Wednesday, July 29, 2015

အစိုးရစစ်ကြောင်းမှ KIA အမာခံတစ်ဦးအား ဖမ်းဆီးရမိ

အစိုးရစစ်ကြောင်းမှ KIA အမာခံတစ်ဦးအား ဖမ်းဆီးရမိ ဇူလိုင် ၂၉ ရက်၊ ၂၀၁၅ ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာအုပ်စု၊ ကံဆီးကျေးရွာ၊ ကွက်သစ်ရပ်ကွက်တွင် ဇူလိုင် ၂၇ ရက်နေ့က အစိုးရစစ်ကြောင်းမှ KIA အမာခံတစ်ဦးအား ဖမ်းဆီးရမိခဲ့ကြောင်း သတင်းရရှိပါသည်။ “ သတင်းအရ အစိုးရတပ်က ၀င်ရှာဖွေတာပါ၊ ကျွန်တော်တို့ အုပ်ချုပ်ရေးအဖွဲ့ဝင်တွေလည်းပါတယ်၊ ဒါပေမယ့် အဲဒီလူက ထွက်ပြေးသွားတဲ့အတွက် လိုက်ဖမ်းရသေးတယ်၊ ဖမ်းမိတဲ့အခါ မေးမြန်းကြည်တော့ သူ့အိမ်မှာ ပစ္စည်းတွေဝှက်ထားတယ်ပြောလို့ သွားရှာကြတာပါ၊ သူကိုင်တဲ့တူမီးသေနတ်၊ ယမ်းကြိုးခွေတွေနဲ့ အသုံး အဆောင်ပစ္စည်းတွေ သိမ်းဆည်းရမိခဲ့ပါတယ်၊ ကျွန်တော်တို့ရွာတွေ၊ ရပ်ကွက်တွေမှာလည်း KIA အမာခံတွေ အမြဲလိုလိုဝင်ထွက်နေပေမယ့် အစိုးရတပ်က ဖမ်းဆီးမိလို့သာ သိရတာပါ” ဟု ကံဆီးကျေးရွာ အုပ်ချုပ်ရေးမှူး က ပြောကြားပါသည်။ ယင်းအမာခံမှာ ဦးဂွမ်ဖန်(၄၅)နှစ်၊ကံဆီးကျေးရွာနေသူဖြစ်ပြီး ၂၀၁၅ခုနှစ် ဇွန်လပထမပတ်တွင် ဆေးခွင့်ဖြင့် ကံဆီးကျေးရွာရှိ ၎င်း၏နေအိမ်သို့ ပြန်လာနေထိုင်ခြင်းဖြစ်ကြောင်း၊၎င်းသည် KIO ဖားကန့်ခရိုင်ရုံးလက်အောက် ရှိ ဖွံ့ဖြိုးရေးရုံးမှ ဒုဖွံ့ဖြိုးရေးအဆင့်စာရေးကြီး တာဝန်ဖြင့် ပူးတွဲထမ်းဆောင်နေသူဖြစ်ပြီး ၂၀၀၉ ခုနှစ် ဒီဇင်ဘာ နောက်ဆုံးပတ်ခန့်တွင် စတင်တာဝန်ထမ်းဆောင်ခဲ့ကြောင်း၊ ၎င်း၏ ဇနီးနှင့် သားသမီး ၄ ဦးမှာ ကံဆီးကျေးရွာ တွင်နေထိုင်ပြီး ယခုလောလောဆယ်တွင် မိသားစုမှာ မြစ်ကြီးနားသို့သွားရောက်နေကြောင်း၊ ၎င်းမှာ ဆေးခွင့် ၁ လဖြင့် ပြန်လာနေထိုင်စဉ် ယခုကဲ့သို့ ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း သိရှိရပါသည်။ ဆိုင်းနော်(ဖားကန့်) အစိုးရစစ်ကြောင်းမှ KIA အမာခံတစ်ဦးအား ဖမ်းဆီးရမိ ဇူလိုင် ၂၉ ရက်၊ ၂၀၁၅ ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာအုပ်စု၊ ကံဆီးကျေးရွာ၊ ကွက်သစ်ရပ်ကွက်တွင် ဇူလိုင် ၂၇ ရက်နေ့က အစိုးရစစ်ကြောင်းမှ KIA အမာခံတစ်ဦးအား ဖမ်းဆီးရမိခဲ့ကြောင်း သတင်းရရှိပါသည်။ “ သတင်းအရ အစိုးရတပ်က ၀င်ရှာဖွေတာပါ၊ ကျွန်တော်တို့ အုပ်ချုပ်ရေးအဖွဲ့ဝင်တွေလည်းပါတယ်၊ ဒါပေမယ့် အဲဒီလူက ထွက်ပြေးသွားတဲ့အတွက် လိုက်ဖမ်းရသေးတယ်၊ ဖမ်းမိတဲ့အခါ မေးမြန်းကြည်တော့ သူ့အိမ်မှာ ပစ္စည်းတွေဝှက်ထားတယ်ပြောလို့ သွားရှာကြတာပါ၊ သူကိုင်တဲ့တူမီးသေနတ်၊ ယမ်းကြိုးခွေတွေနဲ့ အသုံး အဆောင်ပစ္စည်းတွေ သိမ်းဆည်းရမိခဲ့ပါတယ်၊ ကျွန်တော်တို့ရွာတွေ၊ ရပ်ကွက်တွေမှာလည်း KIA အမာခံတွေ အမြဲလိုလိုဝင်ထွက်နေပေမယ့် အစိုးရတပ်က ဖမ်းဆီးမိလို့သာ သိရတာပါ” ဟု ကံဆီးကျေးရွာ အုပ်ချုပ်ရေးမှူး က ပြောကြားပါသည်။ ယင်းအမာခံမှာ ဦးဂွမ်ဖန်(၄၅)နှစ်၊ကံဆီးကျေးရွာနေသူဖြစ်ပြီး ၂၀၁၅ခုနှစ် ဇွန်လပထမပတ်တွင် ဆေးခွင့်ဖြင့် ကံဆီးကျေးရွာရှိ ၎င်း၏နေအိမ်သို့ ပြန်လာနေထိုင်ခြင်းဖြစ်ကြောင်း၊၎င်းသည် KIO ဖားကန့်ခရိုင်ရုံးလက်အောက် ရှိ ဖွံ့ဖြိုးရေးရုံးမှ ဒုဖွံ့ဖြိုးရေးအဆင့်စာရေးကြီး တာဝန်ဖြင့် ပူးတွဲထမ်းဆောင်နေသူဖြစ်ပြီး ၂၀၀၉ ခုနှစ် ဒီဇင်ဘာ နောက်ဆုံးပတ်ခန့်တွင် စတင်တာဝန်ထမ်းဆောင်ခဲ့ကြောင်း၊ ၎င်း၏ ဇနီးနှင့် သားသမီး ၄ ဦးမှာ ကံဆီးကျေးရွာ တွင်နေထိုင်ပြီး ယခုလောလောဆယ်တွင် မိသားစုမှာ မြစ်ကြီးနားသို့သွားရောက်နေကြောင်း၊ ၎င်းမှာ ဆေးခွင့် ၁ လဖြင့် ပြန်လာနေထိုင်စဉ် ယခုကဲ့သို့ ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း သိရှိရပါသည်။ ဆိုင်းနော်(ဖားကန့်)

No comments: