Sunday, March 8, 2015

ကချင်ဓမ္မတက္ကသိုလ်သုံးထပ်ဆောင် ကျောင်းဆောင်သစ်အား စတင်ဖွင့်လှစ်



ကချင်ဓမ္မတက္ကသိုလ်သုံးထပ်ဆောင် ကျောင်းဆောင်သစ်အား စတင်ဖွင့်လှစ်

မြစ်ကြီနားမြို့ နောင်နန်းကျေးရွာရှိ ကချင်နှစ်ခြင်းခရစ်ယာန်ကျမ်းစာ သင်ကောလိပ်ကျောင်းအား တက္ကသိုလ်ကျောင်းအဖြစ်ပြောင်းလဲ လိုက်ပြီး ယင်းကျောင်းဝင်းအတွင်း၌ ကျောင်းဆောင်သစ်အဖြစ် သုံးထပ်ဆောင်သစ်အား မတ်လ ၆ရက်နေ့ တွင် ဖဲကြိုးဖြတ်ဖွင့် လှစ်ခဲ့ကြောင်း သိရသည်။

ဖွင့်ပွဲအခမ်းအနားပြီးနောက် ကျောင်းဝင်းအတွင်းရှိ အေဒီ နှစ် ၂၀၀၀ ဟောခမ်းတွင် ဆုတောင်းခြင်း အစီအစဉ် သီချင်းဆိုခြင်း၊ ကျောင်းသားဟောင်းများ နှင့် ဒေါက်တာဘွဲ့ရသူများ အား ဂုဏ်ပြုသဝဏ်လွှာများ ချီးမြှင့်ခြင်း အစီအစဉ် များပြုလုပ် ခဲ့သည်။

ကချင်ပြည်နယ် ဝန်ကြီးချုပ် လဂျွန်ငန်ဆိုင်းမှလည်း တက်ရောက်ချီးမြှင့် ခဲ့ကြောင်းသိရသည်။

အဆိုပါ အစီအစဉ်တွင် ကျောင်းဝင်းအတွင်းရှိ မနောင်ကွင်းတွင် ပညာရေး(Hpaji) မနောင်သာမက၊ ပြည်သူလူထုအားလုံးပါဝင်သည့် (Shawa) မနောင်ပွဲအား ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

ကချင်နှစ်ခြင်းခရစ်ယာန် ဓမ္မတက္ကသိုလ်မှ ကျင်းပပြုလုပ်သည့် ပွဲမှာ မတ်လ ၅ရက်နေ့ မှစတင်ပြီး ၇ရက်နေ့ ထိ သုံးရက်ကြာကျင်းပ သွားမည်ဖြစ်ကြောင်း နှင့် ယနေ့ တွင် ဘွဲ့ နှင်းသဘင်အခမ်းအနား ကျင်းပပြုလုပ်သွားမည်ဖြစ်သည်။



No comments: