Monday, July 27, 2015

အမှန်က - ၈ ========

အမှန်က - ၈ ======== စင်္ကာပူမှာသေတဲ့ ဦးအောင်သောင်းအလောင်း တိုင်းကျော်ပြည်ကျော်ပြီး မြန်မာပြည်လေယာဉ်ကွင်းလည်းဆင်းပြီးရော အဲပုဂံ (Air Bagan) လေယာဉ်တစီး ပြေးလမ်းချော်ပြီး ရန်ကုန်လေဆိပ်ကို ဝင်အောင်းလိုက်တာနဲ့ ကိုပါကြီးအလောင်းသယ်တုန်းက မြို့နာတယ်ဆိုပြီး မန္တလေးကျုံးတပတ်ပတ်ပြီး ဆန္ဒပြကြတဲ့ အဖွဲ့က နှစ်မိနစ်ငြိမ်ပြီး မသိချင်ယောင်ဆောင်နေကြလေရဲ့... ပြည်တွင်းဖြစ်ကို အားပေးပါဆိုပြီး ဧရာဝတီိတိုင်းဝန်ကြီးချုပ် သိန်းအောင်က ဆိုက္ကားနဲ့ ချမ်းသာနိုင်တဲ့နည်းတွေ သင်ကြားပို့ချနေချိန်မှာ အမျိုးချစ်လွန်းတဲ့ ခေါင်းဆောင်ကြီးက ဒူဘိုင်းက ဒေါ်လာ တစ်သိန်းခြောက်သောင်းတန် ဘိုးရင်းဂျက်လေယာဉ်ကြီးငှါးပြီး ပြန်ချလာပါရော... မကြာပါဘူး .. လူ့ပြည်မှာ ၁၉၄၀ ကနေ ၂၀၁၅ ထိ ၇၅ နှစ်နေသွားတဲ့ ဦးအောင်သောင်းက ငရဲမှာ အသက်ကြီးရင် အငြိမ်းစားရတယ်အထင်နဲ့ ၇၉ နှစ်လို့ အသက်လိမ်ပြီးသကာလ အထူးကားကြီးနဲ့ ပြောင်းရွှေ့သွားလေရဲ့... အဲဒါနဲ့ပဲ နတ်စင်တရာဆရာတော်ရဲ့အလှူမှာ အပုတ်ချတဲ့စာတွေဝေကြတဲ့ မဘသမှ လူငယ်တွေက မြန်မာလိုရေးထားတာတွေကို မဖတ်တတ်တဲ့ ကလေကဝတွေဘဝ ရောက်ပါရော.... ဟုတ်တယ်လေ... စာရွက်တွေလာဝေခိုင်းတဲ့လူကိုလည်း မမြင်လိုက်ရတဲ့ အကန်းတွေပါဆိုမှတော့ ဘယ်လိုလုပ် ဒီစာရွက်ထဲက အပုတ်ချစာတွေကို သိမှာလဲ.. လမ်းဘေးက ကလေကဝ အားတိုင်းမွေးတွေမို့လို့သာ ဒီလိုအဖြစ်ဆိုးကြုံရတာပ.. အမှန်က သူတို့ဟာ တကယ်ကိုဘာမှမသိရှာတဲ့ အလေနတောတွေဆိုတာ စုံစမ်းစစ်ဆေးကြတဲ့သူတွေ သိသင့်တယ်လေ.. မြန်မာ့နိုင်ငံရေးသမိုင်းမှာ ၁၉၈၈ ကစပြီး သေစေချင်လို့ အမျိုးမျိုးဖိနှိပ်ချုပ်ခြယ်ရုံမက ၂၀၀၃ တုန်းက ဒီပဲယင်းနယ်ရဲ့ ကြည်ရွာမှာ အပြီးသတ်လုပ်ကြံခံရတာတောင် မသေသေးတဲ့ လူထုခေါင်းဆောင်က သူမကို လုပ်ကြံဖူးတဲ့ ဦးအောင်သောင်းရဲ့နာရေးမှာ မေတ္တာတရားကို ကိုယ်စားပြုတဲ့ လီလီပန်းခြင်းကြီးနဲ့ လာသတင်းမေးတာကို မနာလိုဖြစ်နေတဲ့ ဘောမတွေက သူတို့အဘ ဦးသိန်းစိန်လည်း ကျမ္မာရေးမကောင်းပါဘူးလေဆိုပြီး စကားနာထိုးကြပါလေရော... အဲဒါကို မကျေနပ်သေးတဲ့ ရောင်နီအုက ဦးရွှေမန်းကြီးကို ပြိတ္တာဖြစ်နေသေးတဲ့ စစ်သားတွေကို တောင်းပန်ခိုင်းနေသေးတယ်... သူပြောသလိုဆိုရင် သေသွားကြတဲ့ စစ်သားတွေက ဘဝမကူးပဲ ဝိဉာဉ်အဖြစ်နဲ့ မကျွတ်မလွတ် ပြိတ္တာ၊ အသူရကာယ်နဲ့ ငရဲဘုံရောက်နေသလိုလို... ဒေါ်အောင်ဆန်းစုကြည်ကို ပုဂ္ဂိုလ်ရေးအပုတ်ချတဲ့ လူတွေကို ဖော်ထုတ်မယ်လို့ ဟိုကိုယ်တော်ကြီးက ပြောလိုက်တော့ ဖိုးချစ်က ငါပဲ.. ငါပဲ.. ငါပဲ လို့ ဆယ်မျက်နှာရှိတဲ့ ဘီလူးခေါင်းကြီးစွပ်ပြီး ထအော်ပါလေရော... အဲဒီမှာ မွတ်ကြည်၊ မွတ်စု လို့ အော်အော်နေတဲ့ မဘသရဲ့ တိုက်စစ်မှူးတွေကအစ အကောင့်တွေ ကျတယ်၊ အဟတ်ခံရတယ်ဆိုပြီး အရူးကွက်တွေ ထနင်းကြတော့တာပဲ... ရန်ကုန်၊ မန္တလေး၊ စစ်ကိုင်းတိုင်းနဲ့ ရခိုင် အပါအဝင် မြန်မာတပြည်လုံး ရေဘေးဒုက္ခသည်တွေအတွက် အစိုးရမှာ ပြည်သူ့ဘဏ္ဍာငွေ ဘီလီယံ ၁၀၀ အသုံးပြုစရာရှိတယ်လို့ ဦးရွှေမန်းကြီးက ကြေငြာလိုက်တော့ သူ့အိတ်ထဲကစိုက်ထုတ်သလိုလို၊ ကြံ့ဖွတ်ရဲ့ငွေတွေလိုလိုနဲ့ ရောကြိတ်ပြီး လိုက်ဝေပေးနေတဲ့ ဦးသိန်းစိန်ကြီးက ဂွမ်းပြန်ရော... ရွှေမန်းတော့ ညစ်ကန်ကန်နေပြီလို့ သိလာကြတဲ့ အဘဘောမအဖွဲ့ကတော့ သစ္စာဖောက်ဆိုပြီး စွပ်စွဲချင်ပေမယ့် ဦးရဲထွဋ်နဲ့ အောင်သိန်းလင်းရဲ့ အကွဲအပြဲကလည်း အစပျိုးနေတာနဲ့ အသာပြန်ငြိမ်နေကြလေရဲ့... တောင်ဥက္ကလာပမှာ မရှိမဖြစ်အဘဆိုင်းဘုတ်ကြီး ထောင်ပြီး အပိုင်တွက်ထားတဲ့ လမ်းတခြမ်းခင်း အောင်သိန်းလင်းကတော့ NLD ကိုယ်စားပြုတဲ့ ၈၈ ကဦးကိုကိုကြီးလည်း တောင်ဥက္ကလာပကပဲ ဝင်အရွေးခံမယ်လည်းဆိုရော သူတောင်းစားခွက်ပျောက်တဲ့လေသံနဲ့ ဟိုလိုလို၊ ဒီလိုလို စားကျက်အသစ်ရှာနေလေရဲ့... တကယ်ဆို မရှိမဖြစ်ရအောင် သူက အိမ်သာမှမဟုတ်တာလို့ တယောက်ကထပြောတော့ မဘသရဲ့ အဓိက စပွန်ဆာကြီး ဦးအောင်သောင်း ပြည်သူမေတ္တာစူးလို့ အကောင်းကြီးကနေ သေတာနဲ့ရောနေတဲ့ ပုဂ္ဂိုလ်တချို့ ချီးပါချင်သလို သေးပေါက်ချင်သလိုနဲ့ ဦးကိုကိုကြီးကို ထောက်ခံပါတယ်.. ဝန်းရံကြဆိုပြီး ထအော်ပါလေရော.. . အဲဒါကို အားကျပြီး သမ္မတကြီးဦးသိန်းစိန်နောက်သက်တမ်းအတွက် ထောက်ခံရေးလက်မှတ်တွေကို လည်ပင်းညှစ်ပြီး လိုက်ထိုးခိုင်းတာနဲ့ ဘာမဆိုင်ညာမဆိုင် ဝါးရင်ဒုတ် ဂိုဏ်းချုပ်အောင်သောင်းကို အာဇာနည်ပါလို့ဆိုလာတဲ့ အောင်သိန်းလင်းနဲ့ ဟိုကိုယ်တော်ကို အမြင်ကတ်တာနဲ့ပဲ ကျိုတ်လတ်က ပြည်သူတွေက မိုးထဲရေထဲမှာ ဒေါ်အောင်ဆန်းစုကြည်လာမှာကို ဘယ်သူမှ မဆင့်ခေါ်ပဲနဲ့ လာစောင့်နေလိုက်ကြတယ်... အဲဒီမှာ ဆိုက္ကားနင်းပြီးချမ်းသာလာတဲ့ လူတော့မတွေ့ဖူးဘူးလို့လဲ ပြောလိုက်တာနဲ့ အမျိုးဘာသာ သာသနာ စတေကာကပ်ထားတဲ့ကားကြီးက ရှေ့ခေါင်းမှာ NLD အလံကြီးချိတ်ထားပါလေရော.... အရင်နေ့တွေက မြန်မာတပြည်လုံး ရေဘေးအတွက် တရာ ဘီလီယံသုံးဖို့ ဘတ်ဂျက်ကျထားတဲ့အစိုးရက မိုးကာတွေဝယ်၊ ကော်ခွက်တွေအဝယ်ပြပြီး ခပ်တည်တည်နဲ့ ဟက်စကီးပဲတွန်ရွှေ့ပြန်သွားလေရဲ့.... အဲဒါကို သမ္မတရုံးကမှူးဇော်က ၂၄ နာရီ အော်ပရေးရှင်းတွေဘာတွေပြောပြီး စစ်သားတွေကို အတင်းတွန်းတင်နေတာနဲ့ ကျင့်ဝတ် ခြောက်ဆယ်လေးပြန်ကျက်ခိုင်းပြီး အိပ်ခိုင်းထားလိုက်တယ်... ဒီမိုဘတ်တော်သားတချို့က အွန်လိုင်းက ကူညီတဲ့လူက ကူညီ၊ ရေပြင်ထဲ ကွင်းဆင်းသူကဆင်း လုပ်နေကြသလို NLD လူငယ်အသင်း၊ နာရေးကူညီမှုအသင်းစတဲ့ ပရဟိတအသင်းတွေက အားတက်သရော ရေဘေးဒုက္ခသည်တွေကို ကူညီနေကြချိန်မှာ အမျိုးကိုချစ်လှပါချည်ရဲ့၊ အမျိုးအတွက် အရိုးကိုစည်းရိုးထိုးပြီး ကာချင်လှချည်ရဲ့ဆိုတဲ့ အဖွဲ့ကတော့ မဖတ်တတ်တဲ့ မြန်မာစာတွေနဲ့ ရေးထားတဲ့ လက်ကမ်းစာစောင်တွေကို မမြင်ဖူးတဲ့ လူတယောက်လာဝေခိုင်းတာနဲ့ပဲ ဘာမှမသိပဲ ဝေနေကြလေရဲ့.... ကူညီပါရစေဆိုတဲ့ရဲတွေကတော့ မူဆလင်ကုလားတယောက်ကို ဝတ်စုံပြည့်ဝတ်ခိုင်းပြီး ရဲစခန်းရှေ့မှာ အဆဲခိုင်းထားတာကို ဗီဒီယိုရိုက်ရင်း အလုပ်ရှုပ်နေကြတယ်.... ညံ့နေတာက ဇာတ်ညွန်းပဲ... အခါတိုင်း ခြေသွက်လက်သွက်ရှိကြတဲ့ ကိုရွှေရဲတွေကတော့ စိမ်ပြေနပြေကို ဖုန်းပြောရင်း ထိုင်ကြည့်နေကြပုံက ပတ်ဝန်ကျင် အနှောက်အယှက်ဖြစ်စေမှု၊ တာဝန်ဝတ္တရားနှောက်ယှက်မှုနဲ့ နိုင်ငံတော်အကြည်ညိုပျက်စေမှုတွေကို အလွတ်မရတော့တဲ့ နလပိန်းတုံးတွေ ဖြစ်မှန်းမသိ ဖြစ်နေကြလေရဲ့.... အဲလိုနဲ့ ညတွင်းချင်း မော်ကျွန်းကူးသွားတဲ့ လူထုခေါင်းဆောင်ကို အန္တရာယ် ကင်း၊ ဘေးရှင်းပါစေကြောင်း ဆုတွေတောင်းပြီး နောက်ငါးနှစ်လောက် ပြည်သူ့ကျွန်လုပ်ပါရစေဆိုတဲ့ ဒေါ်ညိုညိုသင်းရဲ့စကားကို သဘောကျလို့ ငရဲရောက်နေလောက်ပြီဖြစ်တဲ့ ဦးအောင်သောင်းကို မေတ္တာစူးရင် ပိုခံရတယ်ဆိုလို့ မေတ္တာထိုင်ပို့နေလိုက်တယ်.... ပြီးတာနဲ့.. ၂၀၁၅ မှာ ပြည်သူတွေ အကျိုးများစေမယ့် NLD ပါတီိကိုပဲ မဲပေးဖို့ ဆုံဖြတ်လိုက်တာပဲ။ YaeTay အမှန်က - ၈ ======== စင်္ကာပူမှာသေတဲ့ ဦးအောင်သောင်းအလောင်း တိုင်းကျော်ပြည်ကျော်ပြီး မြန်မာပြည်လေယာဉ်ကွင်းလည်းဆင်းပြီးရော အဲပုဂံ (Air Bagan) လေယာဉ်တစီး ပြေးလမ်းချော်ပြီး ရန်ကုန်လေဆိပ်ကို ဝင်အောင်းလိုက်တာနဲ့ ကိုပါကြီးအလောင်းသယ်တုန်းက မြို့နာတယ်ဆိုပြီး မန္တလေးကျုံးတပတ်ပတ်ပြီး ဆန္ဒပြကြတဲ့ အဖွဲ့က နှစ်မိနစ်ငြိမ်ပြီး မသိချင်ယောင်ဆောင်နေကြလေရဲ့... ပြည်တွင်းဖြစ်ကို အားပေးပါဆိုပြီး ဧရာဝတီိတိုင်းဝန်ကြီးချုပ် သိန်းအောင်က ဆိုက္ကားနဲ့ ချမ်းသာနိုင်တဲ့နည်းတွေ သင်ကြားပို့ချနေချိန်မှာ အမျိုးချစ်လွန်းတဲ့ ခေါင်းဆောင်ကြီးက ဒူဘိုင်းက ဒေါ်လာ တစ်သိန်းခြောက်သောင်းတန် ဘိုးရင်းဂျက်လေယာဉ်ကြီးငှါးပြီး ပြန်ချလာပါရော... မကြာပါဘူး .. လူ့ပြည်မှာ ၁၉၄၀ ကနေ ၂၀၁၅ ထိ ၇၅ နှစ်နေသွားတဲ့ ဦးအောင်သောင်းက ငရဲမှာ အသက်ကြီးရင် အငြိမ်းစားရတယ်အထင်နဲ့ ၇၉ နှစ်လို့ အသက်လိမ်ပြီးသကာလ အထူးကားကြီးနဲ့ ပြောင်းရွှေ့သွားလေရဲ့... အဲဒါနဲ့ပဲ နတ်စင်တရာဆရာတော်ရဲ့အလှူမှာ အပုတ်ချတဲ့စာတွေဝေကြတဲ့ မဘသမှ လူငယ်တွေက မြန်မာလိုရေးထားတာတွေကို မဖတ်တတ်တဲ့ ကလေကဝတွေဘဝ ရောက်ပါရော.... ဟုတ်တယ်လေ... စာရွက်တွေလာဝေခိုင်းတဲ့လူကိုလည်း မမြင်လိုက်ရတဲ့ အကန်းတွေပါဆိုမှတော့ ဘယ်လိုလုပ် ဒီစာရွက်ထဲက အပုတ်ချစာတွေကို သိမှာလဲ.. လမ်းဘေးက ကလေကဝ အားတိုင်းမွေးတွေမို့လို့သာ ဒီလိုအဖြစ်ဆိုးကြုံရတာပ.. အမှန်က သူတို့ဟာ တကယ်ကိုဘာမှမသိရှာတဲ့ အလေနတောတွေဆိုတာ စုံစမ်းစစ်ဆေးကြတဲ့သူတွေ သိသင့်တယ်လေ.. မြန်မာ့နိုင်ငံရေးသမိုင်းမှာ ၁၉၈၈ ကစပြီး သေစေချင်လို့ အမျိုးမျိုးဖိနှိပ်ချုပ်ခြယ်ရုံမက ၂၀၀၃ တုန်းက ဒီပဲယင်းနယ်ရဲ့ ကြည်ရွာမှာ အပြီးသတ်လုပ်ကြံခံရတာတောင် မသေသေးတဲ့ လူထုခေါင်းဆောင်က သူမကို လုပ်ကြံဖူးတဲ့ ဦးအောင်သောင်းရဲ့နာရေးမှာ မေတ္တာတရားကို ကိုယ်စားပြုတဲ့ လီလီပန်းခြင်းကြီးနဲ့ လာသတင်းမေးတာကို မနာလိုဖြစ်နေတဲ့ ဘောမတွေက သူတို့အဘ ဦးသိန်းစိန်လည်း ကျမ္မာရေးမကောင်းပါဘူးလေဆိုပြီး စကားနာထိုးကြပါလေရော... အဲဒါကို မကျေနပ်သေးတဲ့ ရောင်နီအုက ဦးရွှေမန်းကြီးကို ပြိတ္တာဖြစ်နေသေးတဲ့ စစ်သားတွေကို တောင်းပန်ခိုင်းနေသေးတယ်... သူပြောသလိုဆိုရင် သေသွားကြတဲ့ စစ်သားတွေက ဘဝမကူးပဲ ဝိဉာဉ်အဖြစ်နဲ့ မကျွတ်မလွတ် ပြိတ္တာ၊ အသူရကာယ်နဲ့ ငရဲဘုံရောက်နေသလိုလို... ဒေါ်အောင်ဆန်းစုကြည်ကို ပုဂ္ဂိုလ်ရေးအပုတ်ချတဲ့ လူတွေကို ဖော်ထုတ်မယ်လို့ ဟိုကိုယ်တော်ကြီးက ပြောလိုက်တော့ ဖိုးချစ်က ငါပဲ.. ငါပဲ.. ငါပဲ လို့ ဆယ်မျက်နှာရှိတဲ့ ဘီလူးခေါင်းကြီးစွပ်ပြီး ထအော်ပါလေရော... အဲဒီမှာ မွတ်ကြည်၊ မွတ်စု လို့ အော်အော်နေတဲ့ မဘသရဲ့ တိုက်စစ်မှူးတွေကအစ အကောင့်တွေ ကျတယ်၊ အဟတ်ခံရတယ်ဆိုပြီး အရူးကွက်တွေ ထနင်းကြတော့တာပဲ... ရန်ကုန်၊ မန္တလေး၊ စစ်ကိုင်းတိုင်းနဲ့ ရခိုင် အပါအဝင် မြန်မာတပြည်လုံး ရေဘေးဒုက္ခသည်တွေအတွက် အစိုးရမှာ ပြည်သူ့ဘဏ္ဍာငွေ ဘီလီယံ ၁၀၀ အသုံးပြုစရာရှိတယ်လို့ ဦးရွှေမန်းကြီးက ကြေငြာလိုက်တော့ သူ့အိတ်ထဲကစိုက်ထုတ်သလိုလို၊ ကြံ့ဖွတ်ရဲ့ငွေတွေလိုလိုနဲ့ ရောကြိတ်ပြီး လိုက်ဝေပေးနေတဲ့ ဦးသိန်းစိန်ကြီးက ဂွမ်းပြန်ရော... ရွှေမန်းတော့ ညစ်ကန်ကန်နေပြီလို့ သိလာကြတဲ့ အဘဘောမအဖွဲ့ကတော့ သစ္စာဖောက်ဆိုပြီး စွပ်စွဲချင်ပေမယ့် ဦးရဲထွဋ်နဲ့ အောင်သိန်းလင်းရဲ့ အကွဲအပြဲကလည်း အစပျိုးနေတာနဲ့ အသာပြန်ငြိမ်နေကြလေရဲ့... တောင်ဥက္ကလာပမှာ မရှိမဖြစ်အဘဆိုင်းဘုတ်ကြီး ထောင်ပြီး အပိုင်တွက်ထားတဲ့ လမ်းတခြမ်းခင်း အောင်သိန်းလင်းကတော့ NLD ကိုယ်စားပြုတဲ့ ၈၈ ကဦးကိုကိုကြီးလည်း တောင်ဥက္ကလာပကပဲ ဝင်အရွေးခံမယ်လည်းဆိုရော သူတောင်းစားခွက်ပျောက်တဲ့လေသံနဲ့ ဟိုလိုလို၊ ဒီလိုလို စားကျက်အသစ်ရှာနေလေရဲ့... တကယ်ဆို မရှိမဖြစ်ရအောင် သူက အိမ်သာမှမဟုတ်တာလို့ တယောက်ကထပြောတော့ မဘသရဲ့ အဓိက စပွန်ဆာကြီး ဦးအောင်သောင်း ပြည်သူမေတ္တာစူးလို့ အကောင်းကြီးကနေ သေတာနဲ့ရောနေတဲ့ ပုဂ္ဂိုလ်တချို့ ချီးပါချင်သလို သေးပေါက်ချင်သလိုနဲ့ ဦးကိုကိုကြီးကို ထောက်ခံပါတယ်.. ဝန်းရံကြဆိုပြီး ထအော်ပါလေရော.. . အဲဒါကို အားကျပြီး သမ္မတကြီးဦးသိန်းစိန်နောက်သက်တမ်းအတွက် ထောက်ခံရေးလက်မှတ်တွေကို လည်ပင်းညှစ်ပြီး လိုက်ထိုးခိုင်းတာနဲ့ ဘာမဆိုင်ညာမဆိုင် ဝါးရင်ဒုတ် ဂိုဏ်းချုပ်အောင်သောင်းကို အာဇာနည်ပါလို့ဆိုလာတဲ့ အောင်သိန်းလင်းနဲ့ ဟိုကိုယ်တော်ကို အမြင်ကတ်တာနဲ့ပဲ ကျိုတ်လတ်က ပြည်သူတွေက မိုးထဲရေထဲမှာ ဒေါ်အောင်ဆန်းစုကြည်လာမှာကို ဘယ်သူမှ မဆင့်ခေါ်ပဲနဲ့ လာစောင့်နေလိုက်ကြတယ်... အဲဒီမှာ ဆိုက္ကားနင်းပြီးချမ်းသာလာတဲ့ လူတော့မတွေ့ဖူးဘူးလို့လဲ ပြောလိုက်တာနဲ့ အမျိုးဘာသာ သာသနာ စတေကာကပ်ထားတဲ့ကားကြီးက ရှေ့ခေါင်းမှာ NLD အလံကြီးချိတ်ထားပါလေရော.... အရင်နေ့တွေက မြန်မာတပြည်လုံး ရေဘေးအတွက် တရာ ဘီလီယံသုံးဖို့ ဘတ်ဂျက်ကျထားတဲ့အစိုးရက မိုးကာတွေဝယ်၊ ကော်ခွက်တွေအဝယ်ပြပြီး ခပ်တည်တည်နဲ့ ဟက်စကီးပဲတွန်ရွှေ့ပြန်သွားလေရဲ့.... အဲဒါကို သမ္မတရုံးကမှူးဇော်က ၂၄ နာရီ အော်ပရေးရှင်းတွေဘာတွေပြောပြီး စစ်သားတွေကို အတင်းတွန်းတင်နေတာနဲ့ ကျင့်ဝတ် ခြောက်ဆယ်လေးပြန်ကျက်ခိုင်းပြီး အိပ်ခိုင်းထားလိုက်တယ်... ဒီမိုဘတ်တော်သားတချို့က အွန်လိုင်းက ကူညီတဲ့လူက ကူညီ၊ ရေပြင်ထဲ ကွင်းဆင်းသူကဆင်း လုပ်နေကြသလို NLD လူငယ်အသင်း၊ နာရေးကူညီမှုအသင်းစတဲ့ ပရဟိတအသင်းတွေက အားတက်သရော ရေဘေးဒုက္ခသည်တွေကို ကူညီနေကြချိန်မှာ အမျိုးကိုချစ်လှပါချည်ရဲ့၊ အမျိုးအတွက် အရိုးကိုစည်းရိုးထိုးပြီး ကာချင်လှချည်ရဲ့ဆိုတဲ့ အဖွဲ့ကတော့ မဖတ်တတ်တဲ့ မြန်မာစာတွေနဲ့ ရေးထားတဲ့ လက်ကမ်းစာစောင်တွေကို မမြင်ဖူးတဲ့ လူတယောက်လာဝေခိုင်းတာနဲ့ပဲ ဘာမှမသိပဲ ဝေနေကြလေရဲ့.... ကူညီပါရစေဆိုတဲ့ရဲတွေကတော့ မူဆလင်ကုလားတယောက်ကို ဝတ်စုံပြည့်ဝတ်ခိုင်းပြီး ရဲစခန်းရှေ့မှာ အဆဲခိုင်းထားတာကို ဗီဒီယိုရိုက်ရင်း အလုပ်ရှုပ်နေကြတယ်.... ညံ့နေတာက ဇာတ်ညွန်းပဲ... အခါတိုင်း ခြေသွက်လက်သွက်ရှိကြတဲ့ ကိုရွှေရဲတွေကတော့ စိမ်ပြေနပြေကို ဖုန်းပြောရင်း ထိုင်ကြည့်နေကြပုံက ပတ်ဝန်ကျင် အနှောက်အယှက်ဖြစ်စေမှု၊ တာဝန်ဝတ္တရားနှောက်ယှက်မှုနဲ့ နိုင်ငံတော်အကြည်ညိုပျက်စေမှုတွေကို အလွတ်မရတော့တဲ့ နလပိန်းတုံးတွေ ဖြစ်မှန်းမသိ ဖြစ်နေကြလေရဲ့.... အဲလိုနဲ့ ညတွင်းချင်း မော်ကျွန်းကူးသွားတဲ့ လူထုခေါင်းဆောင်ကို အန္တရာယ် ကင်း၊ ဘေးရှင်းပါစေကြောင်း ဆုတွေတောင်းပြီး နောက်ငါးနှစ်လောက် ပြည်သူ့ကျွန်လုပ်ပါရစေဆိုတဲ့ ဒေါ်ညိုညိုသင်းရဲ့စကားကို သဘောကျလို့ ငရဲရောက်နေလောက်ပြီဖြစ်တဲ့ ဦးအောင်သောင်းကို မေတ္တာစူးရင် ပိုခံရတယ်ဆိုလို့ မေတ္တာထိုင်ပို့နေလိုက်တယ်.... ပြီးတာနဲ့.. ၂၀၁၅ မှာ ပြည်သူတွေ အကျိုးများစေမယ့် NLD ပါတီိကိုပဲ မဲပေးဖို့ ဆုံဖြတ်လိုက်တာပဲ။ YaeTay

No comments: