Monday, February 22, 2016

ေခတ္စားလာတဲ့ WiFi ကုန္းဆင္း

ေခတ္စားလာတဲ့ WiFi ကုန္းဆင္း ==== “ကုန္းဆင္းမယ္ေဟ့” ဟု အနားရွိ အသက္ ၂၀ ခန္႔ရွိသည့္ လူငယ္ တစ္ဦးက ေဘးနားထိုင္ေနေသာ သူ၏သူငယ္ခ်င္းကို လက္တို႔ေျပာ လိုက္သည္။ သူ႔သူငယ္ ခ်င္းက ေကာင္းသားပဲဟုျပန္ေျဖရင္း သူတို႔သြားေနက်လက္ဖက္ရည္ဆိုင္သို႔ ႏွစ္ဦးသားထြက္လာခဲ့ၾကသည္။ သူ႔လက္ထဲတြင္ Samsung အမ်ဳိးအစား Tablet တစ္လံုးပါသြားသကဲ့သို႔ ၎၏သူငယ္ခ်င္း အိတ္ကပ္ထဲတြင္လည္း တန္ဖိုးသင့္ စမတ္ဖုန္း တစ္လံုးပါသြားသည္။ ထိုင္ေနက်ဆိုင္ေရာက္ေတာ့ ထိုင္ေနက် ေခ်ာင္က်က်စားပြဲခံုမွာပဲထိုင္ေနရင္းမွ လာေရာက္ေမးျမန္းေသာစားပြဲထိုး လူငယ္ကို လက္ဖက္ရည္မမွာေသးဘဲ WiFi Password အရင္ေမးလိုက္သည္။ ဟန္းဆက္ႏွင့္ Tablet ရွိ Setting အတြင္း Password ႐ိုက္ထည့္။ လိုင္းတက္လာေတာ့မွ လက္ဖက္ရည္ တစ္ခြက္စီႏွင့္ စီး ကရက္တစ္ပြဲ မွာလိုက္သည္။ သူတို႔ႏွစ္ဦး၏ ေဘးစားပြဲ၀ိုင္းမ်ားကို ၾကည့္လိုက္မည္ဆိုပါကလည္း Tablet ကိုယ္စီ၊ စမတ္ဖုန္းကိုယ္စီ ပြတ္ေနၾကေသာ လူငယ္မ်ားကို ေတြ႕ျမင္ရမည္ျဖစ္သည္။ ထိုအရာကပင္သူတို႔ လူငယ္ အမ်ားစုေခၚေနၾကသည့္ WiFi ကုန္းဆင္းျဖစ္သည္။ ဘယ္သူက နာမည္စေပးသြားသည္မသိ။ အသာခိုျခင္း၊ ေရသာခိုျခင္း၊ အေခ်ာင္ ရယူျခင္းႏွင့္ တစ္ပါးသူ၏ ပစၥည္းကို အေခ်ာင္ရယူသံုးစြဲျခင္းတို႔ကို လူငယ္အမ်ားစုက ကုန္းဆင္းဟူ၍ ကင္ပြန္းတပ္ ထားသည္။ သူတစ္ပါး၏ WiFi ကို အခမဲ့ ရယူသံုးစြဲမႈကိုလည္း WiFi ကုန္းဆင္းဟု ရီရီေမာေမာ (ရယ္ရယ္ေမာေမာ) နာမည္သစ္ေပးထားၾကသည္။ သူတို႔ကိုင္ေဆာင္ ေသာ GSM ဆင္းမ္ ကတ္ထည့္ Tablet, Handset တို႔တြင္ 3G Network Internet လိုင္းဖြင့္ထားၿပီးေသာ္လည္း DATA အတြက္အကုန္အက်မခံလို၍ လက္ဖက္ ရည္ဆိုင္မွ အခမဲ့ လႊင့္ေပးထားေသာ ၀ိုင္ဖိုင္ကို လက္ဖက္ရည္ေသာက္ရင္းျဖင့္ လာသံုးစြဲတာကို WiFi ကုန္းဆင္းဟု နာမည္ေပးတတ္သည့္လူငယ္မ်ား၏ စကားကလည္း သေဘာက်စရာပါ။ ေနျပည္ေတာ္ေကာင္စီနယ္ေျမတြင္ ADSL လိုင္းျဖင့္ အသံုးျပဳခြင့္မရရွိေသးဘဲ Dial-up ျဖင့္သံုးစြဲေနစဥ္အခါက (၂၀၀၀-၂၀၀၁ ၀န္းက်င္) တစ္ဆိုင္တည္းေသာ Cyber Cafe အျဖစ္ ပ်ဥ္းမနား၊ ၿမိဳ႕မေစ်း အေပၚထပ္တြင္ တစ္နာရီလွ်င္ တစ္ေထာင္က်ပ္ျဖင့္သံုးခဲ့ရသည္။ ထိုစဥ္က အေျခခံ လူတန္းစားတစ္ဦး၏ တစ္ေန႔တာ အလုပ္ၾကမ္း၀င္ေငြမွာ ၁၂၀၀ က်ပ္ခန္႔သာ ရွိႏိုင္သည္။ ထိုစဥ္က Facebook ဆိုတာမရွိ G-talk ဆိုတာေ၀လာေ၀း။ Social Network ဆိုလို႔ Group Chat ရသည့္ ygnchat တစ္မ်ဳိးသာရရွိႏိုင္မည္ျဖစ္သည္။ အီးေမးလ္အေနျဖင့္လည္း Gmail ထက္ေဝလေမးလ္၊ ဂန္ဂ်ာေမးလ္၊ အီးဂဲလ္ေမးလ္တို႔သာ ပိုမို အသံုးျပဳၾကရသည္။ Web Page တစ္မ်က္ႏွာဖြင့္လိုက္ရင္ ပြင့္လာေစဖို႔၊ ၾကည့္ရဖို႔ေစာင့္ေနရတာလည္း ခႏၲီပါရမီျဖည့္ၿပီးသားျဖစ္ေနသည္။ ဤအခ်က္ေၾကာင့္ပင္ မဖတ္ေသးမီက တည္းက Web Page ကို ေလး/ငါးမ်က္ႏွာေလာက္ႀကိဳတင္ဖြင့္ထားရပါသည္။ တစ္မ်က္ႏွာဖတ္ေနစဥ္ က်န္တစ္မ်က္ႏွာက Loading ျဖစ္ေန မည္ျဖစ္ေသာေၾကာင့္ ျဖစ္သည္။ အခ်ိန္တိုက္စားလာေသာေၾကာင့္ ေခတ္ကလည္း အနည္းငယ္ေျပာင္းလာသည္။ ၂၀၀၄-၂၀၀၅ ၀န္းက်င္၌ ေနျပည္ေတာ္ေကာင္စီ နယ္ေျမအတြင္းျဖစ္ေသာ ပ်ဥ္းမနားၿမိဳ႕တြင္ ADSL စနစ္ျဖင့္ အင္တာနက္လိုင္းတပ္ဆင္အသံုးျပဳလာႏိုင္ၿပီျဖစ္သည္။ အင္တာနက္ကိုယ္ပိုင္အသံုးျပဳလိုသူေတြအတြက္ သိပ္ေတာ့ မလြယ္လွ ေသး။ လိုင္းေၾကးကလည္း သိန္း ၂၀ အထက္ရွိေနသည္။ ႏွစ္စဥ္ေၾကး၊ လစဥ္ေၾကးၿပီးေတာ့ Desktop ကြန္ပ်ဴတာတစ္လံုးဆင္ဖို႔ဆိုတာကလည္း မလြယ္လွ။ ထိုအခ်က္မ်ား၏ပံ့ပိုးမႈေၾကာင့္ပင္ Cyber Cafe ဆိုင္မ်ား အလုပ္ျဖစ္လာေခ်ၿပီ။ တစ္နာရီကိုအသံုးျပဳခ ၈၀၀ က်ပ္။ ေနာက္ပိုင္းတြင္ မီးလာခ်ိန္ ၅၀၀ က်ပ္/ မီးပ်က္ခ်ိန္ ၈၀၀ က်ပ္ဟူ၍ျဖစ္လာသည္။ Cyber Cafe မ်ား အလုပ္ျဖစ္သည့္လုပ္ငန္း ျဖစ္လာေသာေၾကာင့္ ျမန္မာလူမ်ဳိးတို႔၏ထံုးစံအတိုင္း က်န္လူေတြကလည္း ဒီအလုပ္ကို ၀ိုင္းလုပ္ၾကသည္။ ဟိုေနရာ ဒီေနရာ Cyber Cafe ေတြမ်ားလာေတာ့လည္း တစ္နာရီ ငါးရာက်ပ္မွသည္ ေလးရာက်ပ္ အထိဆင္းလာသည္။ “တစ္ခ်ိန္ကေတာ့ Cyber Cafe ဆိုတာ ဒီေဒသမွာ ေရႊ တစ္ေခတ္ျဖစ္ေသး တယ္ဗ်။ လုပ္ငန္းရွင္ေတြအေနနဲ႔ အလုပ္ခြင္သစ္ လုပ္ေတာ့မယ္ဆိုရင္ေတာင္ Cyber Cafe ဖြင့္ဖို႔အရင္ထည့္စဥ္းစားၾကတယ္ဗ်” ဟု ေဒသခံ စီးပြားေရးလုပ္ငန္းရွင္ တစ္ဦးက Cyber Cafe မ်ား၏ေရႊေခတ္ကို ျပန္ေျပာင္း သတိရစြာျဖင့္ေျပာဆိုသည္။ မိုဘိုင္းဖုန္းမ်ားကို ငါးသိန္းျဖင့္စတင္အသံုးျပဳခြင့္ ရရွိစဥ္အခါက ေနျပည္ေတာ္ နယ္ေျမတြင္ ရန္ကုန္ဖုန္းဟုေစ်းကြက္ တြင္နာမည္ႀကီးခဲ့ေသာ CDMA 800MHz 0973xxxxx ဖုန္းမ်ားအား ေျခာက္သိန္း ခုနစ္သိန္းအထိေပး၀ယ္ကာ အင္တာနက္ခ်ိတ္ဆက္ၿပီးအသံုးျပဳခဲ့ရသည္။ ADSL လိုင္းတစ္ လိုင္းျဖစ္ရန္လည္း ျမန္မာေငြ တစ္ဆယ့္ငါးသိန္း၊ သိန္းႏွစ္ဆယ္ခန္႔ ကုန္က်မွသာျဖစ္ႏိုင္၍ အိမ္သံုးသံုးဖို႔ရာမျဖစ္ႏိုင္ေခ်။ ပိုက္ဆံ အနည္းငယ္တတ္ႏိုင္သူသာ CDMA 800 MHz 09 732 XXXXX ကို၀ယ္ယူၿပီး သံုးခဲ့ရသလို ADSL လိုင္းဝယ္ယူရန္ မတတ္ႏိုင္ေသာ ဆိုင္သမားအခ်ဳိ႕ကလည္း CDMA 800 MHz အားကိုးျဖင့္ ဆိုင္ဖြင့္ခဲ့ၿပီး အလုပ္ျဖစ္ခဲ့ၾကသည္။ အခ်ဳိ႕ေသာေက်းရြာနီးစပ္ေနရာမ်ားတြင္လည္း CDMA 800 MHz အားကိုးျဖင့္ဖြင့္ခဲ့ၾကသည္။ ေနာက္ပိုင္းဆင္းမ္ကတ္မ်ား အေနျဖင့္လည္း က်ပ္ငါးသိန္းမွ ႏွစ္သိန္းျဖင့္ ဝယ္ယူရရွိလာၿပီျဖစ္သလို Mobile DATA အျဖစ္လည္း အသံုးျပဳလို႔ ရၿပီျဖစ္လာသည္။ မိုဘိုင္းဖုန္းေပၚမွ အင္တာနက္အသံုးျပဳလိုလွ်င္ တစ္ေသာင္းက်ပ္သာ ထပ္မံအပိုေဆာင္းရ၍ မိုဘိုင္းမွ DATA မ်ားသာ ရယူသံုးစြဲမႈမ်ားလာၿပီး Cyber Cafe မ်ား နည္းနည္းပါးပါး အသက္႐ွဴက်ပ္ ကုန္ၾကသည္။ ေနာက္ပိုင္းတြင္ မိုဘိုင္းဖုန္းေပၚသာ အသံုးျပဳမႈမ်ားလာ၍ Cybe Cafe မ်ားအေနျဖင့္ တစ္ေန႔ရေသာ၀င္ေငြျဖင့္ ဆိုင္ ရပ္တည္ႏိုင္ရန္ ခက္ခဲလာၿပီး လုပ္ငန္းမ်ား ေျပာင္းလဲလာကုန္ၾကသည္။ တခ်ဳိ႕ဆိုင္မ်ားတြင္ ဖြင့္ထားေသာ္လည္း ဝင္ေငြမွာ အလုပ္သမားစရိတ္ကိုပင္ ကာမိျခင္း မရွိသေလာက္ျဖစ္လာ၍ တစ္စတစ္စပိတ္ သိမ္းလာခဲ့ၾကသည္။ “လိုင္စင္ေၾကးက လစဥ္ေၾကး၊ ႏွစ္စဥ္ေၾကးရွိတယ္ဗ်ာ၊ ေနာက္ၿပီး ထပ္ေဆာင္ရတဲ့ အျခား အခြန္အခေတြရွိတယ္ဗ်။ အလုပ္သမားစရိတ္တို႔၊ ကိုယ္ပိုင္အခန္းမ ဟုတ္ရင္ ဆိုင္လခတို႔ရွိတဲ့အျပင္ စက္ပြန္းတီးမႈတို႔ စတာေတြအကုန္ထည့္တြက္ရင္ ဘယ္လိုမွကိုမကိုက္ေတာ့တာ။ အဓိကက လူအရင္လိုမ၀င္ေတာ့တာ ဘဲေလ” ဟု အင္တာနက္ကေဖးဆိုင္ ပိုင္ရွင္တစ္ဦးက ဆိုသည္။ မိုဘိုင္းဖုန္းေပၚမွ DATA မ်ားအေပၚေကာက္ခံသည့္ေငြေၾကးပံုစံမွာလည္း တျဖည္းျဖည္းႏွင့္ေျပာင္းလဲလာသည္။ ယခင္က မိနစ္ျဖင့္သာေကာက္ခံေသာ စနစ္မွသည္ သံုးစြဲေသာ DATA ပမာဏျဖင့္ ေငြေၾကးေကာက္ခံမႈအျဖစ္သို႔ ေျပာင္းလဲ သြားသည္။ ထို႔အတြက္ေၾကာင့္ Facebook သံုးစြဲမႈ၊ COC ကစားမႈလို အေသးစားသံုးစြဲမႈ အတြက္သာ လူငယ္အမ်ားက မိမိဆင္းမ္ပါ DATA ျဖင့္သံုးစြဲၾကေသာ္လည္း သီခ်င္းမ်ား PDF စာဖိုင္မ်ား၊ Media ဖိုင္မ်ား Download ဆြဲလွ်င္မူ ကနဦးအဖြင့္ မွာဆိုထားေသာ လက္ဖက္ရည္ဆိုင္မ်ားသို႔သြားကာ WiFi ကုန္းဆင္းၾကေတာ့သည္။ ADSL လိုင္းအေနျဖင့္လည္း လြန္ခဲ့ေသာႏွစ္မ်ားက ကနဦးလိုင္းတပ္ဆင္ခ ျမန္မာေငြသိန္းဆယ္ႏွင့္ခ်ီကာ ကုန္က်သျဖင့္ ဆိုင္တိုင္းကမတပ္ဆင္ႏိုင္ဘဲ အထူး သျဖင့္ အဆင့္ျမင့္စားေသာက္ဆိုင္မ်ား၊ အေအးခန္းစားေသာက္ဆိုင္မ်ား၊ တန္ဖိုးျမင့္စားေသာက္ဆိုင္မ်ားတြင္သာ တပ္ဆင္ထားႏိုင္သည္။ ယခုဘက္ႏွစ္ပိုင္း တြင္မူ အင္တာနက္ ကနဦး တပ္ဆင္ခမွာ သံုးသိန္း၀န္းက်င္သာရွိၿပီး လစဥ္ေၾကး အေနျဖင့္လည္း 1MB လိုင္းပင္လွ်င္ ၃၅,၀၀၀ က်ပ္၀န္းက်င္သာရွိေတာ့သျဖင့္ လမ္းေဘးရွိ လက္ဖက္ရည္ဆိုင္မ်ား အားလံုးလိုလိုတြင္ ADSL စနစ္ျဖင့္ရယူထားၿပီး WiFi အခမဲ့သံုးခြင့္ေပးထားေနၾကသည္။ “ကၽြန္ေတာ္ လက္ဖက္ရည္ဆိုင္ဖြင့္စက လက္ဖက္ရည္ဆိုင္တစ္ဆိုင္ဖြင့္ရင္ ကက္ဆက္နဲ႔ ေဆာင္းေဘာက္ေကာင္းေကာင္းရွိမွျဖစ္တဲ့ေခတ္။ ေနာက္ပိုင္းက်ေတာ့ တစ္မ်ဳိးေျပာင္းလာတယ္။ TV နဲ႔ေအာက္စက္ရွိမွလူ၀င္တာ။ ထပ္ၿပီးတစ္မ်ိဳးေျပာင္းလာတယ္။ LED TV ႀကီးႀကီးနဲ႔ စေလာင္းရွိမွဗ်။ အခုက်ေတာ့ အဲ့လို မဟုတ္ေတာ့ဘူး။ WiFi လိုင္းေကာင္းေကာင္းေလး လႊင့္ေပးထားမွ။ အခုပဲဟိုလူငယ္ ေတြကိုၾကည့္ပါလား” ဟုလက္ဖက္ရည္ဆိုင္ ဖြင့္သည့္သက္တမ္း အႏွစ္ သံုးဆယ္ေက်ာ္ၾကာၿပီျဖစ္ေသာ လက္ဖက္ရည္ဆိုင္ ပိုင္ရွင္က လက္ဖက္ရည္ေသာက္ရင္း WiFi သံုးေနၾကေသာလူငယ္တစ္စုကို ေမးေငါ့ျပသည္။ စာေရးသူက အဆိုပါဆိုင္ရွင္အား ဆက္သြယ္ေရးမွ WiFi ထုတ္လႊင့္မႈ၊ စကားေျပာစက္အသံုးျပဳမႈ စသည္တို႔အတြက္ ထုတ္ျပန္ထားေသာ Spectrum Law ကို အစ္ကိုႀကီး သိပါသလားဟူ၍အေမးကိုေတာ့ ဘာမွမသိသည့္အမူအရာျဖင့္ ထိုဥပေဒ အေၾကာင္း ျပန္လည္ေမးျမန္းလာသည္။ ဆိုင္မွထုတ္လႊင့္ေသာ WiFi အတြက္ ထုတ္လႊင့္မႈေကာင္းေစရန္ လိုင္း အားေကာင္းေကာင္းအသံုးျပဳထားသကဲ့သို႔ Router ေကာင္းေကာင္းလည္း တပ္ဆင္ ထားသည့္ အတြက္ ေဘးမွဆိုင္ခန္းမ်ားႏွင့္ အိမ္မ်ား၌ေနထိုင္သူူမ်ားက၀င္ေရာက္ သံုးစြဲမႈမ်ားေနသျဖင့္ Password ကို တစ္ပတ္ တစ္ႀကိမ္ေတာ့ ေျပာင္းလဲေပးေၾကာင္း ၎ကဆိုသည္။ ေနျပည္ေတာ္မျဖစ္ခင္ကသံုးစြဲခဲ့ရသည့္ အင္တာနက္အေၾကာင္းေလးကို ညီငယ္ျဖစ္သူေတြနဲ႕စကားစပ္မိ၍ “အင္တာနက္တစ္နာရီသံုးခတစ္ေထာင္! ဟုတ္စ! ဟုတ္ပါ့မလားအစ္ကိုႀကီးရယ္။ အဲ့တုန္းက တစ္ေထာင္ဆိုတာ ေတာ္ေတာ္တန္ တာေလဗ်ာ။ အခုၾကည့္ပါလား အင္တာနက္အတြက္ ဘာမွမေပးရဘူး။ လက္ ဖက္ရည္ႏွစ္ခြက္က ငါးရာ၊ ေဆးလိပ္ဖိုးကႏွစ္ရာ။ ေပါင္းခုနစ္ရာ။ ဒါေတာင္ ႏွစ္နာရီေက်ာ္ သံုးခဲ့တာေနာ္။ ၿပီးေတာ့ အစ္ကိုႀကီးတို႔ေခတ္က Cyber Cafe ဆိုတာ ေကာ္ဖီမွာေသာက္လို႔ အင္တာနက္သံုးရတာ မဟုတ္ဘူး။ ပိုက္ဆံေပးၿပီး အင္တာနက္သံုးရင္ဗိုက္ဆာလို႔မွာေတာ့မွ ရယ္ဒီ မိတ္ေခါက္ ဆြဲျပဳတ္တို႔၊ အေအးတို႔၊ ရယ္ဒီမိတ္ေကာ္ဖီမစ္တို႔ကို ပိုက္ဆံ ထပ္ေပးၿပီး မွာရတယ္ဆိုတာလဲ အစ္ကိုႀကီးေျပာဖူးတယ္” ဟု WIFI ကုန္းဆင္းေလးမ်ားက အံ့ႀသျခင္းႀကီးစြာျဖင့္ အတိတ္ကအင္တာနက္ အသံုးျပဳသည့္ အေျခအေနအေၾကာင္းကို ေျပာဆိုၾကသည္။ အခ်ိန္၏တိုက္စားမႈသည္ နည္းပညာအေပၚ၌ ႀကီးစြာသက္ေရာက္သကဲ့သို႔ နည္းပညာသည္လည္း သံုးစြဲသူမ်ားအေပၚ၌ လမ္းညႊန္ပဲ့ကိုင္ၾကေလသည္ဆိုသည့္ အခ်က္ကို ေခတ္အဆက္ဆက္ကေျပာေသာ အမွန္တရားအျဖစ္ လူငယ္မ်ားကို ေျပာျပခ်င္သည္။ မည္သို႔ပင္ဆိုေစ ယေန႔ Wi-Fi ကို စီးပြားေရးလုပ္ငန္း၏ ဆြဲေဆာင္မႈအျဖစ္ ေပးထားေသာ လက္ဖက္ရည္ဆိုင္မ်ားသည္လည္း ေနာင္တစ္ခ်ိန္၌ တစ္မ်ိဳးတစ္ဖံုေျပာင္းလဲၾကအံုးမည္သာျဖစ္ေပေတာ့သည္။ http://www.internetjournal.media/article/5584 xxxxxxxxxxxxxxxxxx ခေတ်စားလာတဲ့ WiFi ကုန်းဆင်း ==== “ကုန်းဆင်းမယ်ဟေ့” ဟု အနားရှိ အသက် ၂၀ ခန့်ရှိသည့်လူငယ်တစ်ဦးက ဘေးနားထိုင်နေသော သူ၏သူငယ်ချင်းကို လက်တို့ပြောလိုက်သည်။ သူ့သူငယ် ချင်းက ကောင်းသားပဲဟုပြန်ဖြေရင်း သူတို့သွားနေကျလက်ဖက်ရည်ဆိုင်သို့ နှစ်ဦးသားထွက်လာခဲ့ကြသည်။ သူ့လက်ထဲတွင် Samsung အမျိုးအစား Tablet တစ်လုံးပါသွားသကဲ့သို့ ၎င်း၏သူငယ်ချင်း အိတ်ကပ်ထဲတွင်လည်း တန်ဖိုးသင့် စမတ်ဖုန်းတစ်လုံးပါသွားသည်။ ထိုင်နေကျဆိုင်ရောက်တော့ ထိုင်နေကျ ချောင်ကျကျစားပွဲခုံမှာပဲထိုင်နေရင်းမှ လာရောက်မေးမြန်းသောစားပွဲထိုး လူငယ်ကို လက်ဖက်ရည်မမှာသေးဘဲ WiFi Password အရင်မေးလိုက်သည်။ ဟန်းဆက်နှင့် Tablet ရှိ Setting အတွင်း Password ရိုက်ထည့်။ လိုင်းတက်လာတော့မှ လက်ဖက်ရည်တစ်ခွက်စီနှင့် စီး ကရက်တစ်ပွဲ မှာလိုက်သည်။ သူတို့နှစ်ဦး၏ ဘေးစားပွဲဝိုင်းများကို ကြည့်လိုက်မည်ဆိုပါကလည်း Tablet ကိုယ်စီ၊ စမတ်ဖုန်းကိုယ်စီ ပွတ်နေကြသော လူငယ်များကိုတွေ့မြင်ရမည်ဖြစ်သည်။ ထိုအရာကပင်သူတို့ လူငယ်အများစုခေါ်နေကြသည့် WiFi ကုန်းဆင်းဖြစ်သည်။ ဘယ်သူက နာမည်စပေးသွားသည်မသိ။ အသာခိုခြင်း၊ ရေသာခိုခြင်း၊ အချောင် ရယူခြင်းနှင့် တစ်ပါးသူ၏ ပစ္စည်းကို အချောင်ရယူသုံးစွဲခြင်းတို့ကို လူငယ်အများစုက ကုန်းဆင်းဟူ၍ ကင်ပွန်းတပ် ထားသည်။ သူတစ်ပါး၏ WiFi ကို အခမဲ့ ရယူသုံးစွဲမှုကိုလည်း WiFi ကုန်းဆင်းဟု ရီရီမောမော (ရယ်ရယ်မောမော) နာမည်သစ်ပေးထားကြသည်။ သူတို့ကိုင်ဆောင် သော GSM ဆင်းမ် ကတ်ထည့် Tablet, Handset တို့တွင် 3G Network Internet လိုင်းဖွင့်ထားပြီးသော်လည်း DATA အတွက်အကုန်အကျမခံလို၍ လက်ဖက် ရည်ဆိုင်မှ အခမဲ့ လွှင့်ပေးထားသော ၀ိုင်ဖိုင်ကို လက်ဖက်ရည်သောက်ရင်းဖြင့် လာသုံးစွဲတာကို WiFi ကုန်းဆင်းဟု နာမည်ပေးတတ်သည့်လူငယ်များ၏ စကားကလည်း သဘောကျစရာပါ။ နေပြည်တော်ကောင်စီနယ်မြေတွင် ADSL လိုင်းဖြင့် အသုံးပြုခွင့်မရရှိသေးဘဲ Dial-up ဖြင့်သုံးစွဲနေစဉ်အခါက (၂၀၀၀-၂၀၀၁ ၀န်းကျင်) တစ်ဆိုင်တည်းသော Cyber Cafe အဖြစ် ပျဉ်းမနား၊ မြို့မစျေး အပေါ်ထပ်တွင် တစ်နာရီလျှင် တစ်ထောင်ကျပ်ဖြင့်သုံးခဲ့ရသည်။ ထိုစဉ်က အခြေခံ လူတန်းစားတစ်ဦး၏ တစ်နေ့တာ အလုပ်ကြမ်းဝင်ငွေမှာ ၁၂၀၀ ကျပ်ခန့်သာ ရှိနိုင်သည်။ ထိုစဉ်က Facebook ဆိုတာမရှိ G-talk ဆိုတာဝေလာဝေး။ Social Network ဆိုလို့ Group Chat ရသည့် ygnchat တစ်မျိုးသာရရှိနိုင်မည်ဖြစ်သည်။ အီးမေးလ်အနေဖြင့်လည်း Gmail ထက်ဝေလမေးလ်၊ ဂန်ဂျာမေးလ်၊ အီးဂဲလ်မေးလ်တို့သာ ပိုမို အသုံးပြုကြရသည်။ Web Page တစ်မျက်နှာဖွင့်လိုက်ရင် ပွင့်လာစေဖို့၊ ကြည့်ရဖို့စောင့်နေရတာလည်း ခန္တီပါရမီဖြည့်ပြီးသားဖြစ်နေသည်။ ဤအချက်ကြောင့်ပင် မဖတ်သေးမီက တည်းက Web Page ကို လေး/ငါးမျက်နှာလောက်ကြိုတင်ဖွင့်ထားရပါသည်။ တစ်မျက်နှာဖတ်နေစဉ် ကျန်တစ်မျက်နှာက Loading ဖြစ်နေ မည်ဖြစ်သောကြောင့် ဖြစ်သည်။ အချိန်တိုက်စားလာသောကြောင့် ခေတ်ကလည်း အနည်းငယ်ပြောင်းလာသည်။ ၂၀၀၄-၂၀၀၅ ၀န်းကျင်၌ နေပြည်တော်ကောင်စီနယ်မြေအတွင်းဖြစ်သော ပျဉ်းမနားမြို့တွင် ADSL စနစ်ဖြင့် အင်တာနက်လိုင်းတပ်ဆင်အသုံးပြုလာနိုင်ပြီဖြစ်သည်။ အင်တာနက်ကိုယ်ပိုင်အသုံးပြုလိုသူတွေအတွက် သိပ်တော့ မလွယ်လှ သေး။ လိုင်းကြေးကလည်း သိန်း ၂၀ အထက်ရှိနေသည်။ နှစ်စဉ်ကြေး၊ လစဉ်ကြေးပြီးတော့ Desktop ကွန်ပျူတာတစ်လုံးဆင်ဖို့ဆိုတာကလည်း မလွယ်လှ။ ထိုအချက်များ၏ပံ့ပိုးမှုကြောင့်ပင် Cyber Cafe ဆိုင်များ အလုပ်ဖြစ်လာချေပြီ။ တစ်နာရီကိုအသုံးပြုခ ၈၀၀ ကျပ်။ နောက်ပိုင်းတွင် မီးလာချိန် ၅၀၀ ကျပ်/ မီးပျက်ချိန် ၈၀၀ ကျပ်ဟူ၍ဖြစ်လာသည်။ Cyber Cafe များ အလုပ်ဖြစ်သည့်လုပ်ငန်း ဖြစ်လာသောကြောင့် မြန်မာလူမျိုးတို့၏ထုံးစံအတိုင်း ကျန်လူတွေကလည်း ဒီအလုပ်ကို ၀ိုင်းလုပ်ကြသည်။ ဟိုနေရာ ဒီနေရာ Cyber Cafe တွေများလာတော့လည်း တစ်နာရီငါးရာကျပ်မှသည် လေးရာကျပ် အထိဆင်းလာသည်။ “တစ်ချိန်ကတော့ Cyber Cafe ဆိုတာ ဒီဒေသမှာ ရွှေတစ်ခေတ်ဖြစ်သေးတယ်ဗျ။ လုပ်ငန်းရှင်တွေအနေနဲ့ အလုပ်ခွင်သစ် လုပ်တော့မယ်ဆိုရင်တောင် Cyber Cafe ဖွင့်ဖို့အရင်ထည့်စဉ်းစားကြတယ်ဗျ” ဟု ဒေသခံစီးပွားရေးလုပ်ငန်းရှင် တစ်ဦးက Cyber Cafe များ၏ရွှေခေတ်ကို ပြန်ပြောင်းသတိရစွာဖြင့်ပြောဆိုသည်။ မိုဘိုင်းဖုန်းများကို ငါးသိန်းဖြင့်စတင်အသုံးပြုခွင့်ရရှိစဉ်အခါက နေပြည်တော်နယ်မြေတွင် ရန်ကုန်ဖုန်းဟုစျေးကွက် တွင်နာမည်ကြီးခဲ့သော CDMA 800MHz 0973xxxxx ဖုန်းများအား ခြောက်သိန်း ခုနစ်သိန်းအထိပေးဝယ်ကာ အင်တာနက်ချိတ်ဆက်ပြီးအသုံးပြုခဲ့ရသည်။ ADSL လိုင်းတစ်လိုင်းဖြစ်ရန်လည်း မြန်မာငွေ တစ်ဆယ့်ငါးသိန်း၊ သိန်းနှစ်ဆယ်ခန့်ကုန်ကျမှသာဖြစ်နိုင်၍ အိမ်သုံးသုံးဖို့ရာမဖြစ်နိုင်ချေ။ ပိုက်ဆံအနည်းငယ်တတ်နိုင်သူသာ CDMA 800 MHz 09 732 XXXXX ကိုဝယ်ယူပြီးသုံးခဲ့ရသလို ADSL လိုင်းဝယ်ယူရန် မတတ်နိုင်သော ဆိုင်သမားအချို့ကလည်း CDMA 800 MHz အားကိုးဖြင့် ဆိုင်ဖွင့်ခဲ့ပြီး အလုပ်ဖြစ်ခဲ့ကြသည်။ အချို့သောကျေးရွာနီးစပ်နေရာများတွင်လည်း CDMA 800 MHz အားကိုးဖြင့်ဖွင့်ခဲ့ကြသည်။ နောက်ပိုင်းဆင်းမ်ကတ်များ အနေဖြင့်လည်း ကျပ်ငါးသိန်းမှ နှစ်သိန်းဖြင့် ဝယ်ယူရရှိလာပြီဖြစ်သလို Mobile DATA အဖြစ်လည်း အသုံးပြုလို့ရပြီဖြစ်လာသည်။ မိုဘိုင်းဖုန်းပေါ်မှ အင်တာနက်အသုံးပြုလိုလျှင် တစ်သောင်းကျပ်သာ ထပ်မံအပိုဆောင်းရ၍ မိုဘိုင်းမှ DATA များသာ ရယူသုံးစွဲမှုများလာပြီး Cyber Cafe များ နည်းနည်းပါးပါး အသက်ရှူကျပ်ကုန်ကြသည်။ နောက်ပိုင်းတွင်မိုဘိုင်းဖုန်းပေါ်သာ အသုံးပြုမှုများလာ၍ Cybe Cafe များအနေဖြင့် တစ်နေ့ရသောဝင်ငွေဖြင့် ဆိုင် ရပ်တည်နိုင်ရန်ခက်ခဲလာပြီး လုပ်ငန်းများ ပြောင်းလဲလာကုန်ကြသည်။ တချို့ဆိုင်များတွင် ဖွင့်ထားသော်လည်း ဝင်ငွေမှာ အလုပ်သမားစရိတ်ကိုပင် ကာမိခြင်း မရှိသလောက်ဖြစ်လာ၍ တစ်စတစ်စပိတ် သိမ်းလာခဲ့ကြသည်။ “လိုင်စင်ကြေးက လစဉ်ကြေး၊ နှစ်စဉ်ကြေးရှိတယ်ဗျာ၊ နောက်ပြီး ထပ်ဆောင်ရတဲ့ အခြား အခွန်အခတွေရှိတယ်ဗျ။ အလုပ်သမားစရိတ်တို့၊ ကိုယ်ပိုင်အခန်းမ ဟုတ်ရင် ဆိုင်လခတို့ရှိတဲ့အပြင် စက်ပွန်းတီးမှုတို့ စတာတွေအကုန်ထည့်တွက်ရင် ဘယ်လိုမှကိုမကိုက်တော့တာ။ အဓိကက လူအရင်လိုမဝင်တော့တာ ဘဲလေ” ဟု အင်တာနက်ကဖေးဆိုင်ပိုင်ရှင်တစ်ဦးက ဆိုသည်။ မိုဘိုင်းဖုန်းပေါ်မှ DATA များအပေါ်ကောက်ခံသည့်ငွေကြေးပုံစံမှာလည်း တဖြည်းဖြည်းနှင့်ပြောင်းလဲလာသည်။ ယခင်က မိနစ်ဖြင့်သာကောက်ခံသော စနစ်မှသည် သုံးစွဲသော DATA ပမာဏဖြင့် ငွေကြေးကောက်ခံမှုအဖြစ်သို့ ပြောင်းလဲ သွားသည်။ ထို့အတွက်ကြောင့် Facebook သုံးစွဲမှု၊ COC ကစားမှုလို အသေးစားသုံးစွဲမှု အတွက်သာ လူငယ်အများက မိမိဆင်းမ်ပါ DATA ဖြင့်သုံးစွဲကြသော်လည်း သီချင်းများ PDF စာဖိုင်များ၊ Media ဖိုင်များ Download ဆွဲလျှင်မူ ကနဦးအဖွင့် မှာဆိုထားသော လက်ဖက်ရည်ဆိုင်များသို့သွားကာ WiFi ကုန်းဆင်းကြတော့သည်။ ADSL လိုင်းအနေဖြင့်လည်း လွန်ခဲ့သောနှစ်များက ကနဦးလိုင်းတပ်ဆင်ခ မြန်မာငွေသိန်းဆယ်နှင့်ချီကာ ကုန်ကျသဖြင့် ဆိုင်တိုင်းကမတပ်ဆင်နိုင်ဘဲ အထူး သဖြင့် အဆင့်မြင့်စားသောက်ဆိုင်များ၊ အအေးခန်းစားသောက်ဆိုင်များ၊ တန်ဖိုးမြင့်စားသောက်ဆိုင်များတွင်သာ တပ်ဆင်ထားနိုင်သည်။ ယခုဘက်နှစ်ပိုင်း တွင်မူ အင်တာနက်ကနဦးတပ်ဆင်ခမှာ သုံးသိန်းဝန်းကျင်သာရှိပြီး လစဉ်ကြေး အနေဖြင့်လည်း 1MB လိုင်းပင်လျှင် ၃၅,၀၀၀ ကျပ်ဝန်းကျင်သာရှိတော့သဖြင့် လမ်းဘေးရှိ လက်ဖက်ရည်ဆိုင်များ အားလုံးလိုလိုတွင် ADSL စနစ်ဖြင့်ရယူထားပြီး WiFi အခမဲ့သုံးခွင့်ပေးထားနေကြသည်။ “ကျွန်တော် လက်ဖက်ရည်ဆိုင်ဖွင့်စက လက်ဖက်ရည်ဆိုင်တစ်ဆိုင်ဖွင့်ရင် ကက်ဆက်နဲ့ ဆောင်းဘောက်ကောင်းကောင်းရှိမှဖြစ်တဲ့ခေတ်။ နောက်ပိုင်းကျတော့ တစ်မျိုးပြောင်းလာတယ်။ TV နဲ့အောက်စက်ရှိမှလူဝင်တာ။ ထပ်ပြီးတစ်မျိုးပြောင်းလာတယ်။ LED TV ကြီးကြီးနဲ့ စလောင်းရှိမှဗျ။ အခုကျတော့ အဲ့လို မဟုတ်တော့ဘူး။ WiFi လိုင်းကောင်းကောင်းလေး လွှင့်ပေးထားမှ။ အခုပဲဟိုလူငယ် တွေကိုကြည့်ပါလား” ဟုလက်ဖက်ရည်ဆိုင် ဖွင့်သည့်သက်တမ်း အနှစ် သုံးဆယ်ကျော်ကြာပြီဖြစ်သော လက်ဖက်ရည်ဆိုင် ပိုင်ရှင်က လက်ဖက်ရည်သောက်ရင်း WiFi သုံးနေကြသောလူငယ်တစ်စုကို မေးငေါ့ပြသည်။ စာရေးသူက အဆိုပါဆိုင်ရှင်အား ဆက်သွယ်ရေးမှ WiFi ထုတ်လွှင့်မှု၊ စကားပြောစက်အသုံးပြုမှု စသည်တို့အတွက် ထုတ်ပြန်ထားသော Spectrum Law ကို အစ်ကိုကြီး သိပါသလားဟူ၍အမေးကိုတော့ ဘာမှမသိသည့်အမူအရာဖြင့် ထိုဥပဒေအကြောင်း ပြန်လည်မေးမြန်းလာသည်။ ဆိုင်မှထုတ်လွှင့်သော WiFi အတွက် ထုတ်လွှင့်မှုကောင်းစေရန် လိုင်းအားကောင်းကောင်းအသုံးပြုထားသကဲ့သို့ Router ကောင်းကောင်းလည်း တပ်ဆင် ထားသည့်အတွက် ဘေးမှဆိုင်ခန်းများနှင့် အိမ်များ၌နေထိုင်သူူများကဝင်ရောက် သုံးစွဲမှုများနေသဖြင့် Password ကို တစ်ပတ် တစ်ကြိမ်တော့ ပြောင်းလဲပေးကြောင်း ၎င်းကဆိုသည်။ နေပြည်တော်မဖြစ်ခင်ကသုံးစွဲခဲ့ရသည့် အင်တာနက်အကြောင်းလေးကို ညီငယ်ဖြစ်သူတွေနဲ့စကားစပ်မိ၍ “အင်တာနက်တစ်နာရီသုံးခတစ်ထောင်! ဟုတ်စ! ဟုတ်ပါ့မလားအစ်ကိုကြီးရယ်။ အဲ့တုန်းကတစ်ထောင်ဆိုတာ တော်တော်တန် တာလေဗျာ။ အခုကြည့်ပါလား အင်တာနက်အတွက် ဘာမှမပေးရဘူး။ လက် ဖက်ရည်နှစ်ခွက်ကငါးရာ၊ ဆေးလိပ်ဖိုးကနှစ်ရာ။ ပေါင်းခုနစ်ရာ။ ဒါတောင် နှစ်နာရီကျော်သုံးခဲ့တာနော်။ ပြီးတော့ အစ်ကိုကြီးတို့ခေတ်က Cyber Cafe ဆိုတာ ကော်ဖီမှာသောက်လို့ အင်တာနက်သုံးရတာ မဟုတ်ဘူး။ ပိုက်ဆံပေးပြီး အင်တာနက်သုံးရင်ဗိုက်ဆာလို့မှာတော့မှ ရယ်ဒီ မိတ်ခေါက်ဆွဲပြုတ်တို့၊ အအေးတို့၊ ရယ်ဒီမိတ်ကော်ဖီမစ်တို့ကို ပိုက်ဆံထပ်ပေးပြီး မှာရတယ်ဆိုတာလဲ အစ်ကိုကြီးပြောဖူးတယ်” ဟု WIFI ကုန်းဆင်းလေးများက အံ့သြခြင်းကြီးစွာဖြင့် အတိတ်ကအင်တာနက် အသုံးပြုသည့် အခြေအနေအကြောင်းကို ပြောဆိုကြသည်။ အချိန်၏တိုက်စားမှုသည် နည်းပညာအပေါ်၌ ကြီးစွာသက်ရောက်သကဲ့သို့ နည်းပညာသည်လည်း သုံးစွဲသူများအပေါ်၌ လမ်းညွှန်ပဲ့ကိုင်ကြလေသည်ဆိုသည့် အချက်ကို ခေတ်အဆက်ဆက်ကပြောသော အမှန်တရားအဖြစ် လူငယ်များကို ပြောပြချင်သည်။ မည်သို့ပင်ဆိုစေ ယနေ့ Wi-Fi ကို စီးပွားရေးလုပ်ငန်း၏ ဆွဲဆောင်မှုအဖြစ် ပေးထားသော လက်ဖက်ရည်ဆိုင်များသည်လည်း နောင်တစ်ချိန်၌ တစ်မျိုးတစ်ဖုံပြောင်းလဲကြအုံးမည်သာဖြစ်ပေတော့သည်။ http://www.internetjournal.media/article/5584 “ကုန္းဆင္းမယ္ေဟ့” ဟု အနားရွိ အသက္ ၂၀ ခန္႔ရွိသည့္ လူငယ္တစ္ဦးက ေဘးနားထိုင္ေနေသာ သူ၏သူငယ္ခ်င္းကို လက္တို႔ေျပာလိုက္သည္။ သူ႔သူငယ္ ခ်င္းက ေကာင္းသားပဲဟုျပန္ေျဖရင္း သူတို႔သြားေနက် လက္ဖက္ရည္ဆိုင္သို႔ ႏွစ္ဦးသားထြက္လာခဲ့ၾကသည္။ internetjournal.media

No comments: