Tuesday, March 10, 2015

မကြာခင်မှာဖြစ်ရပ်မှန်ဇာတ်လမ်းတစ်ပုဒ်တင်ဘို့ရှိနေပါသည်

မကြာခင်မှာဖြစ်ရပ်မှန်ဇာတ်လမ်းတစ်ပုဒ်တင်ဘို့ရှိနေပါသည် မြစ်ကြီးနားမြို့အမှတ်(၂)ရဲစခန်းမှဇာတ်လမ်းတစ်ပုဒ် ကောင်လေးတစ်ယောက်နဲ့ကောင်မလေးတစ်ယောက်ချစ်ကြိုက်ပြီးခိုးပြေးကြတာ ကောင်လေးကရိုးသားတယ်အလုပ်ကြိုးစားတယ်ဘွဲ့ရပြီးသား၂၅နှစ် ကောင်မလေးက၁၈နှစ် ကောင်မလေးကလဲအရမ်းချစ်တယ်၁၀တန်းအောင်ပြီးသူ့အမေကကျောင်းထားမပေးဘူး ကောင်မလေးအဖေနဲ့အမေကကွဲနေကြတာ ကောင်မလေးမိဘဘက်ကကောင်မလေးအမေတစ်ယောက်ထဲဘဲသဘောမတူဘူးကျန်တဲ့အမျိုးတွေအကုန်သဘောတူတယ် ကောင်မလေးအမေကရဲစခန်းမှာငွေထိုးပြီးအမှုဖွင့်ထားတယ် တစ်နေရာကိုခိုးပြေးကြတယ်၃လလောက်နေတော့ဖမ်းမိသွားတယ် ကောင်လေးကိုအချုပ်ထဲထည့်ထားတယ် ကောင်မလေးမှာကိုယ်ဝန်၂လရှိတယ် ကောင်မလေးကိုအိမ်ပြန်ခေါ်ပြီးကိုယ်ဝန်ကိုဖျက်ချလိုက်တယ် ရဲစခန်းမှာအမှုစစ်တယ်ကောင်မလေးကသူချစ်လို့သူကိုယ်တိုင်ခိုးပြေးတယ်လို့ပြောတယ် အမှုကိုတရားရုံးတင်တယ် ဥပဒေဌာနကအမှုအားနည်းတယ်ဆိုပြီးပြန်ချပေးတယ် ဆွဲထားတဲ့ပုဒ်မတွေကတစ်ခုမှမညိဘူး အဲဒါနဲ့တော်တော်ကြီးတဲ့ရဲကိုငွေထိုးပြီးအမှုကိုပြန်တင်ခိုင်းတယ် အခုအဲဒီအမှုကိုစစ်နေတယ်ကျနော်ကအဲဒီအမှုကိုစိတ်ဝင်စားလို့အစအဆုံးခရေစေ့တွင်းကျမေးမြန်းထားပါတယ် တရားလိုဘက်ကပေးရတဲ့ငွေကြေးနဲ့ပေးရတဲ့ရဲတွေရဲ့နံမယ်နဲ့အဆင့်တွေလဲအတိအကျရှိတယ် စဖြစ်တဲ့ရဲစခန်းနဲ့ဒီအမှူကိုငွေစားပြီးဘာမှမလုပ်ပေးလို့အလကားသက်သက်ခံရတဲ့ကောင်လေးရဲ့ဘက်ကိုကိုယ်ချင်းစာလို့ဒီအမှုကိုသမ္မတရုံးအထိတင်မယ်သက်ဆိုင်ရာဠာနတွေကိုလဲအကုန်ရောက်အောင်ပို့မယ် သတင်းဠာနတွေမှာလဲအစအဆုံးဖော်ပြမယ် တရားရုံးကအမိန့်ချမှတ်ပြီးတာနဲ့ကျနော်တင်ပေးပါ့မယ် 12.3.2015ရက်နေ့နံနက်၁၀နာရီမှာအမှုစစ်ပါလိမ့်မယ်မြစ်ကြီးနားတရားရုံးမှာပါ •••••••••••••••••••••••••••••••••••••အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးကြေငြာစာတမ်းအပိုဒ်(၁၆)မှာတော့ လူတိုင်းမိမိဆန္ဒဖြင့်လက်ထပ်ခွင့်နှင့်အိမ်ယာထူထောင်ခွင့်ရှိသည်ဟုဖော်ပြထားပါသည် အဖြစ်အပျက်အားလုံးကိုအမှန်အတိုင်းတင်ပြပေးသွားမှာဖြစ်ပါသည် ငွေများတရားနိုင်ဆိုသောအယူဝါဒများပျောက်ဆုံးနိုင်ပါစေ

No comments: