Thursday, August 27, 2015

အပစ်ရပ်စာချုပ် အမြန်ဆုံးဖြစ်စေလိုကြောင်း ဒေါ်အောင်ဆန်းစုကြည်ပြော =============================== ၂၇..၈..၁၅

အပစ်ရပ်စာချုပ် အမြန်ဆုံးဖြစ်စေလိုကြောင်း ဒေါ်အောင်ဆန်းစုကြည်ပြော =============================== ၂၇..၈..၁၅ - အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က အစိုးရနဲ့ လက်နက်ကိုင် တိုင်းရင်းသားအဖွဲ့တွေ အကြား အပစ်အခတ် ရပ်စဲရေးစာချုပ်ကို အမြန်ဆုံးလက်မှတ် ရေးထိုးကြစေချင်တယ်လို့ ပြောကြား လိုက်ပါတယ်။ - "အပစ်အခတ်ရပ်စဲကို အမြန်ဆုံးဖြစ်စေချင်တာပေါ့၊ တကယ်တစ်နိုင်ငံလုံး အားလုံးပါဝင်ပြီးတော့ အားလုံး ကနေပြီးတော့ ကတိတည်တဲ့စာချုပ်မျိုး ဖြစ်ပေါ်လာစေချင်တာပေါ့၊ ဒါမှပဲဒီနိုင်ငံဟာ ငြိမ်းချမ်းရေးဘက်ကို သွားနိုင်မှာပါ" - ဆက်လက်ပြီး ဒေါ်အောင်ဆန်းစုကြည်က အပစ်အခတ်ရပ်စဲပြီးမှသာ နိုင်ငံရေးဆွေးနွေးပွဲတွေကို စတင်နိုင်မှာဖြစ် တဲ့အတွက် လက်ရှိကာလမှာ သက်ဆိုင်သူတွေအနေနဲ့ အပစ်အခတ်ရပ်စဲရေး စာချုပ်ကို အမြန်ဆုံး လက်မှတ် ထိုးနိုင်ဖို့ ကြိုးပမ်းနေကြတယ်လို့ သူထင်မြင်ယူဆပါတယ်၊ စာချုပ်ကိုဖြစ်မြောက်စေချင်သလို အခုလို စာချုပ်တစ်ခု ချုပ်ဆိုဖို့ ဘယ်လောက်ခက်ခက်ခဲခဲ ကြိုးပမ်းကြရမယ် ဆိုတာကိုလည်း သူနားလည်ပါတယ်လို့ ပြောကြားပါတယ်။ - ဒ့ါအပြင် သူနဲ့ လက်ရှိတပ်မတော် ခေါင်းဆောင်တွေအကြား ရင်းနှီးမှုရရှိဖို့ သူ့ဖက်က ကြိုးစားခဲ့ပေမယ့် မျှော်လင့် သလို ဖြစ်ပေါ်လာခဲ့ခြင်းမရှိဘူးလို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။ - "ဟုတ်ပါတယ် သိပ်ပြီးတော့ ရင်းနှီးမှုမရှိပါဘူး၊ အစ်မတို့လည်း ကြိုးစားပါတယ်၊ တပ်မတော်ခေါင်းဆောင်တွေ သိပ်ပြီးတော့ စိတ်ပါလက်ပါမရှိတာပါ" - တဆက်တည်းမှာပဲ လက်ရှိအစိုးရရဲ့ လုပ်ဆောင်ချက်တွေကို သူ့အနေနဲ့ အမှန်အတိုင်း ဝေဖန်ပြောဆိုခဲ့ကြောင်း လည်း ပြောပါတယ်။ - ဓါတ်ပုံ ။ ။ဒေါ်အောင်ဆန်းစုကြည်အား၂၂.၈.၂၀၁၅ ရက်နေ့ ၊ နေလည် ၁း၃၀ နာရီက ရန်ကုန်မြို့ တက္ကသိုလ်ရိပ်သာ လမ်းနေအိမ်တွင် KNU မှ ဗိုလ်မှူးထူးထူးလေး၊့ ဦးဟန်ညောင်ရွေ နှင်အဖွဲလာရောက်တွေဆုံစဉ် ========== RFA

No comments: