Wednesday, March 11, 2015

ကျောင်းသားများထုအား အကြမ်းဖက် ရိုက်နက်ဖမ်းဆီးခြင်းအားကန့်ကွက်ကြောင်း ကေအိုင်အို ထုတ်ပြန်ချက်ထုတ်


အဏာရ မြန်မာနိုင်ငံအစိုးရသည် ဖြစ်ပျက်နေသော ပြသာနာပေါင်းစုံကို နှစ်ဦးနှစ်ဖက် အပြန်အလှန် တန်ဖိုးထား ညှိနှိုင်း အဖြေရှာ ဖြေရှင်းရေးလမ်းကြောင်းကို ငြင်းဆန်မျက်ကွယ်ပြုပြီး အင်အားသုံး အကြမ်းဖက် နှိပ်နှင်းခြင်းအားဖြင့် ပြည်တွင်း မငြိမ်မသက်မှု ပိုမိုကျယ်ပြန့်လာစေရန် ဖန်တီးလုပ်ဆောင်လျှက်ရှိသည်ဟု သုံးသပ်ပါကြောင်း ကျောင်းသားများထုအား အကြိမ်းဖက် ရိုက်နက်ဖမ်းဆီးခြင်းအပေါ် ယနေ့ ကေအိုင်အိုင်ဗဟိုမှ သဘောထားထုတ်ပြန် သည်။ မတ်လ (၁၀) ရက်နေ့တွင် အမျိုးသားပညာရေးရေးဥပဒေပြင်ဆင်ပေးရန် ဆန္ဒဖော်ထုတ်နေသည့် ကျောင်းသားထုအား ရဲတပ်ဖွဲ့များက လက်နက်ဖြင့် ပရမ်းပတာ ရိုက်နှက်ဖြိုခွဲခဲ့ပြီး ကျောင်းသားများ၊ ပြည်သူများ၊ သံယာတော်များ အယောက် (၁၂၇)ဦးအား လက်ပံတန်းတွင် ဖမ်းဆီးခဲ့သည်။ 

No comments: