Tuesday, February 23, 2016

ထူးခြားမြစ်ရေတက်မည်

ထူးခြားမြစ်ရေတက်မည်
================

RED ALART

အားလုံး သတိပေးလိုပါတယ်။

ကမ္ဘာပေါ်မှာမကြုံဖူးတဲ့ အားအပြင်းဆုံးအယ်လ်နီညိုနဲ့
လာနီညာ လှိုင်းတွေရဲ့ဒဏ်ကို မြန်မာနိုင်ငံ စတင်ခံစားရပါပြီ။

တစ်နိုင်ငံလုံး စိုထိုင်းစများလာပြီး နေ့ခင်း ပိုပူလာပါပြီ။

ဟိမဝန္တာကရေခဲတွေအရည်ပျော်တဲ့အတွက်
ဧရာဝတီမြစ်တလျှောက်ရေစလွှမ်းနေပါပြီ။
မြစ်ကြီးနား။ ဗန်းမော်ကသာမှာ ရေစတက်ပါပြီ။

အားလုံးသတိထားကြပါ။

ထူးခြားမြစ်ရေ အခြေအနေသတင်း --------------
၂၀၁၆ ခုနှစ်၊ ဖေဖော်ဝါရီလ (၂၂) ရက်၊ (၁၆း၀၀) နာရီအချိန် ထုတ်ပြန်ချက် ကိုအောက်ပါအတိုင်းထုတ်ပြန်ထားပါတယ်--

ဧရာဝတီမြစ်ရေသည် ယနေ့မြန်မာစံတော်ချိန် (၁၅း၃၀) နာရီအချိန် တိုင်းထွာ ချက်အရ မြစ်ကြီးနားမြို့တွင် (၃၄၆) စင်တီမီတာသို့ ရောက်ရှိနေပြီး၊  (၁၀)နာရီအတွင်း (၇)ပေခန့်မြင့်တက်ခဲ့ပါသည်။

အဆိုပါမြစ်ရေသည် နောက် (၂)ရက် မှ (၃)ရက်အတွင်း ဗန်းမော်မြို့နှင့် ကသာမြို့တို့တွင် (၅)ပေ မှ(၆) ပေခန့်၊ နောက် (၄) ရက်မှ (၆) ရက်အတွင်း မန္တလေးမြို့၊ စစ်ကိုင်းမြို့၊ မြင်းမူမြို့၊  ပခုက္ကူမြို့နှင့် ညောင်ဦးမြို့ တို့တွင် (၄)ပေ မှ (၅)ပေခန့်နှင့် နောက် (၇) ရက်မှ (၁၂) ရက်အတွင်း  ချောက်မြို့၊မင်းဘူးမြို့၊ မကွေးမြို့၊ အောင်လံမြို့၊ ပြည်မြို့၊ ဆိပ်သာမြို့၊ ဟင်္သာတမြို့နှင့် ဇလွန်မြို့တို့တွင် (၃) ပေမှ (၄)ပေခန့် လက်ရှိ ရေမှတ်များအထက် မြင့်တက်နိုင်ပါသည်။

သို့ဖြစ်ပါ၍ မြစ်ကြောင်းများအတွင်း သွားလာနေကြမည့် ရေယာဉ်၊ လှေ၊ သင်္ဘော များအနေဖြင့် ဂရုပြုသင့်ပါကြောင်းနှင့် မြစ်ရေနည်းစဉ် သဲသောင်ခုံများတွင် စိုက်ပျိုး နေထိုင်ကြသူများအနေဖြင့်လည်း မြစ်ရေရုတ်တရက် တိုးလာနိုင်မှုကိုဂရုပြုနေထိုင်သင့် ပါကြောင်း အကြံပြုအပ်ပါသည်။

မိုးလေဝသနှင့် ဇလဗေဒဦးစီးဌာန။

မည်သူမဆို Share နိုင်ပါသည်။

Credit. Yan Aung

No comments: