် ကြိုတင် သတိပြုရန် နှိုးဆော်ထားသည်။ (မိုး/ဇလ)

No comments: