တိုက်ပွဲတွေ မဖြစ်လဲ KIA မိုင်းထောင်ပြီးလူသတ်တယ်
================================
2, July, 2015 By Voice Of Kachin
လက်နက်ကိုင် သောင်းကျန်းသူ KIA တပ်မတော်ဟာ အစိုးရတပ်မတော်နှင့် ထိတွေ့တိုက်ပွဲ မဖြစ်ပွားလဲ လူစည်းကားရာနေရာ လမ်းဆုံလမ်းခွ၊ ဈေး၊ ကျောင်း၊ လမ်းမကြီးများ၊ တောင်ယာကုန်း များအား မိုင်းထောင် မိုင်းခွဲခြင်းများ ပြုလုပ်လျှက်ရှိကြောင်း သိရှိရပါသည်။
ကချင်ပြည်နယ်အတွင်း တိုက်ပွဲက နဲနဲ၊ KIA မိုင်းထောင်လို့ ဒေသခံများ ထိခိုက်နစ်နာမှုက များများ ဖြစ်နေပါတယ်။ ယခုနောက်ပိုင်းမှာ KIA ဟာ အစုလိုက်အပြုံလိုက် သေစေနိုင်တဲ့ ဒေသန္တရ လက်လုပ်မိုင်းတွေ ထောင်လာတာ တွေ့ရပါတယ်။ ဘယ်လောက်ထိ ရက်စက်ယုတ်မာ သလဲဆိုရင် KIA ဟာ အပြစ်မဲ့ ကလေးတွေ စာသင်ကြားရာ စာသင်ကျောင်းအပေါက်အထွက်မှာ ထောင်ထား ခဲ့တာပါပဲ။ အဲ့ဒီမိုင်းဟာ အစုလိုက်အပြုံလိုက်ကို သေစေနိုင်တဲ့ မိုင်းမျိုးကို ထောင်ထားခဲ့တာ ဖြစ်ပါတယ်။
ကျောင်းပတ်ဝန်းကျင်က ပြည်သူတွေ စောလျင်စွာ သိခဲ့လို့ တပ်မတော်ကို အကြောင်းကြားပြီး တပ်က မိုင်းရှင်းလင်းရေးအဖွဲ့တွေ အသက်နဲ့လဲပြီး ရှင်းလင်းခဲ့ရပါတယ်။ တကယ်လို့ အသိသာ နောက်ကျခဲ့မယ်ဆိုရင်တော့ အဲ့ဒီနေရာမှာ ကျောင်းသားလေးတွေရဲ့သွေး မြေကျရခဲ့မှာ အမှန်ပါပဲ။
လူသားချင်းစာနာထောက်ထားတယ်ဆိုတာ KIA မှာ ရှိလို့လား။ လူတွေကို မစာနာလို့ မထောက်ထားလို့ KIA ဌာနချုပ်ကိုတောင် လူသားတံတိုင်းနဲ့ ကာရံထားသေးတာပဲကြည့်ပါ။ ဒါဟာ “ကချင်လူမျိုး ကောင်းစားရေး အတွက်တဲ့လား” .. ကချင်လူမျိုးဒုက္ခိတဖြစ်ရေးလို့သာ ပြောင်းလိုက် ပါတော့ဗျာ။
Like
No comments:
Post a Comment