Friday, July 31, 2015

ကောလင်းတွင် ရေနစ်မြုပ်ခံကျေးရွာများမှ ပြည်သူများသို့ နေရပ်ပြန်ပို့ဆောင် ==================================================

ကောလင်းတွင် ရေနစ်မြုပ်ခံကျေးရွာများမှ ပြည်သူများသို့ နေရပ်ပြန်ပို့ဆောင် ================================================== ကောလင်း ဇူလိုင် ၃ဝ စစ်ကိုင်းတိုင်းဒေသကြီး ကော လင်းမြို့နယ်အတွင်း ရေကြီးနစ်မြုပ်ခံ ကျေးရွာ ၈၆ ရွာမှ ဒေသခံကျေးလက် နေပြည်သူများကို ကယ်ဆယ်ရေး စခန်းများမှ နေရပ်ကျေးရွာသို့ ပြန်လည်ပို့ဆောင်ပေးမှုကို ဆောင် ရွက်ခဲ့ရာ ယနေ့အထိ ကျေးရွာ ၆၆ ရွာ ပို့ဆောင်ပြီးဖြစ်သည်။ အဆက်မပြတ် မိုးရွာသွန်းနေဆဲ ဖြစ်၍ ကျေးရွာ ၂ဝ ခန့်က ရေနစ် နေဆဲဖြစ်ရာ သွားလာမှုအခက်အခဲ ကြုံတွေ့နေရသည်။ ရေဘေးကယ်ဆယ်ရေးမှ ကျေး ရွာတိုင်း အိမ်ထောင်စုတစ်စုလျှင် ငွေကျပ် ၂ဝဝဝဝ နှုန်းကို ပထမ အရစ်ထောက်ပံ့ပေးပြီး ဆန်နှင့် လူသုံးကုန်ပစ္စည်းများကိုလည်း ဆက် လက်ထောက်ပံ့သွားမည်ဖြစ်ကြောင်း သိရသည်။ ကိုကိုညိမ်း(ကောလင်း) ကောလင်းတွင် ရေနစ်မြုပ်ခံကျေးရွာများမှ ပြည်သူများသို့ နေရပ်ပြန်ပို့ဆောင် ================================================== ကောလင်း ဇူလိုင် ၃ဝ စစ်ကိုင်းတိုင်းဒေသကြီး ကော လင်းမြို့နယ်အတွင်း ရေကြီးနစ်မြုပ်ခံ ကျေးရွာ ၈၆ ရွာမှ ဒေသခံကျေးလက် နေပြည်သူများကို ကယ်ဆယ်ရေး စခန်းများမှ နေရပ်ကျေးရွာသို့ ပြန်လည်ပို့ဆောင်ပေးမှုကို ဆောင် ရွက်ခဲ့ရာ ယနေ့အထိ ကျေးရွာ ၆၆ ရွာ ပို့ဆောင်ပြီးဖြစ်သည်။ အဆက်မပြတ် မိုးရွာသွန်းနေဆဲ ဖြစ်၍ ကျေးရွာ ၂ဝ ခန့်က ရေနစ် နေဆဲဖြစ်ရာ သွားလာမှုအခက်အခဲ ကြုံတွေ့နေရသည်။ ရေဘေးကယ်ဆယ်ရေးမှ ကျေး ရွာတိုင်း အိမ်ထောင်စုတစ်စုလျှင် ငွေကျပ် ၂ဝဝဝဝ နှုန်းကို ပထမ အရစ်ထောက်ပံ့ပေးပြီး ဆန်နှင့် လူသုံးကုန်ပစ္စည်းများကိုလည်း ဆက် လက်ထောက်ပံ့သွားမည်ဖြစ်ကြောင်း သိရသည်။ ကိုကိုညိမ်း(ကောလင်း)

No comments: