Thursday, September 22, 2016

လျှပ်စစ်ကြိုးပေါ် အဝတ်လှန်းရာမှ အမျိုးသားတစ်ဦး ဓာတ်လိုက်သေဆုံး

ဖြူး၊ စက်တင်ဘာ၂၂

ပဲခူးတိုင်းဒေသကြီး ဖြူးမြို့နယ် ဇေယျဝတီမြို့ မြို့မ(၁)ရပ်ကွက် မြို့သစ်ရှိ နေအိမ်တစ်လုံးတွင် အိမ်မီးဖိုချောင်နှင့် လျှပ်စစ်ရေမော်တာကို ဆက်သွယ်ထားသော မီးကြိုးပေါ် အဝတ်လှမ်းရာမှ စက်တက်ဘာ ၂၁ ရက် မွန်းလွဲ ၁ နာရီခွဲက အသက် ၄၂ နှစ်အရွယ် အမျိုးသားတစ်ဦး ဓာတ်လိုက် သေဆုံးခဲ့ကြောင်း ဇေယျဝတီနယ်မြေရဲစခန်းမှ စုံစမ်းသိရှိရသည်။

သေဆုံးသူမှာ ဦးစိုင်းထိန်လင်းဖြစ်ပြီး အဝတ်လှမ်းစဉ် ဓာတ်လိုက်ရာမှ လဲကျကာ လက်ဖဝါးပေါက်ပြဲ ဒဏ်ရာဖြင့် သေဆုံးခဲ့ကြောင်း၊ ရုပ်အလောင်းကို ဇေယျဝတီမြို့ တိုက်နယ်ဆေးရုံသို့ ပို့ဆောင်ထားပြီး သေမှုသေခင်းအမှတ်စဉ်ဖြင့် အမှုဖွင့်ကာ စစ်ဆေးနေကြောင်း ဇေယျဝတီနယ်မြေရဲစခန်းမှူး ရဲအုပ်ညွန့်သန်းက ပြောကြားသည်။

No comments: