Thursday, February 25, 2016

"ဗုဒ္ဓဘာသာဝင်များ သတိထားသင့်သည့် မီဒီယာဂျီဟတ်'" *************************************************************

"ဗုဒ္ဓဘာသာဝင်များ သတိထားသင့်သည့် မီဒီယာဂျီဟတ်'"
*************************************************************
ကျန်ခဲ့သည့်ရက်က တရားပွဲတစ်ခုမှာထည့်ပြောဖြစ်တဲ့ စကားရပ်အချို့ပါ။ မီဒီယာဂျီဟတ်ဆိုသည်မှာ ဂျာနယ်၊ အင်တာနက်တို့မှ တစ်ဆင့် ဗုဒ္ဓဘာသာဝင်များနှင့် မ-ဘ-သ သံဃာတော်တို့ကြား ညီညွတ်ရေးကွဲပြားစေရန်၊ မ-ဘ-သ သံဃာတော်တို့အား ဒကာ- ဒကာမများမှ အထင်မှား အမြင်မှား သံသယပွားအောင် မဟုတ်မမှန် လုပ်ကြံဇာတ်ခင်းကာ လှုံ့ဆော်ရေးသားခြင်းဖြစ်ပေသည်။ ဒါကိုပင် မီဒီယာဂျီဟတ်ဟု သုံးနှုန်းခြင်း ဖြစ်ပေသည်။

အနည်းငယ်ချဲ့၍ ပြောပါဦးမည်။ မ-ဘ-သ သံဃာတော်များဟု ဆိုသည့် အမျိုး ဘာသာ သာသနာစောင့်ရှောက်ရေးအဖွဲ့ကြီးပေါ်လာမှ တိမ်မြုပ်ပျောက်ကွယ်လု ဖြစ်နေသော ဓမ္မစကူလ်းကျောင်းတော်များ ပြန်လည် ဦးမော့လာခဲ့ပေသည်။ ဓမ္မစကူလ်းဆိုသည်မှာ သားငယ် သမီးငယ်လေးများ၏ သဏ္ဍာန်ဝယ် ရတနာသုံးပါးတံဆိပ် ခပ်နှိပ်ပေးသည့်နေရာ၊ သားငယ် သမီးငယ်လေးများအား ဘာသာရေးကိုယ်ခံအား တောင်းတင်းကောင်းမွန် လာအောင် ဓမ္မ-တရားဖြင့် ထိန်းကြောင်းပြုပြင်ပေးသည့်နေရာ၊ အရှေ့ဘက်ကိုသာ ခေါင်းထားအိပ်လေ့ရှိသည့် မြန်မာဗုဒ္ဓဘာသာဝင် ကလေးငယ်များအား အနောက်ဘက်သို့ ပြောင်းပြန် အိပ်ရသည့် ဘဝဆိုးများမှ ကင်းလွတ်ရအောင် လှူပ်နှိုးပေးနေသည့်နေရာ၊ ပစ္စုပ္ပန် တမလွန်သော ဘဝများမှာ ကြောက်လန့်ဖွယ်ရာ အပါယ်တံခါးကို ပိတ်စေဖို့ သင်ကြားပေးသည့်နေရာ၊ သူတစ်ပါးအသက်ကို ရက်ရက်စက်စက် သတ်ဖြတ်ခြင်းသည်ကုသိုလ်ဟုဆိုသည့် မှားယွင်းသည့် အယူဝါဒများကို လက်ခံမကျင့်သုံးမိစေရန် ညွှန်ကြားပေးသည့်နေရာပင် ဖြစ်ပေသည်။

ထိုဓမ္မစကူးလ်မပေါ်ပေါက်ခင်က အသဲနာစရာဖြစ်ရပ်တစ်ခုက ဘာသာခြားကလေးနှင့် ဗုဒ္ဓဘာသာကလေး သူ့ဘာသာအကြောင်း ကိုယ့်ဘာသာအကြောင်းပြောကြပါဟု ဆိုပါလျှင် ဗုဒ္ဓဘာသာဝင် ကလေးများမှာ ပါးစပ်အဟောင်းသားဖြင့် ဘာမှ ပြန်မပြောနိုင်သော အသဲနာစရာကောင်းလှသည့် ဖြစ်ရပ်များဖြင့်ကြုံတွေ့ခဲ့ရတာ အားလုံး အသိပင်ဖြစ်ပေသည်။ ယခုဓမ္မစကူလ်းပေါ်ပေါက်လာချိန်မှတော့ ဗုဒ္ဓဘာသာ ကလေးငယ်များ အတိုင်းအတာ တစ်ခုထိ မိမိဘာသာအကြောင်း ပြန်ပြောနိုင်ပေသည်။ ထိုမျှမက ဘာသာခြားတို့၏ အယူဝါဒနှင့်လုပ်ရပ်များကိုလည်း သိရှိကြနေပြီဖြစ်ပေသည်။ ထို့ပြင် ဗုဒ္ဓဘာသာဝင်အများစုများမှာလည်း စီးပွားရေး လူမှုရေး အိမ်ထောင်ရေးတွေမှာလည်း စည်းကမ်းရှိလာကြတာကို မြင်ရ တွေ့ရမည်ဖြစ်ပေသည်။ ထိုကြောင့်ပင်လျှင် ဘာသာခြားများမှာ စီးပွားရေး လူမှုရေး အိမ်ထောင်ရေး၊ နိုင်ငံရေးများမှာ အရင်ကလောက် ထင်သလိုချယ်လှယ်ခွင့်မရရှိကြသဖြင့် မ-ဘ-သ သံဃာတို့အား ထောက်ခံအားပေးကြည်ညိုသူ ဒကာ- ဒကာမများ အထင်လွဲ အကြည်ညိုပျက်ပြားအောင် ဂျာနယ်များအား ငွေပေးကာ အပုတ်ချလုပ်ကြံရေးသားစေခြင်း၊ ဘာသာခြားတို့၏ အထောက်အပံ့ရကြသော ဂျာနယ် စာနယ်ဇင်း မီဒီယာလောကသားတို့ကလည်း မီဒီယာကျင့်ဝတ်၊ မီဒီယာသိက္ခာကို ရိက္ခာဖြင့်လဲကာ ဘာသာခြားတို့အကြိုက် ရေးသားကြခြင်း၊ အင်တာနက်စာမျက်နှာများအပေါ်တွင် မဟုတ်မမှန် လုပ်ကြံဇာတ်များခင်းကာ တီထွင်ရေးသားခြင်းများ ပြုလုပ်လာသည်ကို တွေ့ရသဖြင့် ဗုဒ္ဓဘာသာဝင်များ အနေဖြင့် မီဒီယာဖြင့် ဂျီဟတ်လုပ်သည့် လုပ်ကြံဇာတ်များကို မယုံကြည်မိဖို့ လိုအပ်ကြောင်း ဦးဇင်းအနေဖြင့် အသိပေးအပ်ပါသည်ဟု စသည့်စကားရပ်များကို ထည့်သွင်းဟောကြားခဲ့ခြင်းပါ။

အချုပ်အားဖြင့်ပြောလိုတာက "ခေတ်အဆက်ဆက် သံဃာတော်များဟာ ဒကာ-ဒကာမများအပေါ် ဘယ်တုန်းကမှ သစ္စာမဖောက်ခဲ့ကြောင်း၊ ဘယ်ဒကာ-ဒကာမများကိုမှ အပါယ်နွံမနစ်စေခဲ့ကြောင်း၊ မိစ္ဆာကျွံမဖြစ်စေခဲ့တာ အားလုံးအသိပင်ဖြစ်ကြောင်း အသိပေးခဲ့ခြင်းပါ။"
ဒကာ-ဒကာမများနှင့် အမျိုး ဘာသာ သာသနာအတွက် အကျိုးကျေးဇူးများမည် ဆိုပါက ဘယ်လိုပင်အန္တရာယ်ကြီးစေကာမူ ရှေ့တန်းမှ မားမားမတ်မတ် ရပ်တည်နေကြသူများမှာ ခေတ်အဆက်ဆက်ရဲ့ သမိုင်းကို ပြန်လှန်ကြည့်ပါလျှင် သံဃာတော်များပင် ဖြစ်ကြောင်း ထပ်မံအသိပေးခဲ့ပါတယ်။
မီဒီယာဂျီဟတ်များ အယုံမလွယ်ကြပါစေနဲ့ဟု ဆုတောင်းလိုက်ရပါသည်။
အရှင်ဝိမလဝံသ(နာလန္ဒာတက္ကသိုလ်)

No comments: