ချီဖွေမြို့နယ်ရှိ ဘိန်းခင်းများအား အထက်မှ ဦးဇခုန်တိန့်ယိန်း၏ ပြည်သူ့စစ်တပ်ဖွဲ့အား ဖျက်ရန် တာဝန်ပေးဟုဆို
တပ်မတော်မှ ပိတ်ဆို့ထားသည့် ချီဖွေလမ်းခွဲ တွင် တစ်ပတ်ကြာတောင်တင်သည့် Pat Jasan အဖွဲ့အား ဘိန်းခင်းရှိသည့်ဒေသတွင်ရှိသည့် ဦးဇခုန်းတိန့်ယိန်း၏ ပြည်သူ့စစ်အဖွဲ့မှ ပြည်သူစစ်ခေါင်းဆောင် လာရောက်တွေ့ဆုံကြောင်း သတင်းရရိသည်။
“ ပြည်သူ့စစ်ခေါင်းဆောင် ဦးဘောမ်လန်းတို့ လာတယ်။ အထက်က သူတို့ ဘိန်းခင်းဖျက်ဖို့ တာဝန်းပေးတယ်လို့ပြောတယ်။” ဟု Pat jasan အဖွဲ့မှ တာဝန်ရှိသူတစ်ဦးမှဆိုသည်။
အထက်မှတာဝန်ရှိသူများမှ ၎င်းတို့ ပြည်သူ့စစ်များအား ဘိန်းခင်းဖျက်ရန် တာဝန်ပေးသည်ဟုဆိုကာ လာရောက်တွေ့ဆုံခြင်းဖြစ်ကြောင်းသိရသည်။
အဆိုပါပြည်သူ့စစ်ခေါင်းဆောင် ဦးဘောမ်လန်းသည်
၂၀၁၅ ရွှေးကောက်ပွဲကာလတွင် ဆော့်လော့်မြို့နယ်မှ ပြည်နယ်လွတ်တော် အမတ်နေရာအား တစ်သီးပုဂလအနေဖြင့် ၀င်ရောက်ယှဉ်ပြိုင်ခဲ့သော်လည်း အနိုင်မရခဲ့ပေ။
ထိုပြည်သူ့စစ်အဖွဲ့သည် ဦးဇခုန်တိန့်ယိန်းးမှ ၎င်း၏မူလတပ်ဖွဲ့ NDAK ( New Democratic Army-Kachin) တပ်ဖွဲ့အား ၂၀၀၈ အခြေဥပဒေအရ တပ်မတော်မှ ဖိအားပေးလာသည့်အတွက် နယ်ခြားစောင့်တပ်ပြောင်းလိုက်ပြီးနောက် အသစ်ပြန်လည်ဖွဲ့စည်းလိုက်သည့် ပြည်သူ့စစ် အဖွဲ့ဖြစ်သည်။
အမျိုးသားလွတ်တော် အမတ် ဦးဇခုန်တိန့်ယိန်းသည် ယခုလက်ရှိလည်း ထိုပြည်သူ့စစ်အဖွဲ့၏ နာယက ဖြစ်သည်။
ဦးဇခုန်တိန့်ယိန်းသည် ဘိန်းခင်းဖျက်သည့်အတွက် အဖွဲ့အား ဝေဖန်သည့် သူတစ်ဦးလည်းဖြစ်သည်။
Pat Jasan အဖွဲ့သည် မည်သူမှ သွားခွင့်မပြုသော်လည်း ဖေဖော်ဝါရီလ ၂၃ ရက်နေ့တွင် ဘိန်းခင်းရှိရာသို့ ခရီးဆက်တော့မည်ဖြစ်ကြောင်းသိရသည်။
www.facebook.com/kachinwavesnews
No comments:
Post a Comment