Friday, August 28, 2015

ပူတာအိုခရိုင်၌ အခြေခံပညာမူလတန်းအဆင့် ကျောင်းပေါင်းစုံဘောလုံးပြိုင် ================================================

ပူတာအိုခရိုင်၌ အခြေခံပညာမူလတန်းအဆင့် ကျောင်းပေါင်းစုံဘောလုံးပြိုင် ================================================ ပူတာအို သြဂုတ် ၂၇ ကျောင်းသားလူငယ်များ၏ကိုယ်ကာယကျန်းမာကြံ့ခိုင်လာစေရန်၊ ကျောင်းသားလူငယ်အချင်းချင်းချစ်ကြည် ရင်းနှီးမှုရရှိစေရန်နှင့် စည်းကမ်းသေဝပ်ပြီး ဥပဒေကို လေးစားလိုက်နာတတ်စေရန်ရည်ရွယ်၍ ကချင်ပြည်နယ် ပူတာအိုခရိုင်ပညာရေးမှူးရုံးက ကြီးမှူး၍ ၂ဝ၁၅-၂ဝ၁၆ ပညာသင်နှစ် အခြေခံပညာမူလတန်းအဆင့် ကျောင်း ပေါင်းစုံဘောလုံးပြိုင်ပွဲ ကွင်းဖွင့်ပွဲအခမ်းအနားကို သြဂုတ် ၂၅ ရက် မွန်းလွဲ ၂ နာရီက ပူတာအိုမြို့ အခြေခံပညာအထက်တန်းကျောင်းဘောလုံးကွင်း၌ ကျင်းပသည်။ အခမ်းအနားတွင် ခရိုင်ပညာရေးမှူးရုံး ဦးစီးအရာရှိ ဦးခင်မောင်ရီက အမှာစကားပြောကြားပြီး ပြိုင်ပွဲဝင် အားကစားသမားများက အားကစားသစ္စာအဓိဋ္ဌာန် ရွတ်ဆိုကြသည်။ ကွင်းဖွင့်ပွဲတွင် အထက(ခွဲ) ဆန်ဂေါင်အသင်း နှင့် အထက(ခွဲ)လေယာဉ်ကွင်းအသင်းတို့ ယှဉ်ပြိုင်ကစားကြရာ အထက(ခွဲ)လေယာဉ်ကွင်းအသင်းက လေးဂိုး-တစ် ဂိုးဖြင့် အနိုင်ရရှိသည်။ အဆိုပါပြိုင်ပွဲသို့ ပူတာအိုခရိုင်အတွင်းရှိ ပူတာအို/ မချမ်းဘောမြို့နယ်တို့မှ ပြိုင်ပွဲဝင်အသင်း ၁၁ သင်းက သြဂုတ် ၂၅ ရက်မှစတင်ကာ တစ်နေ့လျှင်သုံးပွဲဖြင့် စက်တင်ဘာ ၅ ရက်အထိ ယှဉ်ပြိုင်ကစားသွားမည်ဖြစ်ကြောင်း သိရသည်။ (ခရိုင် ပြန်/ဆက်)

No comments: