Sunday, June 26, 2016

မြန်မာဒုက္ခသည်များနှင့် လုပ်သားများကို ဝိုင်းဝန်းကူညီရန် ထိုင်းရောက် မြန်မာကျောင်းဆရာနှင့် ကျောင်းသားများအား ဒေါ်အောင်ဆန်းစုကြည် တိုက်တွန်း

ဓာတ်ပုံ − ဂျေမောင်မောင်(အမရပူရ)
နိုင်ငံတော်၏အ တိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည်သည် မြန်မာဒုက္ခသည် များနှင့် ရွှေ့ပြောင်းအလုပ်သမား များ၏အရေးကိစ္စများကို အားလုံး နှင့် သက်ဆိုင်သည်ဟု ခံယူပြီး ကိုယ့်လူမျိုးအချင်းချင်း အကူအ ညီပေးကြရန် ထိုင်းနိုင်ငံရောက် တက္ကသိုလ် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် တွေ့ဆုံစဉ် တိုက်တွန်းပြောကြား လိုက်သည်။
ဒေါ်အောင်ဆန်းစုကြည် သည် ထိုင်းခရီးစဉ်နောက်ဆုံးရက် (ဇွန်လ ၂၅ ရက်) မွန်းလွဲ ၂ နာရီခန့်တွင် မြန်မာသံရုံး၌ ထိုင်းနိုင်ငံ တက္ကသိုလ်များရှိ ဆရာ၊ ဆရာမ များနှင့် တက္ကသိုလ်ကျောင်းသား၊ ကျောင်းသူများကို တွေ့ဆုံစဉ် အ ထက်ပါအတိုင်း ထည့်သွင်းပြော ကြားခဲ့သည်။
‘‘ကျွန်မအနေနဲ့ ဒုက္ခသည် စခန်းကို သွားချင်ပါတယ်။ သွား ချင်ပေမယ့်လည်း မရောက်ဘူးဆို တော့ အခု ဒီမှာ လာတဲ့ မြန်မာ နိုင်ငံသူ၊ နိုင်ငံသားတွေကို ကျွန်မ ကိုယ်စားပဲ လွှတ်ရမှာပဲ။ ကိုယ့် နိုင်ငံက ဒုက္ခသည်စခန်းကို ပြန်ပြီး တော့ ကြည့်ပါ။ ဒါဟာ လူမှန်ရင် လူမှုရေးအရ လုပ်သင့်ပါတယ်။
ကျွန်မတို့ရွှေ့ပြောင်းအလုပ် သမားတွေရဲ့အခြေအနေကို ပြန် ပြီး ကြည့်ရပါမယ်။ ငါတို့နဲ့မဆိုင် ပါဘူးလို့ ဘယ်တော့မှ မနေပါနဲ့။ အားလုံး ဆိုင်ပါတယ်’’ဟု ဒေါ် အောင်ဆန်းစုကြည်က ပြော သည်။
 နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ် ၏ သုံးရက်ကြာ ထိုင်းခရီးစဉ်တွင် မူလက ဇွန်လ ၂၅ ရက်၌ ထမ့်ဟင်း မြန်မာဒုက္ခသည် စခန်းသို့ သွားရောက်ရန် ထိုင်းအာဏာပိုင် များက အစီအစဉ်ဆွဲထားသော် လည်း ရာသီဥတုအခြေအနေကို အကြောင်းပြ၍ ယင်းခရီးစဉ်ကို ဖျက်သိမ်းခဲ့သည်။
ခရီးစဉ်ဖျက်သိမ်းမှုအပေါ် ဒေါ်အောင်ဆန်းစုကြည်က ‘‘သွား လို့ရှိရင် ရမယ်လို့ထင်ပါတယ်။ ဒါပေမဲ့ ကိစ္စမရှိပါဘူး။ ဒီဥစ္စာကို အတွေးဆက်မပွားတော့ပါဘူး’’ ဟု ရယ်မော၍ မှတ်ချက်ပြုခဲ့ သည်။ ဆက်လက်၍ ဒေါ်အောင် ဆန်းစုကြည်က ‘‘ဒီမှာ ရောက်နေ တဲ့ နိုင်ငံသားများဟာ အချင်းချင်း ကို ကူညီစေချင်တယ်။ အထူးသ ဖြင့် ကျွန်မတို့ရဲ့ ရွှေ့ပြောင်းအ လုပ်သမားတွေနဲ့ ဒုက္ခသည်တွေ ပေါ့။ အများစု ဒုက္ခရောက်နေတဲ့ ပုဂ္ဂိုလ်တွေပေါ့။ တချို့က ရွှေ့ ပြောင်းအလုပ်သမားထဲမှာ ဒုက္ခ ရောက်နေတာလည်း ဖြစ်နိုင် တယ်။ အားလုံးကို တတ်နိုင်တဲ့ ဘက်က ကူညီစေချင်တယ်။ ဒီ ဟာကို ကျောင်းသားတွေက အ သက်ငယ်ငယ်ကတည်းက ဒီလို စိတ်ဓာတ်ရှိရမယ်။ ပရဟိတစိတ် ဓာတ်၊ ငါတို့နဲ့ဆိုင်တယ်ဆိုတဲ့ စိတ်ဓာတ်၊ ငါတို့နိုင်ငံရဲ့ကိစ္စဟာ အားလုံးငါတို့နဲ့ ဆိုင်တယ်။ နောက်ဆုံးပြောရရင် လူသားတွေနဲ့ဆိုင်တဲ့ကိစ္စဟာ ငါတို့နဲ့ဆိုင်တယ်ဆိုတဲ့ စိတ်ဓာတ်နဲ့ လုပ်စေ ချင်တယ်’’ဟု တိုက်တွန်းပြောကြားသည်။
ထိုင်းနိုင်ငံတွင် ရောက်ရှိနေသူဖြစ်စေ၊ တစ်ကမ္ဘာလုံး မည်သည့် နေရာတွင် ရောက်ရှိနေသည်ဖြစ်စေ မြန်မာအစိုးရက တာဝန်ယူမည်ဟု ပြောကြားခဲ့ပြီး မြန်မာရွှေ့ပြောင်းအလုပ်သမားများ ရသင့်ရထိုက်သည့်  အခွင့်အရေးများကို တောင်းဆိုပေးမည်ဖြစ်ကြောင်း ကတိပြုခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည် သည် ထိုင်းတက္ကသိုလ်များရှိဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများနှင့် တွေ့ဆုံစဉ် မြန်မာ့ပညာရေးနှင့်ပတ်သက်၍ မေးခွန်းမေးမြန်းရန်၊ အကြံပြုချက်များပေးရန် ဖိတ်ခေါ်ခဲ့သည်။
မြန်မာ့ပညာရေးကောင်းမွန် ရန် အခြေခံမှစ၍ အဆင့်မြင့် ပညာရေးစနစ်အထိ ပြုပြင်ပြောင်းလဲရမည်ဖြစ်ပြီး ကျူရှင်စနစ် ကွယ် ပျောက်ရန်၊ ကျောင်းသား၊ ကျောင်းသူများ လွတ်လပ်စွာ ပညာသင်ယူနိုင်ရန်၊ မလိုက်နာနိုင်သည့် ဥပဒေရေးဆွဲမှုများမပြုလုပ်ရန်၊ မိဘအချင်းချင်း ပြိုင်ဆိုင်မှု မပြုရန် စသည့် အချက်များကို ဒေါ်အောင်ဆန်းစုကြည်က ထည့်သွင်းဆွေးနွေးခဲ့သည်။

No comments: