Sunday, October 16, 2016

မောင်တောဒေသ လုံခြုံရေး ဒုတိယဗိုလ်ချုပ်ကြီး အောင်ကျော်ဇော ကွပ်ကဲဆောင်ရွက်

မြန်မာ−ဘင်္ဂလားဒေ့ရှ် နယ်စပ်ခြံစည်းရိုးတွင် နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်များ ကင်းလှည့်နေစဉ် (ဓာတ်ပုံ − စိုင်းဇော်)

စစ်ဆင်ရေးနယ် မြေအဖြစ် သတ်မှတ်ထားသော မောင်တောဒေသတွင် လုံခြုံရေး လုပ်ငန်းများကို ကာကွယ်ရေးဝန် ကြီးဌာန အမှတ်(၃)စစ်ဆင်ရေး အထူးအဖွဲ့မှူး ဒုတိယဗိုလ်ချုပ် ကြီးအောင်ကျော်ဇောက ကွပ်ကဲ ဆောင်ရွက်နေပြီး တပ်မတော် (ရေ)အထူးတပ်ဖွဲ့(Navy SEAL) တပ်ဖွဲ့ဝင်များကို အောက်တိုဘာ ၁၅ ရက်က အင်အားတိုးချဲ့ခဲ့ ကြောင်း သတင်းရရှိသည်။

အောက်တိုဘာ ၉ ရက်က မောင်တောဒေသတွင် အကာလ် မူလ်မူဂျာဟီဒင်န်အဖွဲ့က အ ကြမ်းဖက်တိုက်ခိုက်ခဲ့ပြီးနောက် မောင်တောနှင့် ဘူးသီးတောင်မြို့ နယ်များကို စစ်ဆင်ရေးနယ်မြေ အဖြစ် သတ်မှတ်ထားကာ တပ်မ တော်နှင့် နယ်ခြားစောင့်ရဲတပ်ဖွဲ့ ဝင်များက နယ်မြေရှင်းလင်းရေး လုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်နေသည်။‘‘လက်ရှိ အခြေအနေမှာဆို ရင် စစ်ဆင်ရေးအထူးအဖွဲ့မှူးက ဘူးသီးတောင်မှာ အခြေပြုပြီးနေ ပါတယ်။ တိုင်းမှူးကြီးနဲ့ ကျွန် တော်က မောင်တောမှာရှိနေပြီး တော့ တပ်မမှူးတို့က ကျီးကန်းပြင်(နယ်ခြားစောင့်ရဲဌာနချုပ်)မှာ ရှိ နေပါတယ်။ ထို့အတူပဲ မြန်မာနိုင် ငံရဲတပ်ဖွဲ့ ဒုရဲချုပ်က ကျီးကန်း ပြင်မှာ အခြေပြုပြီးတော့ လုံခြုံရေးကိစ္စရပ်များကို လက်ရှိ ဆောင် ရွက်နေပါတယ်’’ ဟု ရခိုင်ပြည် နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီးထိန်လင်းက အောက်တိုဘာ ၁၅ ရက်တွင် မောင်တောမြို့နယ်၌ ပြုလုပ်ခဲ့ သည့် အကြမ်းဖက်မှုများကြောင့် ထွက်ပြေး တိမ်းရှောင်လာသည့် မိသားစုဝင်များအတွက် အလှူ ပေးအပ်ပွဲနှင့် နယ်မြေအခြေအနေ ရှင်းလင်းပွဲတွင် ပြောကြားသည်။

 ဗိုလ်မှူးကြီး ထိန်လင်းက ဆက်လက်၍ ‘‘လက်ရှိ အနေအ ထားမှာလည်း ကျွန်တော်တို့တပ် များက နေရာဒေသအသီးသီးကို ရောက်ရှိပြီးတော့ စစ်ဆင်ရေး ကိစ္စရပ်များကို စနစ်တကျဆောင် ရွက်နေတယ်ဆိုတာ တင်ပြလိုပါ တယ်’’ဟု ပြောသည်။

ထို့အပြင် ယမန်နေ့က နေရာနှစ်ခုတွင် အကြမ်းဖက်တိုက်ခိုက်ခံခဲ့ရသော်လည်း လုံခြုံရေးတပ်ဖွဲ့ဝင်များ ထိခိုက်ဒဏ်ရာရရှိမှုမရှိဘဲ အကြမ်းဖက်သူ လေးဦးကို အရှင်ဖမ်းမိပြီး သုံးဦးကို အသေဖမ်းဆီးနိုင်ခဲ့ကြောင်း တပ်မတော်က သတင်းထုတ်ပြန်သည်။

အောက်တိုဘာ ၁၅ ရက် နံနက်ပိုင်းတွင် မောင်တောမြို့ နယ် လိပ်အိုင်ကျေးရွာသို့ လုံခြုံ ရေးတပ်ဖွဲ့များက နယ်မြေရှင်း လင်းရေးဆောင်ရွက်စဉ် အကြမ်း ဖက်တိုက်ခိုက်သူ အမျိုးသားတစ် ဦးနှင့် အမျိုးသမီး နှစ်ဦးတို့က ဓားများဖြင့် တိုက်ခိုက်သဖြင့် ပစ် ခတ်ဖမ်းဆီးရာ အကြမ်းဖက်သူ သုံးဦးကို အသေ ဖမ်းဆီးနိုင်ခဲ့ သည်။ အကြမ်းဖက်သူ သုံးဦးက ဓားဖြင့်တိုက်ခိုက်သော်လည်း ရဲ တပ်ဖွဲ့ဝင် သုံးဦးက တိမ်းရှောင် နိုင်ခဲ့သဖြင့် ဒဏ်ရာမရရှိခဲ့ကြောင်း တပ်မတော်က သတင်းထုတ်ပြန် သည်။

ထို့အပြင် ရီဒါကျေးရွာတစ် ၀ိုက် တပ်မတော်စစ်ကြောင်းက နယ်မြေရှင်းလင်းစဉ် အကြမ်းဖက် စီးနင်းတိုက်ခိုက်သူ လေးဦးက တိုက်ခိုက်လာသောကြောင့် စစ် ကြောင်းက ၎င်းတို့ လေးဦးကို ဖမ်းဆီးနိုင်ခဲ့ကြောင်းလည်း သ တင်းထုတ်ပြန်ထားသည်။

ထို့ကြောင့် အကြမ်းဖက်စီး  နင်းမှုများဖြစ်ပွားပြီးနောက် လုံခြုံ ရေး တပ်ဖွဲ့ဝင်များက အကြမ်း ဖက်သမား ၂၀ ဦးကို အသေဖမ်းမိပြီး ၈ ဦးကို အရှင်ဖမ်းမိထားသည်။ ထို့အပြင် ဘင်္ဂလားဒေ့ရှ်မှအကြမ်းဖက်သမားတစ်ဦးကို ဖမ်းဆီးလွှဲပြောင်းပေးထားသည်။

ထို့အပြင် မောင်တောဒေသ တွင် အောက်တိုဘာ ၁၅ ရက်က Navy Seal တပ်ဖွဲ့ဝင်များ တာဝန်စတင်ထမ်းဆောင်ခဲ့ကြောင်း ပြန် ကြားရေးဝန်ကြီးဌာနမှ တစ်ဆင့် သတင်းထုတ်ပြန်ထားသည်။

မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ် စပ် ခြံစည်းရိုးတွင် လုံခြုံရေးတာ ဝန် ထမ်းဆောင်နေသည့် နယ်ခြားစောင့်ရဲအရာရှိတစ်ဦးက ယခင်က အဖွဲ့များခွဲပြီး လှည့်ကင်း ဆောင်ရွက်ခဲ့သော်လည်း လက်ရှိ အချိန်တွင် စုစည်း၍ လုံခြုံရေးကို တိုးမြှင့် ဆောင်ရွက်နေကြောင်း သတင်းထောက်များအား ရှင်းပြ သည်။   

အကြမ်းဖက် တိုက်ခိုက်မှု များဖြစ်ပွားပြီးနောက် တစ်ပတ်အ ကြာ အောက်တိုဘာ ၁၅ ရက် မောင်တောမြို့ပေါ်အခြေအနေ မှာ နံနက်ပိုင်းတွင် ဈေးပြင်တန်းမှ ဈေးဆိုင်အများစု ပြန်လည်ဖွင့် လှစ်ခဲ့ပြီး နေ့လယ်ပိုင်းတွင် ပြန် လည်ပိတ်ထားခဲ့ကြသည်ကိုတွေ့ ရသည်။ သို့သော်လည်း ယခင် ရက်များထက် လူသွားလူလာများ ပြားလာသည်ကိုတွေ့ရပြီး ကျေး လက်ဒေသများမှ မိသားစုဝင်များ မြို့ပေါ်သို့ ထွက်ပြေးတိမ်းရှောင်မှုများရှိနေဆဲ ဖြစ်သည်။

လက်ရှိအချိန်ထိ မောင်တော၊ ဘူးသီးတောင်နှင့် စစ်တွေမြို့ပေါ် သို့ ထွက်ပြေးတိမ်းရှောင်သူ ဦးရေ သုံးထောင်ကျော်ရှိနေပြီဖြစ် ကြောင်း သတင်းရရှိသည်။

No comments: