Thursday, September 22, 2016

ဘူးသီးတောင်၊ မောင်တော ဒေသမှာ တိုင်းရင်းသားကလေး ခြောက်ဦးမွေးဖွားတိုင်း ဘင်္ဂလီကလေး ၈၅ ဦး မွေးဖွားနေ

ဘူးသီးတောင်၊ မောင်တော ဒေသမှာ တိုင်းရင်းသားကလေး ခြောက်ဦးမွေးဖွားတိုင်း ဘင်္ဂလီကလေး ၈၅ ဦး မွေးဖွားနေတယ်လို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်သောင်းရွှေက ပြောဆိုလိုက်ပါတယ်။
bangli
စက်တင်ဘာ ၂၂ ရက်နေ့ ဒီကနေ့မှာ ကျင်းပတဲ့ ပြည်သူ့လွှတ်တော်အစည်းအဝေးမှာ မောင်တော ဒေသများအား လူဦးရေးတိုးပွားနှုန်း ထိန်းညှိခြင်းဆိုင်ရာ ကျန်းမာရေးစောင့်ရှောက်မှု ဥပဒေအရ ကျန်းမာရေးစောင့်ရှောက်ဆောင်ရွက်မယ့် ဒေသအဖြစ် သတ်မှတ်ရန်အစီအစဉ် ရှိမရှိနဲ့ပတ်သက်ပြီး မေးခွန်းမေးမြန်းစဉ် အဲဒီလို ထည့်သွင်းပြောဆိုလိုက်တာပါ။
မောင်တောမြို့နယ်မှာ လူဦးရေ ၅၂၀,၀၀၀ ကျော်ရှိပြီး အဲဒီထဲမှာ တိုင်းရင်းသားလူဦးရေ ၄၉,၀၀၀ သာ ပါဝင်ကြောင်း၊ဘူးသီးတောင်မြို့နယ်မှာ လူဦးရေး ၃၄၀,၀၀၀ ကျော်ရှိပြီး တိုင်းရင်းသားလူဦးရေ ၅၅,၀၀၀ သာ ရှိနေတာပါ။ ကျန်းမာရေးဌာနရဲ့ ခန့်မှန်းခြေစာရင်းတွေအရ နှစ်စဉ် တိုင်းရင်းသားလူဦးရေတိုးပွားနှုန်း ၀.၆ ရာခိုင်နှုန်းသာရှိပြီး ဘင်္ဂလီများမှာ ၃.၅ ရာခိုင်နှုန်း တိုးပွားလျက်ရှိနေတယ်လို့ ဦးအောင်သောင်းရွှေက ပြောဆိုခဲ့ပါတယ်။

Share this:

No comments: