Tuesday, July 28, 2015

ဒေါ်အောင်ဆန်းစုကြည်၏ ခရီးစဉ်ကို အကြောင်းပြုပြီး ငွေကြေးကောက်ခံမှုများရှိ ==================================

ဒေါ်အောင်ဆန်းစုကြည်၏ ခရီးစဉ်ကို အကြောင်းပြုပြီး ငွေကြေးကောက်ခံမှုများရှိ ================================== အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်၏ ခရီးစဉ်တွင် အသုံးပြုရန် ဟုဆိုကာ ဧရာဝတီတိုင်းအတွင်း မြို့နယ်အချို့တွင် ငွေကြေးကောက်ခံမှုများရှိကြောင်း သတင်းရရှိသည်။ ကျိုတ်လတ်မြို့မှ ဦးထွန်းထွန်းဝင်းက “ဒေါ်အောင်ဆန်းစုကြည်ခရီးစဉ်အတွက် ရန်ပုံငွေထည့်ပါဆိုပြီး NLD က လူတွေ လာကောက်တာပဲ။ ကျွန်တော်သိသလောက်တော့ ဒေါ်အောင်ဆန်းစုကြည်လာတာ ဘာကုန် စရာရှိလို့တုန်း၊ လူထုတွေ့ဆုံပွဲအတွက် စင်ထိုးတာနဲ့ အသံချဲ့စက်ငှားတာလောက်က သောင်းဂဏန်းပဲပေါ့။ အခုဟာက တစ်မြို့လုံးပတ်ကောက်နေတာ သိန်းချီရတယ်။ ပြီးရင် ထုံးစံအတိုင်း စာရင်းလဲ ရှင်းတာ မဟုတ်ဘူး။ သူတို့လုပ်ပေါက်က NLD ကို ဘယ်သူထောက်ခံလဲ မထောက်ခံလဲ စာရင်းကောက်သလိုပဲ။ ရန်ပုံငွေမထည့်ရင် သူတို့ရန်သူလိုသဘောထားရော၊ NLD မှာ လူမိုက်တွေကလဲ များတော့ စေတနာ မပါရင်တောင် ဟန်ဆောင်ပန်ဆောင်ထည့်ရတော့တာပေါ့၊ စိတ်ပျက်စရာကြီး” ဟုဆိုသည်။ NLD ဗဟိုကော်မတီဝင်တစ်ဦးကမူ ဒေါ်အောင်ဆန်းစုကြည်ခရီးစဉ်နှင့်ပတ်သက်၍ ငွေကြေးကောက်ခံခြင်း ပြုရန်/မပြုရန် ညွှန်ကြားထားခြင်းမရှိကြောင်း၊ အတူလိုက်ပါလာသူများအား ဧည့်ခံကျွေးမွေးရေးကုန်ကျ စားရိတ်နှင့် လူထုတွေ့ဆုံပွဲများအတွက် အခမ်းအနားပြင်ဆင်ရေးကုန်ကျစားရိတ်များကို ဗဟိုက ထုတ်ပေး ခြင်းမရှိကြောင်း သက်ဆိုင်ရာနယ်ခံပါတီဝင်များ၏ အစီအစဉ်သာဖြစ်ကြောင်းပြောကြားသည်။ ပြည်သူ့အာဏာ

No comments: