Monday, March 23, 2015

အစိုးရတပ် နှင့် ကေအိုင်အေတပ်တို့ တိုက်ပွဲပြင်းထန်ဆဲ

အစိုးရတပ် နှင့် ကေအိုင်အေတပ်တို့ တိုက်ပွဲပြင်းထန်ဆဲ

ယနေ့မနက် မတ်လ ၂၃ရက်နေ့ နံနက် ၅နာရီခန့်မှ စတင်ကာ အစိုးရတပ် နှင့် ကေအိုင်အေ တပ်တို့ကြား ယခုအချိန်ထိ တိုက်ပွဲများပြန်လည်ဖြစ်ပွားပြီး အရာရှိတစ် ဦးမှသိရသည်။ ယမန်နေ့ မတ်လ ၂၂ရက်နေ့၌ အစိုးရစစ်တပ်မှ ကေအိုင်ကေတပ်စခန်းရှိရာ နန်ဖြတ်ပို့စ်အား ဂျက်လေယာဉ်ဖြင့် နှစ်ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ယနေ့တွင်မှာမူ လေယာဉ်မသုံးတော့ပဲ ၄င်းတို့တပ်စွဲထားသည့်ကိုင်ထိတ်ပါပို့စ်မှ လက်နက်ကြီးဖြင့် ပစ်ခတ်နေကြောင်းသိရသည်။ ငြိမ်းချမ်း ရေးဆွေးနွေးပွဲမှ အစိုးရတပ်ကိုယ်စားလှယ်တစ်ဦးဖြစ်သူ ဗိုလ်ချုပ်မြင့်စိုးအား ထိုသို့တိုက်ပွဲများ ဖြစ်ပွားလာခြင်းအပေါ်ဆွေးနွေး ညှိုနှိုင်းပြောဆိုထားရာ ၄င်းမှ တပ်အား ချက်ချင်းရုတ်သိမ်း ပေးမည်ဟု ပြောကြားထားသော်လည်း ယခုအချိန်ထိတိုက်ပွဲဆက်လက် ပြင်းထန်လျက်ရှိကြောင်းသိရသည်။ 

No comments: