Tuesday, August 25, 2015

နန့်တိန်းနှင့် ခုနှစ်မိုင်ကြား လမ်းကြောင်းရှင်းပေးနေသော တပ်မတော်သား(၁)ဦးနှင့် အရက်မူး နေသော အရပ်သားတစ်ဦးတို့ အချင်းများကြရာမှ အရပ်သားတစ်ဦးသေဆုံး =========================================

နန့်တိန်းနှင့် ခုနှစ်မိုင်ကြား လမ်းကြောင်းရှင်းပေးနေသော တပ်မတော်သား(၁)ဦးနှင့် အရက်မူး နေသော အရပ်သားတစ်ဦးတို့ အချင်းများကြရာမှ အရပ်သားတစ်ဦးသေဆုံး
=========================================
24, August, 2015 By Kachin People

နန့်တိန်းနှင့် ခုနှစ်မိုင်ကြားတွင် အရပ်သားတစ်ဦးသေဆုံးမှုကို သတင်းနှင့်မီဒီယာ သမားများက တပ်မတော်အား အပုပ်ချချင်သဖြင့် အမျိုးမျိုးအဖုံဖုံ မဟုတ်မမှန်သတင်းများကို ထုတ်လွင့်နေကြကြောင်း ကြားသိရပါသည်။

ဖြစ်စဉ်အမှန်မှာ စကခ(၇)လက်အောက်ရှိ ခမရ(၄၂၁)မှ ဒုတကမောင်ဌေးသည် လမ်းကြောင်း လုံခြုံရေးဆောင်ရွက်ပေးပြီး ကားများပိတ်ဆို့နေသဖြင့် လမ်းကြောင်း ရှင်းပေးနေစဉ် စည်းကမ်းမဲ့ကားတစ်စီး ရောက်ရှိလာပြီး ၎င်းယာဉ်ပေါ်ပါလာသူ မောင်ရတနာထွန်းမှ ဆင်းလာကာ လမ်းကြောင်း ရှင်းပေးနေသော ဒုတကမောင်ဌေးကို ဆဲဆိုအော်ငေါက်သောကြောင့် အချင်းများ ကြကြောင်း သိရှိရပါသည်။

မောင်ရတနာထွန်းမှာ အရက်မူးနေသောကြောင့် ယာဉ်မောင်း သိန်းမင်းထွန်းက နောက်မှ လိုက်ဆွဲခဲ့ကြောင်း၊ ရတနာထွန်းမှ ဒုတကမောင်ဌေးအား မကျေနပ်သဖြင့် နီးစပ်ရာတွင် ကျောက်ခဲဖြင့်ထုရန် ကျောက်ခဲရှာခဲ့သော်လည်း မတွေ့သဖြင့် သိန်းမင်းထွန်းထံ ဓါးတောင်းယူ ခဲ့ကြောင်း၊ သိန်းမင်းထွန်းမှ ဓါးမပေးသဖြင့် ရှေ့တွင်ရပ်ထားသည့် ၆ ဘီးယာဉ်သို့သွားပြီး ဓါးရှာရာ မတွေ့ပဲ တုန်ဟုန်ယာဉ်သို့ ဓါးယူရန်ပြန်လာစဉ် သိန်းမင်းထွန်းက ရတနာထွန်း၏ အော်ဟစ်ဆဲဆိုနေသည့် ပါးစပ်ကိုလိုက်ပိတ်ရာ လည်ပင်းညှစ်မိ၍ ဖမ်းချုပ်ထားစဉ် ဒုတကမောင်ဌေးက ၎င်းအား အန္တရယ်ပြုရန် ရှေ့သို့ တိုးလာသည်အထင်ဖြင့် နောက်ကျောတွင် လွယ်ထားသော သေနတ်အား ရှေ့သို့ဆွဲထုတ်ပြီး ကိုင်လိုက်စဉ် မတော်တဆ ကျည်(၁)တောင့် ထွက်ပြီး ရတနာထွန်းအား ထိမှန်ခဲ့ခြင်းဖြစ်ကြောင်း၊ ဒုတက မောင်ဌေးမှာ လမ်းလုံခြုံရေး ဆောင်ရွက်စဉ်ဖြစ်၍ ကျည်ထိုးထားပြီး လုံခြုံမှုခလုပ်အား ပိတ်ထား သော်လည်း မတော်တဆ ကျည်ထွက်ထိမှန်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရပါသည်။

အခြားမျက်မြင်သက်သေ တစ်ဦးဖြစ်သော ဦးတင်ထွန်းမှလည်း ဖြစ်စဉ်ဖြစ်ပွားသည့် နေရာနှင့် ကိုက် ၁၀၀ အကွာအဝေးသို့ရောက်ရှိနေပြီး အရပ်သား(၂)ဦးနှင့် စစ်သည်(၁)ဦး စကားများနေကြောင်း၊ ရတနာထွန်းမှ အရက်မူးသံဖြင့် “ဒီကောင်တွေက ဘာကောင်မို့လဲ၊ ချရအောင်၊ ဓါးပေးစမ်း” ဟုပြောဆိုပြီး၊ ယာဉ်မောင်းသိန်းမင်းထွန်းမှ ရတနာထွန်း၏ ပါးစပ်ကိုပိတ်လိုက်ရာ လည်ပင်းညှစ်သည့် အနေအထားဖြစ်နေကြောင်း၊ ဒုတက မောင်ဌေးက နောက်မှ လိုက်လာပြီး “နောက်ကကောင်က ဘာဖြစ်ချင်လို့လဲ” ဟုပြောပြီး နောက်ဘက်တွင် လွယ်ထေားသော သေနတ်အား ရှေ့သို့ထုတ်ပြီး မြှောက်ကိုင်လိုက်စဉ် သေနတ်သံ(၁)ချက် ကြားလိုက်ရသည်ဟု” ထွက်ဆိုထားပါသည်။

ရတနာထွန်းမှာ ဒုတက မောင်ဌေး၏ တာဝန်ဝတ္တရားများကို နှောင့်ယှတ်ပြီး ကိုယ်ထိ လက်ရောက် ကျုးလွန်ရန်အတွက် ပြုလုပ်လာခြင်းကြောင့် နောက်မှလွယ်ထားသော သေနတ်ကို ရှေ့သို့ ထုတ်ကိုင်လိုက်ချိန်မှာ ကျည်(၁)တောင့် မတော်တဆထွက်ကာ ထိမှန်သွားခြင်း ဖြစ်သော်လည်း ဒုတက မောင်ဌေးအား တပ်မတော်မှ စစ်စည်းကမ်းအရ ထိရောက်စွာ အရေးယူ ဆောင်ရွက်သွားမှာဖြစ်သလို၊ ရတနာထွန်း၏ မိသားစုကိုလည်း တာဝန်ရှိသူများကိုယ်တိုင် ရပ်မိရပ်ဖများရှေ့မှောက်တွင် ထောက်ပံ့ငွေများ ပေးအပ်ပြီး၊ ကောင်းမွန်စွာ သဂြိုလ်ပေးခဲ့ကြောင်း  သိရှိရပါသည်။

No comments: