Saturday, August 1, 2015

မစ်ရေကြီးခြင်း သတိပေးချက် ======================

မြစ်ရေကြီးခြင်း သတိပေးချက် ====================== နေပြည်တော် ဇူလိုင် ၃၁ ယနေ့နံနက် ၁ဝ နာရီခွဲတိုင်းထွာချက်အရ ဧရာဝတီမြစ်ရေသည် ပခုက္ကူမြို့တွင် ယင်းမြို့၏စိုးရိမ်ရေမှတ်အောက် ၆ဝ စင်တီမီတာ (နှစ်ပေ ခန့်)တွင် ရောက်ရှိနေသည်။ အဆိုပါမြစ်ရေသည် နောက်နှစ်ရက်အတွင်း ယင်းမြို့၏စိုးရိမ်ရေမှတ်သို့ ရောက်ရှိနိုင်သည်။ ယနေ့ နံနက် ၁ဝ နာရီခွဲ တိုင်းထွာချက်အရ ဧရာဝတီမြစ်ရေသည် မကွေးမြို့တွင် ယင်းမြို့၏စိုးရိမ်ရေမှတ်အောက် ၁၂၆ စင်တီမီတာ (လေးပေခန့်)တွင် ရောက်ရှိနေသည်။ အဆိုပါမြစ်ရေသည် နောက် နှစ်ရက်အတွင်း ယင်းမြို့၏စိုးရိမ်ရေမှတ်သို့ ရောက်ရှိနိုင်သည်။ ယနေ့ နံနက် ၁ဝ နာရီခွဲတိုင်းထွာချက်အရ ဧရာဝတီမြစ်ရေသည် မင်းဘူးမြို့တွင် ယင်းမြို့၏စိုးရိမ်ရေမှတ်အောက် ၈၇ စင်တီမီတာ (သုံးပေ ခန့်) တွင် ရောက်ရှိနေသည်။ အဆိုပါမြစ်ရေသည် နောက်နှစ်ရက်အတွင်း ယင်းမြို့၏စိုးရိမ်ရေမှတ်သို့ ရောက်ရှိနိုင်သည်။ ယနေ့နံနက် ၁ဝ နာရီခွဲတိုင်းထွာချက်အရ ဧရာဝတီမြစ်ရေသည် အောင်လံမြို့တွင် ယင်းမြို့၏စိုးရိမ်ရေမှတ်အောက် ၇၈ စင်တီမီတာ (နှစ်ပေခွဲခန့်)တွင် ရောက်ရှိနေသည်။ အဆိုပါမြစ်ရေသည် နောက် ၂၄ နာရီအတွင်း ယင်းမြို့၏စိုးရိမ်ရေမှတ်သို့ ရောက်ရှိနိုင်သည်။ ယနေ့နံနက် ၁ဝ နာရီခွဲတိုင်းထွာချက်အရ ဧရာဝတီမြစ်ရေသည် ပြည်မြို့တွင် ယင်းမြို့၏ စိုးရိမ်ရေမှတ်အောက် ၄၇ စင်တီမီတာ (တစ်ပေ ခွဲခန့်)တွင်ရောက်ရှိနေသည်။ အဆိုပါမြစ်ရေသည် နောက် ၂၄ နာရီ အတွင်း ယင်းမြို့၏စိုးရိမ်ရေမှတ်သို့ ရောက်ရှိနိုင်သည်။ ယနေ့နံနက် ၁ဝ နာရီခွဲတိုင်းထွာချက်အရ ဒုဋ္ဌဝတီမြစ်ရေသည် မြစ်ငယ်မြို့တွင် ယင်းမြို့၏ စိုးရိမ်ရေမှတ်အောက် ၅၅ စင်တီမီတာ (နှစ်ပေခန့်)တွင်ရောက်ရှိနေသည်။ အဆိုပါမြစ်ရေသည် နောက်နှစ်ရက် အတွင်း ယင်းမြို့၏စိုးရိမ်ရေမှတ်သို့ ရောက်ရှိနိုင်သည်။ ဧရာဝတီမြစ်ရေသည် ဟင်္သာတမြို့တွင် ဇူလိုင် ၃၁ ရက် နံနက် (ဝဝး၃ဝ) နာရီမှစ၍ စိုးရိမ်ရေမှတ်သို့ ရောက်ရှိခဲ့ပြီး မွန်းလွဲ ၁၂ နာရီခွဲ တိုင်းထွာချက်အရ ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက် ၁ဝ စင်တီမီတာ (ပေဝက်ခန့်) ကျော်လွန်နေသည်။ အဆိုပါမြစ်ရေသည် နောက်သုံးရက် အတွင်း ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက်တွင် ဆက်လက်တည်ရှိနိုင် သည်။ ချင်းတွင်းမြစ်ရေသည် ကလေးဝမြို့တွင် ဇူလိုင် ၂၉ ရက် နံနက် ၂ နာရီခွဲမှစ၍ စိုးရိမ်ရေမှတ်သို့ ရောက်ရှိခဲ့ပြီး မွန်းလွဲ ၁၂ နာရီခွဲ တိုင်းထွာ ချက်အရ ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက် ၁၄၃ စင်တီမီတာ(လေးပေခွဲခန့်) ကျော်လွန်နေသည်။ အဆိုပါမြစ်ရေသည် နောက်သုံးရက်အတွင်း ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက်တွင် ဆက်လက်တည်ရှိနိုင်သည်။ သံလွင်မြစ်ရေသည် ဘားအံမြို့တွင် ဇူလိုင် ၂၈ ရက် မွန်းလွဲ ၂ နာရီခွဲမှစ၍ စိုးရိမ်ရေမှတ်သို့ရောက်ရှိခဲ့ပြီး မွန်းလွဲ ၁၂ နာရီခွဲ တိုင်းထွာ ချက်အရ ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက် ၉၂ စင်တီမီတာ (သုံးပေခန့်) ကျော်လွန်နေသည်။ အဆိုပါမြစ်ရေသည် နောက်သုံးရက်အတွင်း ယင်းမြို့၏စိုးရိမ်ရေမှတ်အထက်တွင် ဆက်လက်တည်ရှိနိုင်သည်။ စစ်တောင်းမြစ်ရေသည် မဒေါက်မြို့တွင် ဇူလိုင် ၂၇ ရက် နံနက် ၁ဝ နာရီခွဲမှစ၍ စိုးရိမ်ရေမှတ်သို့ရောက်ရှိခဲ့ပြီး မွန်းလွဲ ၁၂ နာရီခွဲ တိုင်းထွာချက်အရ ယင်းမြို့၏စိုးရိမ်ရေမှတ်အထက် ၁၁၅ စင်တီမီတာ (လေးပေခန့်) ကျော်လွန်နေသည်။ အဆိုပါ မြစ်ရေသည် နောက်သုံးရက် အတွင်း ယင်းမြို့၏စိုးရိမ်ရေမှတ်အထက်တွင် ဆက်လက်တည်ရှိနိုင်သည်။ ငဝန်မြစ်ရေသည် ငါးသိုင်းချောင်းမြို့တွင် ဇူလိုင် ၂၇ ရက် ညနေ ၄ နာရီခွဲမှစ၍ စိုးရိမ်ရေမှတ်သို့ရောက်ရှိခဲ့ပြီး မွန်းလွဲ ၁၂ နာရီခွဲ တိုင်းထွာ ချက်အရ ယင်းမြို့၏စိုးရိမ်ရေမှတ်အထက် ၅၇ စင်တီမီတာ (နှစ်ပေခန့်) ကျော်လွန်နေသည်။ အဆိုပါမြစ်ရေသည် နောက်သုံးရက်အတွင်း ယင်းမြို့ ၏စိုးရိမ်ရေမှတ်အထက်တွင် ဆက်လက်တည်ရှိနိုင်သည်။ (မိုး/ဇလ)

No comments: