Thursday, September 22, 2016

အလင်းရောင် တောက်ပမှုက အမျိုးသားတွေရဲ့ လိင်စိတ်ကျေနပ်မှုကို ပိုမိုစေနိုင်

လေ့လာတွေ့ရှိချက်အသစ်တစ်ခုအရ တောက်ပတဲ့အလင်းရောင်နဲ့ ထိတွေ့နေရတာကြောင့် အမျိုးသားတွေမှာ လိင်ပိုင်းဆိုင်ရာ စိတ်ကျေနပ်မှု ပိုမိုလာစေနိုင်တဲ့အကြောင်း သိရှိရပါတယ်။
14397869_10209425964238406_1322377077_n
အီတလီနိုင်ငံ၊ ဆီယန်နာမြို့တက္ကသိုလ်ရဲ့သိပ္ပံပညာရှင်တွေက စိတ်ဓါတ်ကျဆင်းနေသူတွေကို ကုသမှုပေးတဲ့ အလင်းရောင်းပေး ပုံနဲ့ဆင်တူတာမျိုးနဲ့ စမ်းသပ်ရာမှာ စမ်းသပ်ခံရသူအမျိုးသားတွေရဲ့ ယောင်္ကျားဟိုမုန်း – တက်စတိုစတုန်းအဆင့်မြင့်တက်လာ တာကို တွေ့ရှိခဲ့ရတာဖြစ်ပါတယ်။
အဲဒီလိုမျိုး ဟိုမုန်းပမာဏမြင့်တက်လာတာက လိင်ပိုင်းဆိုင်ရာ စိတ်ကျေနပ်မှုကို မြင့်တက်လာစေမှာဖြစ်ပါတယ်။ ဒါပေမဲ့ ကုထုံး တစ်ရပ်အနေနဲ့အသုံးပြုဖို့အတွက်ဆိုရင်တော့ နောက်ထပ်စမ်းသပ်မှုတွေ လိုအပ်မှာဖြစ်တဲ့အကြောင်းသိပ္ပံပညာရှင်တွေက ဆို ပါ တယ်။ သုတေသီတွေက လိင်စိတ်ကျဆင်းနေတဲ့ အမျိုးသား ၃၈ဦးကို စမ်းသပ်ခဲ့တာပါ။
အဲဒီ ၃၈ဦးထဲက ထက်ဝက်ကို အလင်းရောင်ပေးပြီး ကုသပါတယ်။ အခြားလူတွေကိုတော့ အလင်းရောင်ကို ထိန်းချုပ်ပြီးပေးထား လိုက်ပါတယ်။ သူတို့ကို အချိန် နှစ်ပတ်အကြာ နနက်စောစောမှာ တစ်နာရီခွဲကြာ ကုထုံးပေး စမ်းသပ်ခဲ့ပါတယ်။
ပါဝင်စမ်းသပ်ခံသူတွေကို ပြန်လည်စစ်ဆေးကြည့်ချိန်မှာ အလင်းရောင်တောက်ပမှုကို ခံစားခဲ့ရသူတွေက လိင်ပိုင်းဆိုင်ရာစိတ် ကျေနပ်မှု ပိုမိုရရှိနေကြကြောင်းကို တွေ့ရှိခဲ့ရတာပါ။
အဲဒီသုတေသနကို ဦးဆောင်ခဲ့တဲ့ ပါမောက္ခအန်းဒရုးဖာဂျီအိုလီနီက တက်စတိုစတုန်းအဆင့်မြင့်တက်လာခြင်းက လိင်ပိုင်းဆိုင် ရာစိတ်ကျေနပ်မှုပိုမိုလာရတဲ့အကြောင်းကို ရှင်းပြပေးပါလို့ ပြောကြားခဲ့ပါတယ်။

Share this:

No comments: