Sunday, March 8, 2015

KIA အဖွဲ့မှ အဌမတန်းကျောင်းသားလေးအား လူသစ်အဖြစ်ဖမ်း ဆီးခေါ်ဆောင်



KIA အဖွဲ့မှ အဌမတန်းကျောင်းသားလေးအား လူသစ်အဖြစ်ဖမ်း ဆီးခေါ်ဆောင်

ကချင်ပြည်နယ်၊ ဆင်ဘိုမြို့နယ်ခွဲ၊ ညောင်ညိုရိပ်သို့ မတ်လ ၃ ရက်နေ့တွင် ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) အဖွဲ့မှ အဌမတန်းကျောင်း သားအားလူသစ်အဖြစ်ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ဒေသခံရွာသားများထံမှ သိရသည်။

အဆိုပါအဖွဲ့သည် ဆင်ဘိုမြို့နယ်ခွဲ၊ အောင်မင်္ဂလာရပ်ကွက်နေ အဘဦးဇော် ရိန်နှင့် သားဖြစ်သူ အောင်ပန်း အား ညောင်ညိုရိပ်တွင် ဖမ်းဆီးခေါ်ဆောင် သွားခဲ့ကြောင်း ရွာသားတစ်ဦးထံမှ သိရသည်။

“ဆက်ကြေးလည်းတောင်းတယ်၊ ယခုလည်း သားအဖနှစ်ယောက်လုံးကို ဖမ်းဆီးခေါ်ဆောင်သွားတယ်၊ အဖေ ကိုတော့ ပြန်လွှတ်လိုက်တယ်၊ သားကိုတော့ လူသစ်အဖြစ်ဖမ်းဆီးထားတယ်”ဟု အောင်မင်္ဂလာ ရပ်ကွက်နေ ဒေသခံပြည်သူတစ်ဦး ကပြောသည်။

KIA အဖွဲ့အနေဖြင့် အသက် ၁၅ နှစ်အရွယ် အဌမတန်းကျောင်းသားလေး အား လူသစ်အဖြစ်ဖမ်းဆီး ခေါ်ဆောင်သွားခြင်းကြောင့် ဒေသခံ တိုင်းရင်းသားတို့မှာ စိုးရိမ်ထိတ်လန့်လျက်ရှိကြောင်းသိရသည်။

ထိုကဲ့သို့ လူသစ်စုဆောင်းမှုများကို နည်းမျိုးစုံဖြင့် ကြိုးပမ်းနေသော KIA အဖွဲ့အနေဖြင့် ငြိမ်းချမ်းရေးကို လိုလားမှုမရှိတဲ့အရိပ်အယောင်များကို ခံစားမိကြောင်းနှင့် ဒေသခံတိုင်းရင်းသားများမှာလည်း KIA အဖွဲ့၏ လုပ်ရပ်များကိုအကြီးအကျယ်စိတ်ပျက်လျက်ရှိကြောင်း မြစ်ကြီးနားမြို့ဒေသခံရှေ့နေတစ်ဦးက ပြောကြား ခဲ့သည်။

Credit By စိုင်းအောင်



No comments: