Tuesday, July 28, 2015

ဦးရွှေမန်းအား အမိန့်ပြန်ခြင်း …. ။

ဦးရွှေမန်းအား အမိန့်ပြန်ခြင်း …. ။ ------------------------------------ {သမ္မတနှင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် တို့ကတစ်ဖွဲ့၊ သူရဦးရွှေမန်းနှင့် ဒေါ်အောင်ဆန်းစုကြည် တို့က တစ်ဖွဲ့၊မိမိတို့နှင့် ပြည်သူများကတစ်ဖွဲ့ဟုပြောလျှင် ပိုပြီး ပြည့်စုံမည် ဖြစ်ပါသည်။ဇေယျာသီရိမြို့နယ် လွှတ်တော် ကိုယ်စားလှယ်အဖြစ်မှ ရုတ်သိမ်းပေးပါရန် အနည်းငယ်သော တပ်မတော်သားအချို့မှ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်သို့ တိုင်ကြားခဲ့မှုအပေါ် မိမိသည် နိုင်ငံတော်နှင့် နိုင်ငံသားများ၏ အကျိုးအတွက် ဖွဲ့စည်းပုံအခြေခံဥပဒေအား ပြင်ဆင်ရန် ကြိုးစားဆောင်ရွက်ခဲ့ခြင်းသာဖြစ်၍ မိမိအနေဖြင့် တာဝန်ယူနိုင်ကြောင်းနှင့် ဥပဒေကြောင်းအရ ရင်ဆိုင်ရမည်ဆိုပါကလည်း ရင်ဆိုင်သွားမည် ဖြစ်ပါသည်။} ဒီမယ် ဦးရွှေမန်း သမ္မတနဲ့ကာချုပ်ကတစ်ဖွဲ့၊ ခင်ဗျားနဲ့ဒေါ်စုက တစ်ဖွဲ့လို့ပြောရအောင်၊ ခင်ဗျားတို့က နိုင်ငံကိုအဖွဲ့ခွဲပြီး အုပ်ချုပ်ရေးအာဏာလုနေတာလား …. ။ သိပ်လည်း သွေးပျက်မနေပါနဲ့ .. အခြေခံဥပဒေကိုထောက်ခံတဲ့ ပြည်သူတွေရဲ့ လက်မှတ်ကိုတော့ ခင်ဗျားမျက်ကွယ်ပြုပြီး၊ ဒေါ်စုနားပြေးကပ်ရ လောက်အောင် ခင်ဗျားတော်တော် သစ်ကိုင်းလွတ်တဲ့အထဲ့ပါနေပြီလား၊ ခင်ဗျားအပေါ်ပြည်သူတွေ ယုံကြည်မှုဟာ ရာခိုင်းနှုန်းနဲ့တွက်ကြည့်ရင်တောင် ၁၀ မပြည်ဘူးဆိုတာ ခင်ဗျားလည်းသိ၊ ခင်ဗျားဘေးလူတွေလည်းသိပါတယ်….. ။ ခင်ဗျားဘေးက လူတွေကလည်း သူတို့အပေါ် ခင်ဗျားပေးကမ်းမှုတွေနဲ့ လော်ဘီလုပ်ခိုင်းနေလို့သာ လုပ်နေရတယ်ဆိုတာ ပြည်သူတွေလည်းသိပါတယ် ….. ။ တစ်ချိန်က စစ်သားတစ်ဦးက အရပ်ဖက်အဖွဲ့မှာ နေရာယူပြီးသကလ၊ ပြည်သူတွေရဲ့ ထောက်ခံမှုရအောင် သာတဲ့ဖက်ကိုကူးဖို့ လုပ်မယ်ဆိုရင် ခင်ဗျား မျောက်သစ်ကိုင်းလွတ်နေပါလိမ့်မယ် …. ။ ခင်ဗျားကို မနှစ်သက်လို့ ထွက်ပေးပါလို့ တောင်းဆိုထားတဲ့အပေါ် ခင်ဗျားတုန့်ပြန်မှုက သိပ်ကိုအောက်တန်းကျတယ် ဦးရွှေမန်း၊ အစကတော့ ဒေါ်စုနဲ့ဆို ထမင်းတောင် အတူမစားချင်ဘူးဆိုတဲ့ ခင်ဗျားက အခုများတော့ ဒေါ်စုနဲ့ ကျွန်တော်နဲ့ ပြည်သူနဲ့က တစ်ဖွဲ့ပါလို့ နှုတ်တိုက်ရွက်သွားတာ ခင်ဗျားဗျာ တော်တော်ကို သစ္စာမဲ့တဲ့လူတစ်ယောက်အဖြစ် ကျုပ်တို့မြင်တယ် …. ။ တပ်မတော်သား ဘ၀ နေ့စဉ်ရွတ်ဆိုနေတဲ့ သစ္စာတရားကို ပြန်ထောက်ရမယ်ဆို …. ကျဆုံးလေပြီးသော တပ်မတော်သားတို့၏ သစ္စာကိုစောင့်သိရိုသေပါမည်ဆိုတဲ့အချက်က ခင်ဗျားအတွက်ကြုံတုန်းဆိုတဲ့ စကားသံလား ….. ။ ဒီနိုင်ငံရဲ့ အချုပ်ခြာအာဏာကို ကာကွယ်ဖို့အတွက် တပ်မတော်သားတွေ အသက်ပေး စတေးခဲ့တာ အလကားမဟုတ်ပါဘူး …..။ ခင်ဗျားရဲ့ အာဏာရူးမှုဟာ တစ်နေ့တစ်ခြား သိပ်ကိုရွံစရာကောင်းလာပါတယ်။ ပြည်သူတွေရဲ့ယုံကြည်ကိုးစားမှုတကယ်ကို လိုချင်တယ်ဆိုရင် ခင်ဗျားရဲ့ ပိုင်ဆိုင်မှုတွေကို ပြည်သူတွေရှေ့မောက်မှာ ချပြလိုက်ပါ။ ခင်ဗျားမလုပ်ရဲဘူးမှလား …… ဘယ်လုပ်ရဲ့ပါ့မလဲဗျာ …. “ဒေါ်စုနဲ့ကျွန်တော်နဲ့ ပြည်သူတွေကတစ်ဖက်ပါ။ ပြည်သူတွေလိုချင်တဲ့အခြေခံဥပဒေကိုပြင်ဆင်ချင်တာပါ” ဆိုတဲ့ ခင်ဗျားရဲ့စကားတွေဟာ အပေါစား စည်းရုံးမှုတွေနဲ့ ပြည်သူတွေစီက စစ်မှန်တဲ့ ထောက်ခံမှုလိုချင်လို့မရပါဘူး၊ ခု ခင်ဗျားရဲ့စကားတွေဟာ ပြည်သူတွေအပေါ် လုပ်ကိုင်ပြလိုက်တာမဟုတ်ပါဘူး၊ တပ်မတော်နဲ့ သမ္မတကြီးကို ချနင်းလိုက်တာပါ။ ခင်ဗျားသာ အမှန်တကယ်ရိုးသားခဲ့မယ်ဆိုရင် ခင်ဗျားပိုင်ဆိုင်မှုကို ချပြလိုက်ပါ၊ ခုခင်ဗျားကို ကန့်ကွပ်တဲ့သူတွေတောင် ခင်ဗျားကို မဲပေးကြလိမ့်မယ် …. ။ ပြည်သူတွေအတွက် အလုပ်လုပ်ချင်ပါတယ်ဆိုတဲ့ ဦးရွှေမန်း … ခင်ဗျားတပ်ထဲမှာတုန်းကရော ခင်ဗျားလက်အောက်ငယ်သားတွေအတွက် ဘာများလုပ်ကိုင်ပေးခဲ့ဖူးပါသလဲ၊ ကျုပ်တို့တော့ စကားအများကြီးမပြောချင်ဘူး ဦးရွှေမှန်း …. တစ်ချိန်တစ်ခါ စစ်သားဖြစ်ဖူးရင် တစ်သက်လုံး စစ်သားဖြစ်တယ်ဆိုတဲ့ စကားကြောင့် ….. ခင်ဗျားဟာ ဒီနေ့ကစပြီး တပ်မတော်သားမဟုတ်တော့ဘူး၊ တပ်မတော်ထဲမှာ ခင်ဗျားနာမည်သေသွားပြီ၊ တပ်မတော်သား တစ်ယောက်ဟာ ဘယ်တော့မှ ဒီလိုအောက်တန်းမကျဘူး ….. ။ ဒါကြောင့် ဦးရွှေမန်း …. သင်သည် ယနေ့မှစ၍ တပ်မတော်နှင့်မသက်ဆိုင်တော့၊ သင်သွားလိုရာသွားနိုင်ပြီ။ ပုံ/ တပ်မတော်သား တစ်ရပ်လုံး by...ထီးလှိုင်

No comments: