ဟောင်ကောင်ဆေးရုံတစ်ခုမှာဆိုရင် အသက်အငယ်ဆုံး လူနာက ၁၀နှစ်ဖြစ်ပြီး အွန်လိုင်းကို အလွန်အကျွံစွဲလန်းမှု ကြောင်း စိတ်ပိုင်းဆိုင်ရာကုသမှု လာရောက်ခံယူနေရတာပါလို့ အဲဒီဆေးရုံရဲ့ဒေါက်တာ အဲလ်ဒါချန်မိုင်လိုက ပြောပြခဲ့ပါတယ်။
ကွန်ပျုတာ၊စမတ်ဖုန်းနဲ့ တခြားအီလက်ထောနစ်ပစ္စည်းတွေကို အလွန်အကျွံစွဲလန်းတဲ့ပြဿနာကြောင့် လူပေါင်း ၂၇၂ ဦး အဲဒီ ဆေးရုံကို ရောက်ရှိခဲ့တယ်လို့လည်း သိရပါတယ်။
ဒီလိုစိတ်ပိုင်းဆိုင်ရာပြဿနာနဲ့ ကြုံရသူအများစုဟာ ဆယ်ကျော်သက်တွေဖြစ်ပြီး အသက် ၁၇နှစ်အောက်လူငယ်အများစုဖြစ်နေ ခဲ့ပါတယ်။ သူတို့က အွန်လိုင်းဂိမ်းနဲ့ ညစ်ညမ်းဝက်ဘ်ဆိုက်ဒ်တွေကို အလွန်အကျွံစွဲလန်းတဲ့ ပြဿနာနဲ့ ကြုံနေရတာပါ။ တချို့ လူငယ်တွေက အွန်လိုင်းဂိမ်းတွေကို လပေါင်းများစွာကြာအောင် ဆော့ကစားနေခဲ့ကြပါတယ်။
လူငယ်တွေအပြင် သက်ကြီးပိုင်းတွေဖြစ်တဲ့ အသက် ၆၀အထက်လူကြီးတွေကလည်း အွန်လိုင်းကို အခြားနည်းလမ်းတွေနဲ့ စွဲလန်းတတ်ကြပါသေးတယ်။ ဥပမာ – ဈေးဝယ်တာ၊ လောင်းကစားလုပ်တာတွေဖြစ်ပြီး အဲဒီအလေ့အကျင့်တွေကြောင့် ငွေကြေး အရ ပြဿနာကြုံရတာမျိုးတွေ ရင်ဆိုင်ရတတ်ကြပါတယ်။
No comments:
Post a Comment