Tuesday, February 23, 2016

ဖားကန့် ကျောက်စိမ်းအလွန်ကျွံတူးဖော်မှု NLD အမတ်မှ လွှတ်တော် တွင် မေးခွန်းမေးမြန်းမည် --- --- ---

ဖားကန့် ကျောက်စိမ်းအလွန်ကျွံတူးဖော်မှု NLD အမတ်မှ လွှတ်တော် တွင် မေးခွန်းမေးမြန်းမည်
--- --- ---

ကချင်ပြည်နယ် ဖားကန့်မြို့နယ်အတွင်း ကျောက်စိမ်း အလွန်ကျွံတူးဖော်မှုများလျှော့ချရန်ကိစ္စနှင့် ပတ်သက်၍ ကြယ်ပွင့်ပြမေးခွန်းမေးမြန်းရန် လွှတ်တော်သို့တင်ပြထားကြောင်း ကချင်ပြည်နယ် အမှတ် (၃) မဲဆန္ဒနယ်မှ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးခင်မောင်မြင့်က The Ladies သို့ပြောသည်။

“၀န်ကြီးတွေသွားစစ်ဆေးတဲ့အချိန်မှာလဲ ကျောက်တူးတာလျှော့ဖို့ပါတယ်။အဲ့ဒါကိုသူတို့က ရေမဆေးတွေလျှော့ဖို့ပဲမြင်တယ် မိုးကောင်း တို့ဘာတို့မှာရေမဆေးတွေသွားပစ်ချထားတယ် နောက်တခါမလာနိုင်အောင် ဒါတွေကနည်းစနစ်ကျတဲံဖြေရှင်းနည်းမဟုတ်ဘူးလေ”ဟု ဦးခင်မောင်မြင့် ကပြောသည်။

ဖားကန့်မြို့နယ်အတွင်း မြေစာပုံမကြာခဏပြိုကျခြင်း၊ လူအမြောက်အမြားသေဆုံးခြင်း နှင့် ဥရုချောင်းအတွင်း တံတားများ တည်ဆောက်ထားခြင်း ၊မြေသယ်ယာဉ်များ အများသူငါသွားသည့် လမ်းတွင် ဖြတ်သန်းသွားလာ ခြင်း တို့အပါအ၀င် လတ်တလောဒေသခံများ ရင်ဆိုင်ကြုံတွေ့နေရသည့်အခက်အခဲများနှင့် ပတ်သက်၍ သတ္ထုတွင်းဝန်ကြီးဌာနက မည်သို့စီမံ ဆောင်ရွက်ပေးမည် ကို မေးမြန်းသွား မည်ဖြစ်ကြောင်းသိရသည်။

“နည်းစနစ်ကျတဲ့ဖြေရှင်းနည်းက ကျောက်တွေကို ထုတ်လုပ်မှုလျှော့ချရန် ပေါ့ ထုတ်လုပ်မှုလျှော့ချမှသာလျှင် ဒီဥစ္စာကြီးကရေရှည် နောင်လာနောက်သားတွေ လုပ်ကိုင်စားသောက်နိုင်မယ် အခုဟာ တရုတ်လက်ထဲ ၀ကွက်အပ်ပြီးတော့ လုပ်နေတဲ့ကိစ္စကြီးကတော့ ကိုယ့်တိုင်းသူပြည်သားလဲမစားရ သူများပဲ စားနေတယ်ဆိုတာတော့မဖြစ်သင့်ဘူး”ဟု ဦးခင်မောင်မြင့်ကပြောသည်။

ကျောက်တူးဖော်ရေးလုပ်ငန်းလုပ်ကိုင်ရန်အတွက် ကုမ္မဏီများသို့လိုင်စင် ချပေးထားခဲ့စဉ်က အခြားကုမ္မဏီများသို့ လွှဲပြောင်းခြင်းမပြုရန်၊ စပ်တူ တူးဖော်ခြင်းမပြုရန် တားမြစ်ထားသော်လည်း ကျော်တူးဖော်သည့် အခါ စပ်တူ တူးဖော်မှုများလည်းရှိနေသည်။ သဘာဝပတ်ဝန်းကျင် ပျက်စီးခြင်း၊ ဒေသခံများ ထိခိုက်မှု ရှိလာပါက ကျောက်စိမ်းတူးဖော်သည့် လုပ်ကွက်များကို ရပ်ဆိုင်းရမည်ဟုလည်း ကျောက်စိမ်းတူးဖော်မှုနှင့် ပတ်သက်၍ ဥပဒေ ပြဌာန်းထားသည်များရှိကြောင်း ဦးခင်မောင်မြင့်က ဆက်လက်ပြောဆိုခဲ့သည်။

ဇော်မင်းထွန်း

The Ladies News

No comments: