Sunday, September 18, 2016

ဘုန်းကြီးကျောင်းဆွမ်းစားဆောင် ဝိုင်ယာရှော့ခ်ဖြစ်ပြီး မီးလောင်

မီးလောင်မှုဖြစ်ပွားခဲ့ရာ စိတ္တသုခ ဘုန်းကြီးကျောင်း ဆွမ်းစားဆောင်နေရာကို တွေ့ရစဉ် (ဓာတ်ပုံ - မျိုးမင်းဦး)

 မုံရွာမြို့နယ် ဘုမ္မနိုးကျေး ရွာရှိ စိတ္တသုခ ဘုန်းတော်ကြီး ကျောင်းတွင် ဆွမ်းစားဆောင် ပလတ်ခုံမှတစ်ဆင့် ဝိုင်ယာရှော့ခ် ဖြစ်ပြီး စက်တင်ဘာ ၁၆ ရက်နေ့လယ်က မီးလောင်ခဲ့ကြောင်း  မုံရွာမြို့နယ်မီးသတ်ဦးစီးဌာနရုံးမှ သတင်းရရှိသည်။

‘‘ဘုန်းကြီးကျောင်းဆောက် ဖို့ တစ်ရွာလုံးက မြစ်ထဲကို သဲ သယ်သွားကြတဲ့အချိန် မီးလောင် မှုဖြစ်ပွားခဲ့တာ။ ဆွမ်းစားဆောင် ကို မီးစက်နဲ့မီးပေးတယ်။ ဆွမ်း စားဆောင် ပလတ်ခုံကတစ်ဆင့် ပန်းရန်လုပ်ငန်းအတွက် ရေတင် ရင်း ဝိုင်ယာရှော့ခ်ဖြစ်ပြီး မီးလောင်တာလို့ သိရပါတယ်။ ဆွမ်းစား ဆောင်တစ်လုံးနဲ့ သံဃာနားနေ ဆောင်တစ်လုံး စုစုပေါင်း အဆောက်အအုံနှစ်လုံး မီးလောင် ခဲ့တာဖြစ်ပါတယ်’’ဟု မုံရွာမြို့ နယ် မီးသတ်ဦးစီးဌာနမှူး ဦးညီညီ ဇော်က ပြောသည်။

No comments: