Friday, July 29, 2016

ပြည်တွင်းရွှေဈေး ကျပ် ၇,၀၀၀ ကျော် ဈေးမြင့်တက်

ရွှေဆိုင်တစ်ခုတွင် ခင်းကျင်းပြသထားသည့် ရွှေထည်ပစ္စည်းများ (ဓာတ်ပုံ − ကျော်ဇင်သန်း)
ကမ္ဘာ့ရွှေဈေးနှင့်အတူ  ပြည်တွင်းရွှေဈေးပြန်လည်မြင့် တက်လာပြီး ရွှေထည်များပြန် လည်ရောင်းချမှုများလာကြောင်း ရွှေဈေးကွက်အတွင်းမှ သတင်း ရရှိသည်။
ပြည်တွင်းအခေါက်ရွှေဈေး သည် တစ်ကျပ်သားလျှင် ကျပ် ၈၃၄,၀၀၀ ၀န်းကျင်ဖြင့် ရက်အတန် ကြာတန့်နေပြီးနောက် ဇူလိုင် ၂၈ ရက်တွင် ကျပ် ၈၄၁,၀၀၀ ကျော်ပြန်လည်မြင့်တက်လာကာ ရွှေဆိုင်များ၌ အ၀ယ်ထက် အ ရောင်းသာပိုများခဲ့ကြောင်း ပြည် တွင်းရွှေဈေးကွက်မှ သိရသည်။
‘‘ပုံမှန်မိုးရာသီဆိုတော့ ပြန် သွင်းတာများတယ်။ ခါတိုင်း လည်း ဒီရာသီမှာဆို အ၀ယ်ထက် အရောင်းက ပိုများတယ်’’ ဟု အောင်သမာဓိရွှေဆိုင် အထွေ ထွေမန်နေဂျာ ဦးမော်က ပြော သည်။ ကမ္ဘာ့ရွှေဈေးသည် ဇူလိုင် ၂၈ ရက်တွင် တစ်အောင်စလျှင် အမေရိကန် ဒေါ်လာ ၂၀ ခန့်ဈေးတက်ခဲ့ပြီး ဒေါ်လာတန်ဖိုးပြန် လည် ကျဆင်းမှု နည်းပါးခြင်း ကြောင့် ပြည်တွင်းအခေါက်ရွှေ ဈေးမြင့်တက်လာခြင်းဖြစ်သည်။
‘‘အခုရွှေဈေးက အခုတစ် လောအမြင့်ဆုံးဖြစ်နေတော့ လူ တွေက နေ့တိုင်းပြန်ရောင်းဖို့ လုပ် နေကြတယ်။ တစ်ကျပ်သားကို ကျပ်လေးငါးသောင်းမြတ်တော့ စုထားတာလည်း ပြန်ရောင်းနေ ကြတယ်’’ ဟု ရွှေအရောင်းအ ၀ယ်လုပ်ကိုင်သူ ကိုမင်းက ပြော သည်။
ပြည်တွင်းရွှေဈေးတက်ခြင်း မှာ ကမ္ဘာ့ရွှေဈေးတက်ခြင်း၊ မိုး လယ် ကာလအတွင်း ရွှေကုန် ကြမ်းပစ္စည်းများ ဈေးကွက်အ တွင်း မ၀င်ရောက်ခြင်းနှင့် မြန်မာ့ကျပ်ငွေတန်ဖိုး မာလာခြင်း ကြောင့်ဖြစ်သည်ဟု ရန်ကုန်တိုင်း ရွှေလုပ်ငန်းရှင်များအသင်း အ တွင်းရေးမှူး ဦးဝင်းမြင့်က ပြော သည်။၂၀၁၅ က အခေါက်ရွှေ ဈေးနှုန်း ကျပ်ရှစ်သိန်းဈေးအထိ မြင့် တက်ခဲ့ပြီးနောက် ၂၀၁၆ ဇူလိုင်  ၁၂ ရက်တွင် ၈၅၀,၀၀၀ ကျော် ဖြင့် အမြင့်ဆုံး ပေါက်ဈေးဖြစ်ခဲ့ သည်။

No comments: