Sunday, September 18, 2016

နွားများ တရားမ၀င် သယ်ဆောင်လာသူ ခြောက်ဦး ဟုမ္မလင်းတွင် အမှုဖွင့်ခံရ

 ဖောင်းပြင်မြို့နယ်မှ ဟုမ္မ လင်းမြို့နယ်သို့ ချင်းတွင်းမြစ်အ တိုင်း သက်ဆိုင်ရာခွင့်ပြုချက်မပါ ဘဲ နွားများသယ်ဆောင်လာသော အမျိုးသား ခြောက်ဦးကို ဟုမ္မလင်း မြို့နယ် သောင်သွပ်နယ်မြေရဲ စခန်းက အမှုဖွင့်စစ်ဆေးနေ ကြောင်း သတင်းရရှိသည်။

ဟုမ္မလင်းမြို့နယ် နန်းသ ညစ်ကျေးရွာအနီး၌ စက်တင်ဘာ ၆ ရက် နံနက် ၅ နာရီခွဲခန့်တွင် ဖောင်းပြင်မြို့နယ်မှ ဟုမ္မလင်းမြို့ နယ်သို့ ဆန်တက်လာသော စက် လှေတစ်စီးကို စစ်ဆေးရာမှ နွား ၁၇ ကောင်ကို စစ်ဆေးတွေ့ရှိခဲ့ သည်။

‘‘ချင်းတွင်းမြစ်အတွင်း နွား မှောင်ခိုတွေ သွားလာနေတဲ့သ တင်းအရ သောင်သွပ်နယ်မြေရဲစ ခန်းက ရဲတပ်ဖွဲ့ဝင်တွေ သွား ရောက်စစ်ဆေးခဲ့တာပါ။ ချင်း တွင်းမြစ်အတွင်း ဆန်တက်လာ တဲ့ သစ်သားခွံစက်လှေတစ်စီးကို စစ်ဆေးရာက နွား ၁၇ ကောင် သယ်ဆောင်လာသူ ခြောက်ဦးကို ဖမ်းမိခဲ့တာပါ’’ဟု စစ်ကိုင်းတိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ ရဲအ ရာရှိတစ်ဦးက ပြောသည်။

ချင်းတွင်းမြစ်တွင် ဆန် တက်လာသော သစ်သားခွံစက် လှေပေါ်ပါ  အမျိုးသားခြောက်ဦး၌ ဖောင်းပြင်မြို့နယ် နေထိုင်သူ လေးဦးနှင့် ဟုမ္မလင်းမြို့နယ်တွင် နေထိုင်သူ နှစ်ဦးတို့ဖြစ်သည်။

စက်လှေပေါ်တွင် နွား ၁၇ ကောင် ကာလတန်ဖိုး ကျပ် သိန်း ၆၀ ကို သက်ဆိုင်ရာခွင့်ပြုချက်မ ရှိဘဲ သယ်ဆောင်လာခဲ့သော  အ မျိုးသားခြောက်ဦးကို ဟုမ္မလင်း မြို့နယ် သောင်သွပ်နယ်မြေရဲစ ခန်းက အရေးကြီးကုန်စည်ပုဒ်မ  ၅ အရ အမှုဖွင့်စစ်ဆေးနေ ကြောင်း သတင်းရရှိသည်။

No comments: