(တရားခံဖမ်းမိ၍ ပျော်နေသော ကိုပေါက်စီ၊ ကိုသိုက်စိုး၊ ကိုခင်ဇော်ဦးတို့ ကသာမြို့ ကမ္ဘာ့ ရတနာဘဏ်၌ အမှတ်တရ)စစ်ကိုင်းတိုင်း ဒေသကြီး ကသာမြို့ရှိ ဦးသူရကျော်(ခ)ဦးပေါက် စီဆီကို၂၃.၉.၂၀၁၆နေ့ မနက် ၁၀နာရီ အချိန်မှာ ဖုန်းဖြင့် ငွေလိမ်လည် တောင်းခံမှု ဖြစ်ခဲ့ရာ ကမ္ဘာရတနာဘဏ်ရဲ့ အကူအညီဖြင့်၂၃.၉.၂၀၁၆ နေ့ နေ့လည်၂နာရီ ၃၆မိနစ် အချိန်မှာ တရားခံကို ဖမ်းမိခဲ့တယ်လို့ သိရပါတယ်။
မရိုးနိုင်တဲ့ လိမ်နည်းအတိုင်း ဖုန်းကံစမ်းမဲ ပေါက်တယ်လို့ ဆက်ခဲ့ရာမှာ ဦးပေါက်စီက အလိုက်သင့် ပြန်ပြော ခဲ့တယ်လို့ သိရပါတယ်။ ဖုန်းကံစမ်းမဲ သိန်း၉၀၀ပေါက်ရာမှာ နိုင်ငံတော်ကို အခွန်အဖြစ် သုံးရာခိုင်နှုန်းပေးသွင်းပြီးမှသာ ငွေလွှဲပေးမယ်လို့ပြောခဲ့ တယ်လို့ သိရပါတယ်။
၂၇သိန်းလွှဲရမှာ မရှိသေးလို့ ၁၉သိန်း အရင်လွှဲခိုင်းလို့ လွှဲခိုင်းခဲ့ပါတယ်။
ကသာမြို့ရှိ ကမ္ဘာ့ရတနာဘဏ် အကူအညီဖြင့် တာမွေမြို့နယ်ထဲရှိ ကမ္ဘာ့ ရတနာဘဏ်ကို ငွေ ၁၉၀၁၄၅၀ကျပ်လွှဲပေးပြီး တရားခံကို ဖမ်းမိလိုက်ပါတယ်။ တရားခံကတော့ ဦးမျိုးသန့် ၁၄/ပသန(နိုင်)၁၄၄၆၈၅၊ ဖုန်းနံပါတ် ၀၉၄၅၇၂၉၂၁၈၂ ဖြစ်တယ်လို့ သိရပါတယ်။
ကသာမြို့မ ရဲစခန်းမှ ပ-၂၅၆၊ ရာဇသတ်ကြီး ပုဒ်မ ၄၂၀ဖြင့် အမှုဖွင့်ထား ရဲအုပ်မျိုးမင်းလတ်မှ အမှုစစ်အဖြစ်
ဆောင်ရွက်နေကြောင်း သိရပါတယ်။
Aye Lwin
No comments:
Post a Comment