Friday, September 23, 2016

ဘရက်ပစ်ကို သက်ဆိုင်ရာက ကလေးသူငယ်ညှဉ်းပန်းမှုနဲ့ စုံစမ်းနေ

clock September 23rd, 2016

အမေရိကန်မင်းသမီး အင်ဂျလီနာဂျိုလီရဲ့ ခင်ပွန်းအဖြစ်ကနေ ကွာရှင်းပြတ်စဲဖို့ တရားရုံးမှာ တောင်းဆိုခံထားရတဲ့ အမေရိကန်မင်းသား ဘရက်ပစ်ကို သက်ဆိုင်ရာက ကလေးသူငယ် ညှဉ်းပန်းခေါင်းပုံဖြတ်မှုနဲ့ စုံစမ်းစစ်ဆေးနေပါတယ်။

ဘရက်ပစ်ဟာ ဇနီးဖြစ်သူ ဂျိုလီအပြင် သားသမီးတွေနဲ့အတူ သူတို့ကိုယ်ပိုင်လေယာဉ်စီးနေတုန်းမှာ ကလေးတစ်ယောက်ကို “နှုတ်အားဖြင့်ရော ရုပ်အားဖြင့်ရော ညှဉ်းပန်းခဲ့ပြီး” “ရုပ်အားဖြင့်” အနှောင့်အယှက် ပြုခဲ့တယ်လို့ People မဂ္ဂဇင်းက အတည်ပြု ရေးသားခဲ့တာပါ။

အမည်မဖော်လိုသူတစ်ယောက်ကလည်း ဘရက်ပစ်နဲ့ ဂျိုလီတို့မိသားစုရဲ့ လေယာဉ်ပေါ်က ဖြစ်ရပ်တစ်ခုကို ဗီဒီယိုရိုက်ထားတာ ပြန်တင်ခဲ့ပါတယ်။ အဲဒီနောက်မှာ လော့အိန်ဂျယ်လိစ်ခရိုင်၊ ကလေးသူငယ်နဲ့မိသားစု ဝန်ဆောင်မှုဌာနက ဒီစွပ်စွဲမှုနဲ့ပတ်သက်ပြီး ဘရက်ပစ်ကို စုံစမ်းစစ်ဆေးနေတာ ဖြစ်ပါတယ်။MCM

No comments: