မြစ်ဆုံ media သည် လွတ်လပ်သော မီဒီယာဖြစ်ပြီး မည်သည့်အဖွဲ့၊ ပါတီ၊ အသင်းအဖွဲ့၏သြဇာခံ လက်အောက်ခံမဟုတ်ပါ။ စီးပွားဖြစ် မီဒီယာ မဟုတ်ပါ။ သတင်းများကိုအမြန်ဆုံးပေးပို့နေသော မီဒီယာတခုဖြစ်ပါသည်။
Sunday, July 26, 2015
အင်းတော်ကြီးအင်းရေလျှံ စပါးစိုက်မည့်တောင်သူများ ရေကျချိန်ကို စောင့်မျှော် ================================================
အင်းတော်ကြီးအင်းရေလျှံ စပါးစိုက်မည့်တောင်သူများ ရေကျချိန်ကို စောင့်မျှော်
====================================================
မိုးညှင်း ဇူလိုင် ၂၅
ကချင်ပြည်နယ် မိုးညှင်းမြို့နယ် အင်းတော်ကြီးဒေသ၌ ဇူလိုင် ၂၄ ရက် နံနက် ၃ နာရီက မိုးသည်း ထန်စွာရွာသွန်းမှုကြောင့် အင်းတော် ကြီးအင်း ရေကြီးရေလျှံမှုဖြစ်ကာ အင်းအနီးပတ်လည်ရှိ လယ်မြေများရေဖုံးလွှမ်းမှုများကြောင့် လယ်မြေဧက ၂ဝဝဝ ကျော်ခန့်မှာ စပါးစိုက်ပျိုးရန် အတွက် ရေကျချိန်ကိုသာ စောင့်ဆိုင်း နေရကြောင်း သိရသည်။
''မိုးက ဒီလထဲမှာ အဆက်မပြတ် ရွာနေတာမို့ အင်းတော်ကြီးအင်းကို အမှီပြုလုပ်ကိုင်နေကြရတဲ့ တောင်သူ တွေရဲ့ လယ်ယာမြေဧက ၂ဝဝဝ ကျော် ရေနစ်နေပါတယ်။ ရေကျချိန်ရောက် မှစပါးပြန်စိုက်ရမှာပါ၊ တောင်သူ တော်တော်များများက စပါးမစိုက် ရသေးလို့ ပျက်စီးဆုံးရှုံးမှုက မရှိသလောက် နည်းပါးပါတယ်။ ကျွဲ၊ နွားတွေကိုလည်း ရေလွတ်ရာ နေရာ ကို ပို့ထားရပါတယ်''ဟု အင်းတော် ကြီးအင်းကမ်းဘေး လယ်ယာ လုပ်ကိုင်သူ လယ်ပုံလေးကျေးရွာ နေတောင်သူတစ်ဦးက ပြောသည်။
အင်းတော်ကြီး ဒေသ၌ တောင်သူအများစုမှာ အင်းတော် ကြီးအင်းကို အမှီပြုကာ လယ်ယာ စိုက်ပျိုးရေးကို လုပ်ကိုင်နေကြရပြီး ဆည်ရေသောက်သုံးမှုမှာ လုံလောက် မှုမရှိသဖြင့် အများစုမှာ သဘာဝ မိုးရေကိုသာ အဓိကမှီခိုအားထားနေရ ကြောင်း၊ ကျေးရွာအုပ်စု ၁၁ စုရှိ ကျေးရွာပေါင်း ၄၃ ရွာမှ တောင်သူ အများစုသည် လက်တွန်း ထွန်စက် များကို အဓိကထားအသုံးပြုလျက် ရှိကြောင်း သိရသည်။
နီတိုး
Subscribe to:
Post Comments (Atom)
No comments:
Post a Comment