Tuesday, March 24, 2015

ကချင်ပြည်နယ်တွင် သင်္ကြန်မတိုင်မီ လိုင်စင်မဲ့ယာဉ်များဖမ်းမည် ===================

ကချင်ပြည်နယ်တွင် သင်္ကြန်မတိုင်မီ လိုင်စင်မဲ့ယာဉ်များဖမ်းမည်
============================================

ကချင်ပြည်နယ်တွင် ယာဉ်လိုင်စင်၊ ယာဉ်aမာင်းလိုင်စင်နှင့်လုပ်ငန်းလိုင်စင်မ ရှိသည့် မော်တော်ယာဉ်များကို သင်္ကြန်မတိုင်မီလာမည့် ဧပြီ ၁ ရက် မှစတင်၍ စီမံချက်ဖြင့်စစ်ဆေး အရေးယူသွားမည်ဖြစ်ကြောင်း
ယာဉ်ထိန်းရဲဒုတိယတပ်ဖွဲ့ခွဲမှူး ရုံး ထံမှ သိရသည်။

ယင်းသို့ အရေးယူမှုများစတင် မည့်အကြောင်းကို လူထုကိုအကြောင်း ကြားခြင်းနှင့်မော်တော်ယာဉ်မောင်း နှင်ရာတွင် အထက်ပါလိုင်စင်များ တစ်ပါတည်းယူဆောင်လာရန် အသိ ပညာပေးခြင်းကို မတ် ၂၁ ရက်မှ ၃၁ရက်အထိလုပ်ဆောင်သွားမည် ဖြစ်ကြောင်း အထက်ပါရုံးမှတာဝန် ရှိသူတစ်ဦးက ပြောကြားသည်။

''ပုံမှန်တော့အရေးယူနေတာ ပဲ။ သင်္ကြန်ကာလအတွက် အရေး ကြီးတယ်ထင်လို့ပါ''ဟု ၎င်းကဆိုသည်။

စစ်ဆေးအရေးယူမှုများကို သင်္ကြန်ကာလအတွင်း ပြုလုပ်မည် မဟုတ်ဘဲ ဧပြီ ၁ ရက်မှ ၁၀ ရက်ထိနှင့် သင်္ကြန်ကာလနောက်ပိုင်းတွင် ဆက်လက်လုပ်ဆောင်သွားမည်ဖြစ် ကြောင်း အထက်ပါရုံးထံမှသိရသည်။

အများပြည်သူသွားလာရာ လမ်းပေါ်တွင် မောင်းနှင်သည့် ဆိုင် ကယ်၊ မော်တော်ကား၊ ထော်လာဂျီ နှင့် သုံးဘီးဆိုင်ကယ်များအားလုံး ယာဉ်မောင်းလိုင်စင်၊ ယာဉ်လိုင်စင် နှင့်အငှားယာဉ်ဖြစ်ပါက လုပ်ငန်းလိုင်စင်များပါရှိရမည်ဖြစ
်ကြောင်း စည်းကမ်းထိန်းသိမ်းရေးကြီးကြပ် မှုကော်မတီကထုတ်ပြန်ထားသည်။

''ယာဉ်မောင်းလိုင်စင်မရှိဘဲ မောင်းနေသူတွေကမကျွမ်းကျင်ရင် အများပြည်သူအတွက် အန္တရာယ် ရှိနိုင်တယ်''

ယာဉ်ထိန်းရဲများကလမ်းဆုံလမ်းခွများတွင်သာ အဓိကဖမ်းဆီးလေ့ရှိသဖြင့် အထောက်အထားမ ပြည့်စုံသည့် ယာဉ်မောင်းသူအများစုမှာ လမ်းဆုံလမ်းခွ များကိုရှောင် ကွင်းသွားလာလေ့ရှိကြောင်း ဆိုင်ကယ် စီးလူငယ်တချို့ က ပြောသည်။

ယာဉ်မောင်းလိုင်စင်၊ ယာဉ်လိုင်စင်များမပါရှိသူများသည် မော်တော် ယာဉ် ဥပဒေပုဒ်မ ၂၂ အရ တရားရုံးသို့ တရားစွဲတင်ခံရမည်ဖြစ်ပြီး ဒဏ်ငွေကျပ် ၁၅၀ဝပေးဆောင်ရ နိုင်ကြောင်း အထက်ပါရုံးမှသိရသည်။

Dawei Watch 
#Democracytoday

No comments: