ဖားကန့်နေ ပြည်သူများ သတိရှိစေချင်======================
2, July, 2015 By Voice Of Kachin၂၀၁၅ ခုနှစ် ဇူလိုင်လ ၁ ရက် နံနက် ၆ နာရီခွဲအချိန်ခန့်တွင် ဖားကန့်မြို့နယ်၊ ကာမိုင်းမြို့ အရှေ့တောင်ဘက် (၇) မိုင်ခန့်အကွာ ကာမိုင်း-မိုးကောင်းသွားလမ်း ဂေါ်ရီအုပ်စု၊ လဂတ်ယန် ကျေးရွာနှင့် မန်တင်ကျေးရွာကြားတွင် ကေအိုင်အေထောင်ထားသော မိုင်း(၁)လုံးနှင့် ညနေ ၅ နာရီအချိန်ခန့်တွင် ဖားကန့်မြို့၏ အနောက်တောင်ဘက် (၃)မိုင်ခန့်အကွာရှိ ဆိပ်မူကျေးရွာအနီး ဟွာကျင်စက်သုံးဆီဆိုင်၏ ယာဘက်ပေ (၄၀) ခန့်အကွာ၊ ဆိပ်မူ-ဖားကန့်သွားကားလမ်း၏ ၀ဲဘက်ခြမ်း မြေသားနံရံမှ ကေအိုင်အေထောင်ထားသော ဒေသန္တရမိုင်း (၁) လုံးတို့သည် တစ်ရက်တည်းတွင် နှစ်ကြိမ်ပေါက်ကွဲ ခဲ့သော်လည်း လူ/တိရစ္ဆာန်နှင့် အခြားတစ်စုံတစ်ရာ ထိခိုက်မှုမရှိကြောင်း သိရှိရပါသည်။ထို့ကြောင့် ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်အတွင်းရှိ ဒေသများ၊ ကျေးရွာများတွင်မင်းမဲ့စရိုက်ဆန်စွာ နေ့စဉ်နှင့်အမျှဗုံးကွဲသံများ၊ မိုင်းသံများနှင့်အတူ မိုင်းထိမှန်၍ သေဆုံးသူများ၊ ဒဏ်ရာရရှိသူများ၊ ကုမ္ပဏီမီးရှို့ခံရ မှုများကြောင့် ဖားကန့်နေ ပြည်သူများအနေဖြင့် အစစအရာရာ သတိဖြင့်သွားလာနေထိုင် အလုပ်လုပ်ကိုင်စေလိုကြောင်း အသိပေးတင်ပြလိုက်ပါသည်
No comments:
Post a Comment