Wednesday, March 11, 2015

လိုင်ဇာ- မြစ်ကြီးနား လမ်း လုံခြုံမှုမရှိဟုဆိုကာ ကေအိုင်အိုအား အစိုးရမှ ရှမ်းပြည်ဘက်မှလာရန်စာပို့

လိုင်ဇာ- မြစ်ကြီးနား လမ်း လုံခြုံမှုမရှိဟုဆိုကာ ကေအိုင်အိုအား အစိုးရမှ ရှမ်းပြည်ဘက်မှလာရန်စာပို့

ရန်ကုန်သို့ NCCT ဆွေးနွေးပွဲလာမည့် ကေအိုင်အို ကိုယ်စားလှယ်များအား နေပြည်တော် စစ်ရုံးချုပ်မှ လုံခြုံရေးမရှိဟုဆိုကာ လိုင်ဇာ- မြစ်ကြီးနား လမ်းကိုမသွားခိုင်းပဲ တရုတ်ပြည်ကို ဖြတ်ကာ ရှမ်းပြည်နယ် မူဆယ်မှတဆင့်ရန်ကုန်သို့လာရန် ဦးအောင်မင်းမှ ကေအိုင်အိုဆွေးနွေးပွဲကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် ဦးဆွမ်လွတ်ဂမ်ထံ ယနေ့ နေ့နံနက်ပိုင်းတွင် စာပို့ခဲ့ကြောင်း သိရသည်။ ကေအိုင်အိုကိုယ်စားလှယ်အဖွဲ့သည် မူလ ယနေ့ မတ်လ (၁၁) နေ့တွင် ခရီးစတင်ရန် စီစဉ်ထားသော်လည်း အစိုးရမှ ခရီးစဉ်ပြောင်းခိုင်းသည့်အတွက် ကေအိုင်အိုဗဟိုမှ အစည်းအဝေး ပြန်လည်ပြုလုပ်ပြီး တိုင်ပင်နေကြောင်းလည်း သိရသည်။ “အစကတော့ ဒီနေ့ထွက်ဖို့ပဲ။ PCG က ခရီးစဉ်စီစဉ်တာ။ အခုက လုံခြုံရေးမရှိဘူးဆိုပြီး ရှမ်းပြည်ဘက်ကနေလာပါဆိုတော့ ကျွန်တော်တို့ ပြန်လည်ဆွေးနွေးနေတယ်။ဘာကြောင့်လုံခြုံရေးမရှိတာလဲလို့လည်း မေးထားတယ်။ ” ဟုကေအိုင်အို အရာရှိတစ်ဦးမှဆိုသည်။ (NCCT ဆွေးနွေးပွဲအား မတ်လ (၁၆) ရက်နေ့တွင် ရန်ကုန်တွင် ကျင်းပသွားမည်ဖြစ်သည်။ 

No comments: