Friday, July 29, 2016

မြစ်ရေကြီးနေစဉ်မှာပင် မုန်တိုင်းအရှိန်ကြောင့် ဒေသသုံးခု နေရာကွက်မိုးကြီးနိုင်

ဧရာဝတီမြစ်ရေကြီးမှုကြောင့် ကသာမြို့နယ် ကျောက်ထုံးကြီးအုပ်စု ဂွေ့ကြီးကျွန်းရှိ နေအိမ်အချို့ကို ဇူလိုင် ၂၈ ရက်က ရွှေ့ပြောင်းနေကြစဉ် (ဓာတ်ပုံ − Myanmar Fire Services Department)
မြစ်ရေကြီးခြင်းကြောင့် ဒေသသုံးခု ရေကြီးနစ်မြုပ်မှု ရင် ဆိုင်နေရချိန်တွင် တောင်တရုတ် ပင်လယ်မှ အပူပိုင်းမုန်တိုင်း အရှိန်ကြောင့် ကချင်၊ ကယားနှင့် ရှမ်းပြည်နယ်တို့၌ နေရာကွက်၍ မိုးကြီးနိုင်ကြောင်း မိုးလေ၀သ ပညာရှင် ဒေါက်တာထွန်းလွင်က သတိပေးသည်။
ဧရာဝတီ၊ ချင်းတွင်းနှင့် င၀န် မြစ်တို့သည် စိုးရိမ်ရေမှတ်အ ထက်သို့ ရောက်ရှိနေကာ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်းနှင့် ဧရာဝတီ တိုင်း ဒေသကြီးအတွင်းရှိ လူဦး ရေ ၁၄,၀၀၀ ခန့်တို့သည် ရေဘေး ရင်ဆိုင်နေရသည်။ ထိုအခြေအ နေတွင် တောင်တရုတ်ပင်လယ်၌ ဖြစ်ပေါ်နေသော အပူပိုင်းမုန်တိုင်း မီရီနေး၏ အရှိန်ကြောင့် မြန်မာ နိုင်ငံတွင်လည်း နေရာကွက်မိုး ကြီးမည့်အန္တရာယ်ရှိနေကြောင်း ဒေါက်တာထွန်းလွင်က ရှင်းပြ သည်။
‘‘အပူပိုင်း မုန်တိုင်းက ဗီယက်နမ်နိုင်ငံ ကမ်းခြေကို ၀င် ရောက်သွားပြီး ကုန်းတွင်းမုန်တိုင်း အဖြစ်နဲ့ ဆက်ရှိနေတယ်။ ဗီယက် နမ်နိုင်ငံ မြောက်ပိုင်း၊ လာအိုနိုင်ငံ တောင်ပိုင်းနဲ့ ထိုင်းနိုင်ငံ မြောက်  ပိုင်းတို့မှာ မိုးကောင်းခဲ့တယ်။ အဲဒီကတစ်ဆင့် မြန်မာနိုင်ငံဘက် ကို ရွေ့လျားလာပြီး ရှမ်း၊ ကယား နဲ့ ကချင်ဒေသတွေမှာ နေရာ ကွက်ပြီး မိုးကြီးစေနိုင်တယ်’’ဟု ဒေါက်တာထွန်းလွင်က သတိပေး သည်။နေရာကွက်မိုးကြီးနိုင်သည့် အချိန်ကာလအဖြစ် ဇူလိုင် ၂၈ ရက် ညနေမှ ယနေ့ (ဇူလိုင် ၂၉ ရက်)ညနေအထိ ၂၄ နာရီအတွင်း ရေဘေးအထူးသတိထားရန် ၎င်း က အကြံပြုသည်။
ဇူလိုင် ၂၀ ရက် နောက်ပိုင်း မှစကာ ကချင်ပြည်နယ်နှင့် စစ် ကိုင်းတိုင်းဒေသကြီးအတွင်း နေ့ စဉ် မိုးကောင်းခဲ့ပြီး ဧရာဝတီမြစ် နှင့် ချင်းတွင်းမြစ်တို့ ရေရုတ်တ ရက် တက်လာခဲ့သည်။ ယင်း မြစ် နှစ်ခု စိုးရိမ်ရေမှတ်အထိ တက်ခဲ့ ၍ မြစ်ကြောင်းတစ်လျှောက်ရှိ မြို့ ၁၅ မြို့ခန့် ရေလွှမ်းမိုးမှု ရင်ဆိုင်နေရသည်။
လူမှုဝန်ထမ်း၊ ကယ်ဆယ် ရေးနှင့် ပြန်လည်နေရာချထားရေး ၀န်ကြီးဌာန၏ ဇူလိုင် ၂၈ ရက် စာရင်းများအရ စစ်ကိုင်းတိုင်းဒေ သကြီးတွင် လူဦးရေ ၇,၀၀၀ ကျော်၊ ဧရာဝတီတိုင်းဒေသကြီး တွင် ၅,၃၀၀ ကျော်နှင့် မန္တလေး တိုင်းဒေသကြီးတွင် ၁,၄၀၀ ကျော်မှာ ရေဘေးလွတ်ရာသို့ ရွှေ့ပြောင်းနေထိုင်နေရကြောင်း သတင်းရရှိသည်။ ရေဘေးသင့်သူ စုစုပေါင်း ၁၄,၀၀၀ ခန့်အတွက် ကယ်ဆယ်ရေးပစ္စည်းများ အရေး ပေါ် ထောက်ပံ့ပေးနေရကြောင်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေ ရာချထားရေး ဦးစီးဌာန ညွှန်ကြား ရေးမှူး တစ်ဦးက ပြောသည်။
စစ်ကိုင်းတိုင်းဒေသကြီး ခန္တီး မြို့သည် လတ်တလော ရေကြီး နစ်မြုပ်မှု အဆိုးဆုံးဒေသဖြစ်ပြီး လူဦးရေ ၃,၇၀၀ ကျော်၊ ညောင်ဦးတွင် ၁,၄၀၀ ကျော်နှင့် ငါးသိုင်း ချောင်းမြို့တွင် ၅,၃၀၀ ကျော် ရေဘေး ရင်ဆိုင်နေရကြောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန် လည်နေရာချထားရေးဝန်ကြီး ဌာနမှ သတင်းရရှိသည်။
စစ်ကိုင်းတိုင်းနှင့် မန္တလေး တိုင်းဒေသကြီး မြို့နယ်အချို့မှ မြစ်ကမ်းဘေးတွင် တည်ဆောက် ထားသော နေအိမ်အချို့ အရေး ပေါ် ပြောင်းရွှေ့မှု ပြုလုပ်နေရသည်။
ဒေသအသီးသီးမှ ရေဘေး သင့်သူများသည် သောက်သုံးရေ အဓိကနှင့် ကယ်ဆယ်ရေးပစ္စည်း များ အရေးပေါ် လိုအပ်နေကြောင်း ဒေသခံ လူမှုရေးအဖွဲ့များမှ သ တင်းရရှိသည်။
မြစ်ရေကြီးမှုအခြေအနေ
ဧရာဝတီမြစ်- ဧရာဝတီမြစ်ရေ သည် ဇူလိုင် ၂၈ ရက် နေ့လယ် ၁၂ နာရီခွဲအချိန် တိုင်းထွာချက် များအရ ရွှေကူမြို့တွင် စိုးရိမ်ရေ မှတ်အထက် နှစ်ပေခန့်နှင့် ကသာ မြို့၌ ပေ၀က်ခန့် ကျော်လွန်နေပြီး နောက်သုံးရက်အတွင်း စိုးရိမ်ရေ မှတ်အောက် ပြန်လည်ကျဆင်းနိုင် ကြောင်း၊ သပိတ်ကျင်းမြို့တွင် တစ်လက်မခန့်၊ ညောင်ဦးမြို့တွင် တစ်ပေခွဲခန့်နှင့် ဟင်္သာတမြို့တွင် နှစ်လက်မခန့် စိုးရိမ်ရေမှတ်အ ထက်သို့ ကျော်လွန်နေပြီး နောက် တစ်ရက်အတွင်း သပိတ်ကျင်းမြို့ ၌ ပေ၀က်ခန့်၊ နောက်နှစ်ရက်အ တွင်း ညောင်ဦးမြို့တွင် တစ်ပေ ခန့် နှင့် နောက်သုံးရက်အတွင်း ဟင်္သာတမြို့၌ တစ်ပေခန့် ဆက် လက်မြင့်တက်လာနိုင်ပြီး စိုးရိမ် ရေမှတ်အထက်တွင် ဆက်လက် တည်ရှိနိုင်ကြောင်း သတိပေးထား သည်။
ချင်းတွင်းမြစ်
ချင်းတွင်းမြစ်ရေ သည် ခန္တီးမြို့တွင် သုံးပေခွဲခန့်၊ မော်လိုက်မြို့တွင် ခုနစ်ပေခန့်၊ ကလေးဝမြို့တွင် လေးပေခွဲခန့်၊ မင်းကင်းမြို့တွင် သုံးပေခွဲခန့်၊ ကနီမြို့တွင် လေးပေခန့်၊ မုံရွာမြို့ တွင် တစ်ပေခန့် စိုးရိမ်ရေမှတ်အ ထက်သို့ ကျော်လွန်နေပြီး နောက် နှစ်ရက်အတွင်း စိုးရိမ်ရေမှတ်အ ထက်၌ ဆက်လက်တည်ရှိနေနိုင် ကြောင်း သတိပေးထားသည်။
င၀န်မြစ်
င၀န်မြစ်ရေသည် ငါး သိုင်းချောင်းမြို့တွင် စိုးရိမ်ရေ မှတ်အထက် တစ်ပေခန့် ကျော် လွန်နေပြီး နောက်ငါးရက်အတွင်း စိုးရိမ်ရေမှတ်အထက် ဆက်လက် တည်ရှိနေနိုင်ကြောင်း သတင်း ထုတ်ပြန်ထားသည်။
မြစ်ကမ်းဘေး နေထိုင်သူ ဒေသခံများ ရေဘေးအန္တရာယ် အထူးသတိပြုရန် မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက သတိပေးချက် ထုတ်ပြန်ထား သည်။http://www.7daydaily.com/story/71423

No comments: