လုံးခင်းကျေးရွာအုပ်စုတွင် ကျပ်သိန်းပေါင်း(၂၂၀၀၀)ကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းမိ=======================================
2, July, 2015 By Voice Of Kachinကချင်ပြည်နယ်အတွင်း မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားခြင်း ပပျောက်စေရေး အပြင်းအထန် ကြိုးစားလျှက်ရှိရာ ကချင်ပြည်နယ် ပူးပေါင်းမူးယစ်တပ်ဖွဲ့မှ ဇွန် ၁ ရက်နေ့က လုံးခင်းကျေးရွာအုပ်စုမှာ ကျပ်သိန်းပေါင်း(၂၂၀၀၀)ကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးများကို ဖမ်းမိခဲ့ ပါတယ်။ကချင်ပြည်နယ်မှာမူးယစ်ဆေးဝါးကြောင့် လူပေါင်းများစွာအသက်ဆုံးရှုံးခဲ့ကြရပြီး ရောဂါပိုးများ၊ အခြားသော လူမှုရေးပြဿနာများ နေ့စဉ်နှင့် အမျှဖြစ်ပွားနေပါတယ်။ မူးယစ် ဆေးဝါးကို ဆယ်ကျော်သက် ကျောင်းသား/ကျောင်းသူများပါ သုံးစွဲလာသောကြောင့် မူးယစ်ဆေးဝါး ပပျောက်ရေးအတွက်ထိထိရောက်ရောက် ဆောင်ရွက်နေခြင်း ဖြစ်ပါတယ်။မူးယစ်ဆေးဝါးများကို ယခင် KIA ကြီးစိုးခဲ့စဉ်ကကိုယ်တိုင်စိုက်ကြတယ်။ ကိုယ်တိုင်ထုတ်လုပ်ကြတယ်။ တရားဝင်လိုလို ရောင်းဝယ်ဖောက်ကား သုံးစွဲလာခဲ့ခြင်းကြောင့် ယခုအချိန်မှာ ထိထိရောက်ရောက် တိုက်ဖျက်နေသော်လည်း ကျန်နေသေးတာ ဖြစ်ပါတယ်။ကချင်ပြည်နယ်အတွင်းမှာ မူးယစ်ဆေးဝါး ပပျောက်ရေး လုပ်ဆောင်နေသော်လည်း KIA ထိန်းချုပ်နယ်မြေထဲမှာတော့ ဘိန်းခင်းများကို ဆက်လက်စိုက်ပျိုးနေကြဆဲ ဖြစ်ပါတယ်။
No comments:
Post a Comment