Thursday, August 27, 2015

လက်နက်၊ ခဲယမ်းများနှင့်ကျပ်သိန်းပေါင်း ၁၄ဝဝဝ ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများဖမ်းဆီးရမိ

လက်နက်၊ ခဲယမ်းများနှင့်ကျပ်သိန်းပေါင်း ၁၄ဝဝဝ ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများဖမ်းဆီးရမိ နေပြည်တော် သြဂုတ် ၂၆ ရှမ်းပြည်နယ်(မြောက်ပိုင်း)တာမိုးညဲမြို့၊နမ့်ဖာတီးကျေးရွာအနီး တပ်မတော်စစ်ကြောင်းများက နယ်မြေရှင်းလင်းဆောင်ရွက်စဉ် သြဂုတ်၂၅ ရက် နံနက် ၆ နာရီ ၁၅ မိနစ်ခန့်တွင်အဆိုပါကျေးရွာနေ လောင်စီး ၃ဝ နှစ်(ဘ)ဦးထင်ရှန်း၏နေအိမ်မှ ပီနံအိတ် လေးအိတ်ဖြင့်ထုပ်ထားသော လက်နက်မျိုးစုံ ၁ဝ လက်၊ကျည်မျိုးစုံ ၁၂၉ တောင့်၊ ပစ္စတိုကျည်အိမ်တစ်ခု၊ မိုင်းတစ်လုံးနှင့် ကာလတန်ဖိုးကျပ်သိန်းပေါင်း ၁၄၁၆ဝ ကျပ်ရှိ စိတ်ကျြွှမူးယစ်ဆေးပြားအထုပ်ကြီး ၁၁၈ ထုပ် (၇ဝ၈ဝဝဝ)ပြား တို့အား တရားခံ လောင်စီးနှင့်အတူ ဖမ်းဆီးရမိခဲ့သည်။ ထို့အပြင်နေအိမ် ပတ်ဝန်းကျင်အား ဆက်လက်ရှင်းလင်းရာ ကျည်အိမ်လေးခုနှင့် လိုင်စင်မဲ့မော်တော်ယာဉ် တစ်စီးအား ထပ်မံသိမ်းဆည်းရမိခဲ့သည်။ ဖမ်းဆီးရမိ တရားခံ နှင့် လက်နက်၊ ခဲယမ်းများ၊ မူးယစ်ဆေးဝါးများအား ဥပဒေအရအရေးယူဆောင်ရွက်နိုင်ရေး ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

No comments: