Friday, July 31, 2015

ကောလင်းရေဘေးသင့်ဒေသခံများ ရေတွင်းသန့်စင်ရေးနှင့် အိမ်သာများ အရေးပေါ်လိုအပ်နေ ===================

ကောလင်းရေဘေးသင့်ဒေသခံများ ရေတွင်းသန့်စင်ရေးနှင့် အိမ်သာများ အရေးပေါ်လိုအပ်နေ ============================================== ကောလင်း ဇူလိုင် ၃ဝ စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ရေဘေးကြုံတွေ့ခဲ့သော မြို့များတွင် အဆိုးဆုံးဖြစ်ခဲ့သည့် ကောလင်း မြို့နယ်တွင်း ကျေးရွာများမှ ရေဘေး သင့်ပြည်သူများမှာ လတ်တလော တွင် ရေတွင်းများ သန့်စင်ရေးနှင့် အိမ်သာများ အရေးပေါ်လိုအပ်နေ ကြောင်း သိရသည်။ ဇူလိုင် ၂၈ ရက်နောက်ပိုင်း ရေကျသွားပြီဖြစ်၍ ကယ်ဆယ်ရေး စခန်းများမှ မိမိတို့ကျေးရွာနေအိမ် များသို့ ပြန်လည်သွားရောက်နေထိုင် သူများတွင် ရေတွင်းနှင့် သန့်စင်ရေ အိမ်သာများအခက်အခဲများ ကြုံနေ ရကြောင်း သိရသည်။ ယခုအခါ ရေတွင်း၊ အိမ်သာများ အကုန်ပွင့်ကုန်၍ ရေသန့်ရှင်းဖို့ ဆေးခတ်မှုလုပ်ရသည်။ မီးသတ် တပ်ဖွဲ့နှင့် ကျန်းမာရေးဌာနအဖွဲ့များ က စာရင်းကောက်နေကြသည်။ ကျေးရွာအုပ်ချုပ်ရေးမှူးများက အတိ အကျစာရင်းပေးပြီး တင်ပေးနိုင်ရန် လုပ်ဆောင်ရမှု လွယ်ကူမည်ဖြစ်သည်။ ရေဘေးသင့်ဒေသများသို့ နိုင်ငံ တော်က ထောက်ပံ့ပေးမှုတွင် အဆိုး ရွားဆုံးဖြစ်ခဲ့သော ကောလင်းမြို့မှာ ၆ဝ ရာခိုင်နှုန်း၊ ကန့်ဘလူမြို့နယ်မှာ ၃ဝ ရာခိုင်နှုန်းနှင့် ကျွန်းလှမြို့နယ်မှာ ၁ဝ ရာခိုင်နှုန်း ဘတ်ဂျက်ခွဲဝေရရှိပြီး ကောလင်းမြို့ပေါ်တွင် ကျန်းမာရေး အတွက် အိမ်သာများနှင့် အခြား ဆေးဝါးပစ္စည်းများ ပြန်လည် ထူထောင်ရေးအတွက် ရောက်ရှိနေ ပြီ ဖြစ်သည်။ ရေတွင်းရေကန်များသို့ ဆေးခတ် ခြင်းနှင့် ရေကျချိန်နောက်ဆက်တွဲ ကျန်းမာရေးပြဿနာများ မဖြစ်ပွား စေရေးကို နေပြည်တော်နှင့် တိုင်း ဒေသကြီး ကျန်းမာရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာ ထွန်းတင်နှင့် တာဝန်ရှိသူများ လိုက်လံလုပ်ဆောင်နေပြီး ရေရှိချိန် တွင် လှေဖြင့်သွားနိုင်သော်လည်း ရေကျချိန်၌ လမ်းများကျွံသဖြင့် ကားများသွားရန် အခက်အခဲများ ရှိနေကြောင်း သိရသည်။ ရေကြီးရေလျှံမှု ဖြစ်နေသော ဒေသများတွင် ကူညီကယ်ဆယ်မှု လုပ်ငန်းများလုပ်ပြီး ရေပြန်ကျသွား သောအခါ အရေးပေါ်လိုအပ်သမျှ ကို ကူညီနိုင်ရန်အတွက် ပြန်လည် ထူထောင်ရေးလုပ်ငန်းစဉ်များ လုပ် ဆောင်ကြသည်။ ရေကျသွားသော နေရာများတွင် ရေတွင်းရေကန်များ သန့်ရှင်းရေးလုပ်ရန်၊ သောက်ရေရရှိ ရန်၊ စာသင်ကျောင်းများ အမြန်ဆုံး ပြန်လည်ဖွင့်လှစ်သွားရန်၊ လယ်ယာ မြေများ ပြန်လည်စိုက်ပျိုးနိုင်ရန်နှင့် စပါးထောက်ပံ့ရန်ဖြစ်သည်။ ရေကြီးရေလျှံမှု ဖြစ်ပွားနေ သောဒေသများသို့ ကူညီကယ်ဆယ် ရေးလုပ်ငန်းများ သွားရောက်လုပ်ကိုင် နေသည့် သရုပ်ဆောင် ဝေဠုကျော် အား သရုပ်ဆောင်မင်းမော်ကွန်းက ငွေကျပ်နှစ်သိန်း၊ ကိုးကန့်လူမှု ကယ်ဆယ်ရေးအဖွဲ့က ငွေကျပ်သိန်း ၅ဝ၊ ပန်းပျိုးသူပရဟိတအဖွဲ့က ငွေကျပ်သိန်း ၂ဝ တို့ကို လှူဒါန်းခဲ့ ကာ ဝေဠုကျော်ဖောင်ဒေးရှင်းသို့ လည်း လှူဒါန်းနိုင်ကြောင်း သိရ သည်။ ဝေဠုကျော်သည် ဇူလိုင် ၂၈ ရက်က ကောလင်းမြို့တွင် ရေဘေး ကြုံတွေ့နေသူများကို ကူညီကယ်ဆယ် မှုများပြုလုပ်ပြီး ဇူလိုင် ၂၉ ရက်၌ ကောလင်းစည်ပင်သာယာမြို့မဈေး သို့ ကိုယ်တိုင်ဝင်ရောက် အလှူခံ ပေးခဲ့ကြောင်း သိရသည်။ ရွှေလင်းပြည့်စုံ ကောလင်းရေဘေးသင့်ဒေသခံများ ရေတွင်းသန့်စင်ရေးနှင့် အိမ်သာများ အရေးပေါ်လိုအပ်နေ ============================================== ကောလင်း ဇူလိုင် ၃ဝ စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ရေဘေးကြုံတွေ့ခဲ့သော မြို့များတွင် အဆိုးဆုံးဖြစ်ခဲ့သည့် ကောလင်း မြို့နယ်တွင်း ကျေးရွာများမှ ရေဘေး သင့်ပြည်သူများမှာ လတ်တလော တွင် ရေတွင်းများ သန့်စင်ရေးနှင့် အိမ်သာများ အရေးပေါ်လိုအပ်နေ ကြောင်း သိရသည်။ ဇူလိုင် ၂၈ ရက်နောက်ပိုင်း ရေကျသွားပြီဖြစ်၍ ကယ်ဆယ်ရေး စခန်းများမှ မိမိတို့ကျေးရွာနေအိမ် များသို့ ပြန်လည်သွားရောက်နေထိုင် သူများတွင် ရေတွင်းနှင့် သန့်စင်ရေ အိမ်သာများအခက်အခဲများ ကြုံနေ ရကြောင်း သိရသည်။ ယခုအခါ ရေတွင်း၊ အိမ်သာများ အကုန်ပွင့်ကုန်၍ ရေသန့်ရှင်းဖို့ ဆေးခတ်မှုလုပ်ရသည်။ မီးသတ် တပ်ဖွဲ့နှင့် ကျန်းမာရေးဌာနအဖွဲ့များ က စာရင်းကောက်နေကြသည်။ ကျေးရွာအုပ်ချုပ်ရေးမှူးများက အတိ အကျစာရင်းပေးပြီး တင်ပေးနိုင်ရန် လုပ်ဆောင်ရမှု လွယ်ကူမည်ဖြစ်သည်။ ရေဘေးသင့်ဒေသများသို့ နိုင်ငံ တော်က ထောက်ပံ့ပေးမှုတွင် အဆိုး ရွားဆုံးဖြစ်ခဲ့သော ကောလင်းမြို့မှာ ၆ဝ ရာခိုင်နှုန်း၊ ကန့်ဘလူမြို့နယ်မှာ ၃ဝ ရာခိုင်နှုန်းနှင့် ကျွန်းလှမြို့နယ်မှာ ၁ဝ ရာခိုင်နှုန်း ဘတ်ဂျက်ခွဲဝေရရှိပြီး ကောလင်းမြို့ပေါ်တွင် ကျန်းမာရေး အတွက် အိမ်သာများနှင့် အခြား ဆေးဝါးပစ္စည်းများ ပြန်လည် ထူထောင်ရေးအတွက် ရောက်ရှိနေ ပြီ ဖြစ်သည်။ ရေတွင်းရေကန်များသို့ ဆေးခတ် ခြင်းနှင့် ရေကျချိန်နောက်ဆက်တွဲ ကျန်းမာရေးပြဿနာများ မဖြစ်ပွား စေရေးကို နေပြည်တော်နှင့် တိုင်း ဒေသကြီး ကျန်းမာရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာ ထွန်းတင်နှင့် တာဝန်ရှိသူများ လိုက်လံလုပ်ဆောင်နေပြီး ရေရှိချိန် တွင် လှေဖြင့်သွားနိုင်သော်လည်း ရေကျချိန်၌ လမ်းများကျွံသဖြင့် ကားများသွားရန် အခက်အခဲများ ရှိနေကြောင်း သိရသည်။ ရေကြီးရေလျှံမှု ဖြစ်နေသော ဒေသများတွင် ကူညီကယ်ဆယ်မှု လုပ်ငန်းများလုပ်ပြီး ရေပြန်ကျသွား သောအခါ အရေးပေါ်လိုအပ်သမျှ ကို ကူညီနိုင်ရန်အတွက် ပြန်လည် ထူထောင်ရေးလုပ်ငန်းစဉ်များ လုပ် ဆောင်ကြသည်။ ရေကျသွားသော နေရာများတွင် ရေတွင်းရေကန်များ သန့်ရှင်းရေးလုပ်ရန်၊ သောက်ရေရရှိ ရန်၊ စာသင်ကျောင်းများ အမြန်ဆုံး ပြန်လည်ဖွင့်လှစ်သွားရန်၊ လယ်ယာ မြေများ ပြန်လည်စိုက်ပျိုးနိုင်ရန်နှင့် စပါးထောက်ပံ့ရန်ဖြစ်သည်။ ရေကြီးရေလျှံမှု ဖြစ်ပွားနေ သောဒေသများသို့ ကူညီကယ်ဆယ် ရေးလုပ်ငန်းများ သွားရောက်လုပ်ကိုင် နေသည့် သရုပ်ဆောင် ဝေဠုကျော် အား သရုပ်ဆောင်မင်းမော်ကွန်းက ငွေကျပ်နှစ်သိန်း၊ ကိုးကန့်လူမှု ကယ်ဆယ်ရေးအဖွဲ့က ငွေကျပ်သိန်း ၅ဝ၊ ပန်းပျိုးသူပရဟိတအဖွဲ့က ငွေကျပ်သိန်း ၂ဝ တို့ကို လှူဒါန်းခဲ့ ကာ ဝေဠုကျော်ဖောင်ဒေးရှင်းသို့ လည်း လှူဒါန်းနိုင်ကြောင်း သိရ သည်။ ဝေဠုကျော်သည် ဇူလိုင် ၂၈ ရက်က ကောလင်းမြို့တွင် ရေဘေး ကြုံတွေ့နေသူများကို ကူညီကယ်ဆယ် မှုများပြုလုပ်ပြီး ဇူလိုင် ၂၉ ရက်၌ ကောလင်းစည်ပင်သာယာမြို့မဈေး သို့ ကိုယ်တိုင်ဝင်ရောက် အလှူခံ ပေးခဲ့ကြောင်း သိရသည်။ ရွှေလင်းပြည့်စုံ

No comments: