Wednesday, August 26, 2015

ခံကြ...ခံလိုက်ကြ

ခံကြ...ခံလိုက်ကြ ကြံ့ဖွတ်လော်ဘီတွေ ၀ါဒဖြန့်ပုံများ ဒေါ်စုတက်လာရင် ကုလားနိုင်ငံဖြစ်သွားမယ်တဲ့ ချီးဦးနှောက်တွေက ယုံကြတယ် ဘင်္ဂါလီကို ခင်မာရီနာမည်နဲ့ နိုင်ငံသားမှတ်ပုံတင် ထုတ်ပေးခဲ့တာ ဒေါ်စုလုပ်ပေးခဲ့တာလား စစ်အစိုးရလက်ထက်လူကြီးတွေက ပိုက်ဆံယူပြီးလုပ်ပေးခဲ့တာလား ဘူးသီးတောင်က ဘင်္ဂါလီတွေ ပြည်မထဲခိုးသွင်းလာတာမိလိုက်ရင် စစ်ဗိုလ်စစ်သားနဲ့ လူကြီးသားသမီးချည်းပဲ NLD ပါတီဝင်တွေက ဘင်္ဂါလီတွေ ခိုးသွင်းလာဖူးသလား ဘင်္ဂါလီ ၅ သိန်းကို ကြံ့ဖွတ်ကိုမဲပေးဖို့ ၀ှိုက်ကတ်ထုတ်ပေးခဲ့တာရော ဒေါ်စုကထုတ်ပေးခဲ့တာလား ခင်ဗျားအဘတွေက ထုတ်ပေးခဲ့တာလား ရခိုင်မှာ ရခိုင်ဦးရေထက် ဘင်္ဂါလီဦးရေ ပိုများနေတာရော ဒေါ်စုကြောင့်လား ခင်ဗျားအဘတွေကြောင့်လား လွှတ်တော်ထဲမှာ အကျအနေ၀င်ထိုင်နေတဲ့ ဘင်္ဂါလီအမတ်တွေကရော ကြံ့ဖွတ်ကလား ဒေါ်စုပါတီကလား မြန်မာတစ်နိုင်ငံလုံးမှာ ဗလီပေါင်း ၁၁၀၀၀ ကျော်ဖြစ်လာတာရော ဒေါ်စုက ခွင့်ပြုပြီးဆောက်မိန့်ပေးခဲ့တာလား ခင်ဗျားတို့အဘတွေက ငွေမျက်နှာကြောင့် ဆောက်ခွင့်ပေးခဲ့တာလား လူမျိုးခြားကြီးစိုးမှာကြောက်တယ်ဆိုပြီး မန္တလေးကို တရုတ်တွေကြီးစိုးသွားတာရော ဒေါ်စုအုပ်ချုပ်လို့ ဖြစ်တာလား ခင်ဗျားအဘတွေအုပ်ချုပ်လို့ဖြစ်တာလား သံဃာ့အရေးအခင်းမှာ ဘုန်းကြီးတွေကို ဓာတ်တိုင်ကြိုးတုပ်ရိုက်တာ ရော NLD ပါတီဝင်တွေလား စွမ်းအားရှင် ကြံ့ဖွတ်တွေလား လက်ပန်းတောင်းမှာ သံဃာတွေကို မီးသင်္ကန်း ကပ်တာရော NLD ပါတီဝင်တွေလား ဒါတွေကိုမှ မသိဘူးဆိုရင် ခင်ဗျားက ချီးစားတဲ့ဦးနှောက်လား စစ်အစိုးရအုပ်ချုပ်တဲ့ခေတ် စစ်ဗိုလ်ချုပ်တွေ ကျိကျိတက်ချမ်းသာ ထားစရာနေရာမရှိ စံအိမ်ကြီးတွေမှာနေ ဇိမ်ခံကားတစ်ဝီ၀ီစီး သားသမီးတွေကို နိုင်ငံခြားမှာကျောင်းထား မကျန်းမာရင် နိုင်ငံခြားမှာဆေးသွားကု ရှေ့တန်းမှာ စစ်သားတွေက ဆင်းရဲစုတ်ပြတ် သေကြေဒဏ်ရာရ ခြေပြတ်လက်ပြတ်ဖြစ်တော့ လမ်းဘေးမှာ တောင်းစားရ စာအုပ်လေးတွေ လည်ရောင်းရ တိုင်းပြည်ကို ဘာမှအကျိုးမပြုခဲ့တဲ့ ဆန်ကုန်မြေလေး ဖိုးလပြည့်ကတော့ အီတလီပြိုင်ကား လမ်ဘော်ဂီနီနဲ့ မိုးစက်ဝိုင်ကိုတင်ကြွားပြ စစ်ဗိုလ်ချုပ်တွေ ခရိုနီတွေ စစ်ဗိုလ်ချုပ် သားသမီးကုမ္ပဏီတွေက နိုင်ငံ့သယံဇာတတွေ အကုန်ရောင်း ဓာတ်ငွေ့တွေရောင်းစား သစ်တောတွေလည်းပြုန်း ကျောက်စိမ်းတွေလည်းပြုတ် လက်ပန်းတောင်းတောင်ကိုဖြိုချလို့ ကြေးနီတွေလည်းထုတ် ဒီလောက်ရောင်းစားတဲ့ကြားက မြန်မာပြည်က အရှေ့တောင်အာရှ ထိပ်ဆုံးကနေ ဘိတ်ဆုံးဖြစ်ပြီး အဆင်းရဲဆုံး LDC စာရင်းဝင်သွား နိုင်ငံကသာ ဆင်းရဲစုတ်ပြတ်သွားတာ သူတို့ကျတော့ နိုင်ငံခြားဘဏ်တွေမှာ အပ်နှံထားတဲ့ ဒေါ်လာငွေ ၁၁ ဘီလျံရှိလို့ IMF က မြန်မာကို အကြွေးမလျှော်ပေးတော့ ပြည်သူတွေပဲခံလိုက်ကြ ပြည့်သူ့အခွန်အခနဲ့ နိုင်ငံခြား အကြွေးဆပ်ဖို့ကြိုးစားကြ စစ်ဗိုလ်ချုပ်တွေ က ငါတို့ အကုန်လုပ်တတ်တယ် ဆိုပြီး တိုင်းပြည်အုပ်ချုပ်လို့ နိုင်ငံလည်း မွဲတေစုတ်ပြတ်ပြီး မြန်မာလူမျိုးတွေ သူ့ကျွန်ဘ၀ရောက်ရ ထိုင်းငါးဖမ်းလှေတွေပေါ်မှာ ကျာပွတ်နဲ့အရိုက်ခံပြီး ကျွန်ခံရ မလေးရှားမှာ သူများအဆဲအဆိုခံပြီး ကျွန်ခံရ မြန်မာမိန်းကလေးတွေလည်း စင်္ကာပူမှာ အသားကိုရေနွေးပူလောင်း မီးပူနဲ့ထိုးပြီး ကျွန်ပြုခံရ... မင်းတို့မြန်မာအိမ်ဖော်မက ငါ့အတွင်းခံကို လျှော်ပေးနေတယ်ဆိုတဲ့ စင်္ကာပူကောင်ကို ဘာမှပြန်မပြောနိုင်တဲ့ ဘ၀့ မြန်မာပြည်သူတွေကတော့ ခံလိုက်ကြ ခံလိုက်ကြ ချီးဦးနှောက်သမားတွေက ကြံ့ဖွတ်ကို ထောက်ခံကြ ခံလိုက်ကြ ခံလိုက်ကြ နောက်ထပ်လည်းခံလိုက်ကြဦး Credit

No comments: